
စင်ကာပူနိုင်ငံမှာ လစာတွေကို ၄.၅ ရာခိုင်နှုန်း တိုးပေးမယ်လို့ သိရပါတယ်။ စင်ကာပူအစိုးရဟာ ငွေ ဖောင်းပွမှုကို ထိန်းထားနိုင်ဖို့အတွက် ပြည်တွင်းလှည့်ပတ်ငွေကြေးပမာဏကို ကန့်သတ်ထားတဲ့မူဝါဒကို ဆက်လက်သုံးစွဲနေရတာဖြစ်တယ်။ အိမ်ခြံမြေဈေးတွေ တည်ငြိမ်နေစေရေးကို ဆောင်ရွက်ခဲ့လို့ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်နိုင်ခဲ့တယ်။ ခုလိုလစာတွေတိုးတာဟာ စင်ကာပူတစ်နိုင်ငံတည်းသာမက ဒီနှစ်ထဲမှာ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေမှာလည်း အလားတူ တိုးလာဖို့ရှိတယ်။ ဒီဒေသတွင်း ၁၉ နိုင်ငံအနက် ၁၇ နိုင်ငံမှာ ငွေဖောင်းပွမှုနှုန်း ကျလာတဲ့အတွက် အဲဒီနိုင်ငံတွေက ဒီနှစ်ထဲမှာ လစာ ၇ ရာခိုင်နှုန်းတိုးဖို့ရှိပါတယ်။ Ref : Businesstimes