ဂျပန်နိုင်ငံ မီယာဇာကီ အမျိုးသား တက္ကသိုလ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံး ဆာကူရာ-ပိတောက် ရုံးခန်း ဖွင့်ပွဲ

Miyasaki 1

မြန်မာ-ဂျပန် သုတေသနနှင့် နည်းပညာ ပူးပေါင်းဖလှယ်နိုင်ဖို့ အထောက်အကူတစ်ရပ်ဖြစ်စေမယ့် ဂျပန်နိုင်ငံ မီယာဇာကီ အမျိုးသားတက္ကသိုလ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးအဖြစ်နဲ့ ဆာကူရာ-ပိတောက် ရုံးခန်းဖွင့်ပွဲအခမ်းအ နားကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့၊ လှိုင်နယ်မြေရှိ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မီယာဇာကီတက္ကသိုလ်မှ သင်ကြားပေးတဲ့ ဘာသာရပ်တွေ၊ ဘွဲ့ ၊ ဒီဂရီတွေ၊ တက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ပညာတော်သင်ဆုတွေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်တွေမှ မှ ကျောင်းသားကျောင်းသူတွေ၊ ဆရာ၊ဆရာမတွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မီယာဇာကီတက္ကသိုလ်ကို မြန်မာနိုင်ငံမှ Master Degree ရယူလိုသူတိုင်းတက်ရာက်နိုင်မှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ မြန်မာနိုင်ငံမှရော ဂျပန်နိုင်ငံမှပါ ဘွဲ့နှစ်ခု (Double Degree) ကို ရရှိနိုင်မှာဖြစ်တယ်လို့ Department of Advanced Science and Technology ရဲ့ Director General ဦးကျော်စွာစိုးမှ ပြောကြားခဲ့ပါတယ်။ မီယာဇာကီ တက္ကသိုလ်နဲ့ပတ်သက်လို့ ပိုမိုသိရှိလိုတယ်ဆိုရင် ဖုန်း - ၀၉၅၁၂၁၂၀၀၊ ၀၉၅၀၁၄၂၀၉ တို့မှာဆက်သွယ်စုံစမ်းနိုင်ပြီး http://www.cc.miyazaki-u.ac.jp/mdeee03/ikari/IK_main01.htm မှာလည်း အသေးစိတ်အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Miyasaki 5 Miyasaki 3 Miyasaki 6 Miyasaki 2 Miyasaki 4