News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ဂျပန်ထိပ်တန်းသတင်းစာ Asahi Shimbun မိတ်ဆက်အခမ်းအနား
Editorial
May 2, 2014
Local News
News
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ Asahi Shimbun သတင်းစာရဲ့ ရုံးခွဲဖွင့်လှစ်မယ့်အကြောင်း မိတ်ဆက်ညစာစားပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ PARKROYAL ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Asahi Shimbun သတင်းစာရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူ Mr Tadakazu Kimura က နှုတ်ခွန်းဆက်စကားပြောကြားရာမှာ`သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေးနဲ့ စီး ပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတဲ့အပေါ်မှာ ဂျပန်လူမျိုးတွေအပါအဝင် နိုင်ငံတကာက အထူးစိတ်ဝင်စားလျက်ရှိကြောင်း၊ Asahi Shimbun သတင်းစာအနေ နဲ့ မြန်မာနိုင်ငံ ရဲ့ပြုပြင်ပြောင်းလဲမှုအခြေအနေသတင်းတွေကို မှန်ကန်တိကျမြန်ဆန်စွာ ဂျပန်လူထုတွေကို ဝေမျှပေးလျက်ရှိကြောင်း´ ထည့်သွင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းတွေကို သီးသန့်ရယူနိုင်ဖို့အတွက် ဂျပန်လူမျိုးဌာနေကိုယ်စားလှယ်ကို ဧပြီလအတွင်းမှာ ရန်ကုန်ကို စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိဖို့ လျှောက်ထားပြီးဖြစ်ကြောင်း သိရပါတယ်။ Asahi Shimbun သတင်းစားဟာ နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေကို ရေးသားခဲ့တဲ့ သတင်းစာဖြစ်ပါတယ်။ Asahi Shimbun သတင်းစာကို ဂျပန်နိုင်ငံ၊ အိုဆာကမြို့မှာ ၁၈၇၉ ခုနှစ်က စတင်ထုတ်ဝေခဲ့ရာ အခုဆိုရင် ရပ်တည်မှုသက်တမ်း ၁၃၅ နှစ်ရှိပြီဖြစ်တဲ့ သတင်းစာတစ်စောင်ဖြစ်ပါတယ်။ Asahi Shimbun သတင်းစာဟာ အခုအချိန်မှာ Bureau အဆင့် ရုံးခွဲငါးရုံးနဲ့ အခြားရုံးခွဲ ၃၃ ရုံး၊ ကမ္ဘာတစ်ဝန်းမှာ စုစုပေါင်း ရုံးခွဲ ၃၈ ရုံးဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း