စတုတ္ထအကြိမ်မြောက် ကျင်းပတဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ နည်းပညာပြပွဲ

czech1 czech2 မြန်မာနိုင်ငံမှာ စတုတ္ထအကြိမ်မြောက်ကျင်းပတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ နည်းပညာ ပြပွဲကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ၊ ၁၄ ရက်ကနေ ၁၇ ရက်အထိ ရန်ကုန်မြို့ရှိ Myanmar Event Park (MEP) မှာ ကျင်းပခဲ့ပါတယ်။ ပြပွဲမှာ အဓိကအနေနဲ့ ပလပ်စတစ်နဲ့ရာဘာလုပ်ငန်း၊ ထုတ်ပိုးမှုလုပ်ငန်း၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းနဲ့ စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းစတဲ့လုပ်ငန်းနယ်ပယ်တွေကို ပိုမိုလျင်မြန်စွာ လုပ် ကိုင်နိုင်စေဖို့ အထောက်အကူဖြစ်စေမယ့် နည်းပညာဆိုင်ရာကုန်ပစ္စည်းတွေကို ဘယ်လ်ဂျီယံ၊ တရုတ်၊ ချက်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က လုပ်ငန်းရှင်ပေါင်း ၂၃၀ လောက်က မုန့်ဖုတ်လုပ်ငန်းသုံးပစ္စည်းတွေ၊ ထိုးသွင်းအပေါက်ဖောက် တံဆိပ်နှိပ်တဲ့ လုပ်ငန်းသုံးပစ္စည်းတွေ၊ ပလပ်စတစ်ပြန်လည်သန့်စင်ပေးတဲ့ပစ္စည်းတွေ၊ စက်ရုံနဲ့လုပ်ငန်းတွေမှာ လူအင်အား မပါဘဲအလိုအလျောက်လုပ်နိုင်တဲ့ စက်ပစ္စည်းတွေ၊ ထုတ်ပိုးမှုလုပ်ငန်းသုံးဆိုင်ရာ စက်ပစ္စည်းတွေအစရှိတဲ့ လုပ်ငန်းသုံးစက်ပစ္စည်းတွေကို ပြခန်းပေါင်း ၃၀၀ နဲ့ လာရောက်ပြသခဲ့ပါတယ်။ ပြပွဲကို ဟောင်ကောင် အခြေစိုက် Yokers Trade & Marketing ကုမ္ပဏီက မြန်မာနိုင်ငံစက်မှုလက်မှုကုန်သည်ကြီးများ အသင်း (UMFCCI) ၊ မြန်မာနိုင်ငံပလပ်စတစ်လုပ်ငန်းရှင်များအသင်း (MPIA) နဲ့ မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေသူများ အသင်း (MPPA) တို့ရဲ့ အကူအညီနဲ့စီစဉ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်ကနေစတင်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံလုပ်ငန်းရှင်တွေဟာ မျက်စိကြလာပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဟာလည်း တစ်နှစ်ပြီးတစ်နှစ်တိုးတက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ နှစ်စဉ်စီးပွားရေး တိုးနှုန်းဟာ ၇.၈ ရာခိုင်နှုန်းရှိနေတယ်လို့ အာဆီယံဖွံ့ဖြိုးမှုဘဏ် (ADB) ရဲ့ စစ်တမ်းတွေအရသိရပါတယ်။ czech3 czech4