စင်ကာပူစတော့ဈေးကွက်စာရင်းဝင်ကုမ္ပဏီများ၏ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ ထိပ်ဆုံး ၅ ရာခိုင်နှုန်းစာရင်း၌ Yoma Strategic ပါဝင်

 

စင်ကာပူနိုင်ငံ၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ၇က် - Yoma Strategic Holdings Ltd (Yoma Strategic သို့မဟုတ် ကုမ္ပဏီခွဲများစုပေါင်းပါဝင်သည့် Yoma Strategic ကုမ္ပဏီအုပ်စု) သည် အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု အပိုင်းတွင် မှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၁၄ ခုနှစ် အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ အညွှန်းကိန်း(“GTI™”) တွင်ပါဝင်သည့် စင်ကာပူစတော့ဈေးကွက် စာရင်းဝင်ကုမ္ပဏီ ၆၄၄ ခုတွင် Yoma Strategic ကုမ္ပဏီအုပ်စုသည် ထိပ်ဆုံး ၅ ရာခိုင်နှုန်းစာရင်း၌ပါဝင်ခဲ့ပြီး အဆင့် ၂၆ ချိတ်ခဲ့ကြောင်း သိရပါသည်။ ၂၀၁၃ ခုနှစ်တွင် အဆင့် ၇၄ ချိတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အဆင့် ၁၇၇ ချိတ်ခဲ့ကြောင်း သိရပါသည်။ အဆိုပါတိုးတက်အောင်မြင်မှုနှင့်ပတ်သက်ပြီး Yoma Strategic ၏ CEO ဖြစ်သူ Mr.Andrew Rickards က '' အုပ်ချုပ်မှုနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာအညွှန်းကိန်းမှာ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ အခုလို အဆင့်အများ ကြီးတိုးတက်ခဲ့တာကိုသိရတာဟာ ကြည်နူးအားရဖို့ကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကုမ္ပဏီ အုပ်ချုပ်မှုနဲ့ ပွင့်လင်းမြင်သာမှုပိုင်းဆိုင်ရာမှာ စဉ်ဆက်မပြတ်တိုးတက်မှုရှိဖို့အတွက် ကြိုးပမ်းအား ထုတ်မှုတွေကို အသိအမှတ်ပြုခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီကြီးထွားလာေနချိန်မှာပဲ  GTI အဆင့် သတ်မှတ်ချက်မှာ ကုမ္ပဏီအနေနဲ့ အခုလိုတိုးတက်လာတာဟာ စီမံခန့်ခွဲမှုအဖွဲ့နဲ့ ဝန်ထမ်းတွေ အတွက် ကြီးမားတဲ့ခွန်အားတစ်ရပ်ဖြစ်ပါတယ်။ တာဝန်ယူမှုရှိတဲ့စီပွားရေးလုပ်ထုံးလုပ်နည်းတွေကိုကျင့်သုံး ခြင်းဟာ ကျွန်တော်တို့ကုမ္ပဏီအုပ်စုရဲ့ အဓိကတန်ဖိုးစံနှုန်းတစ်ခုဖြစ်ေနပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအုပ်စုအနေနဲ့ စင်ကာပူစတော့ဈေးကွက်မှာ မှတ်ပုံတင်ထားမှုနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ကြောင့် အမြင့်ဆုံးစံသတ်မှတ်ချက်တွေကို စောင့်ထိန်းလိုက်နာ ဖို့အတွက် ကုမ္ပဏီအုပ်ချုပ်ပုံနဲ့ အခြားကုမ္ပဏီတွင်းမူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ပါတယ်" ဟု ဆိုပါသည်။ Yoma Strategic ရဲ့ Executive Chairman ဖြစ်သူ Mr.Serge Pun ကလည်း" ကုမ္ပဏီအုပ်ချုပ်မှုနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာညွှန်းကိန်းဟာ ကျွန်တော်တို့အတွက် ဦးစားပေးစံနှုန်းသတ်မှတ်ချက်တစ်ခုဖြစ် ပါတယ်။ မြန်မာနိုင်ငံလို ထွန်းသစ်စဈေးကွက်မှာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ေနရတာကိုကြည့်မယ်ဆိုရင် ကုမ္ပဏီအုပ်ချုပ်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တစ်ခုကို စောင့်ထိန်းလိုက်နာတာဟာ ရေရှည် စဉ်ဆက်မပြတ်တိုးတက်ကြီးထွားမှုအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေး လုပ်ထုံးလုပ်နည်းတွေ ပိုမိုတိုးတက်လာဖို့နဲ့ ကုမ္ပဏီတွင်းမူဝါဒတွေ ပိုပြီးပွင့်လင်းမြင်သာမှုရှိလာေစဖို့အတွက် ကြိုးပမ်းလုပ်ကိုင်သွားမှာပါ။ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေဆိုင်ရာ စံသတ်မှတ် ချက်တွေနဲ့ အဲဒါတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မြန်မာနိုင်ငံမှာ လူတွေပိုမိုသိရှိလာဖို့ ကြိုးပမ်းရာမှာ ကျွန်တော်တို့အနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ဆိုပါသည်။