HR မထားဘူးဆိုတာ တချို့ကုမ္ပဏီတွေက Family Business လိုမျိုး All in One လုပ်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ လုပ်ငန်းသေးသေးလေးတွေဆိုရင်တော့ HR မလိုအပ်ပါဘူး။ Admin လောက်ပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Organization သိပ်ကြီးလာပြီ၊ ဝန်ထမ်းတွေ များလာတဲ့အခါကျရင်တော့ Size ပေါ်မှာ မူတည်ပြီးတော့ ပြည်တွင်းပဲဖြစ်ဖြစ် နိုင်ငံတကာကုမ္ပဏီပဲဖြစ်ဖြစ် HR ကနေ Business ကို Support ပေးတဲ့ နေရာကနေ Business ကို Business လို့ နားလည်ပြီးတော့ ဝန်ထမ်းတွေကိုဆက်ဆံတဲ့ HR မျိုး လိုချင်တယ်ဆိုရင်တော့ HR ကဏ္ဍက ရှိဖို့လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ကုမ္ပဏီကြီးတစ်ခုကို ရင်းနှီးမြှုပ်နှံသူတွေက လာရောက်ပြီး အဲဒီကုမ္ပဏီရဲ့ Business Plan တွေကို ကြည့်ကြည့်ပြီးတော့ ဘာမှမပြောဘဲ ပြန်ပြန်သွားကြတယ်။ နောက်ဆုံးမှာ ကုမ္ပဏီတစ်ခုက HR ရဲ့ Business Plan ကို တောင်းတယ်။ အဲဒီတော့မှ သူက HR ရဲ့ Business Plan ကို ချပြတော့မှ ချက်ချင်းလက်ငင်း နှစ်ဦးနှစ်ဖက် အကျိုးတူရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးသွားတာမျိုးကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီဝန်ထမ်းတွေနဲ့ အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် ဒီဝန်ထမ်းတွေက စီးပွားရေးကို နားလည်သလား။ HR ကရော ဒီဝန်ထမ်းတွေအပေါ် အထောက်အပံ့ပေးရဲ့လား၊ ဝန်ထမ်းတွေရဲ့ ကုမ္ပဏီအပေါ် ကျေနပ်မှု၊ မကျေနပ်တွေနဲ့ Customer တွေအပေါ် ဝန်ထမ်းတွေ ဘယ်လို Take care လုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတဲ့အတွက် ဒီလိုမျိုးတွေရှိတဲ့အခါမှာ နိုင်ငံခြားကုမ္ပဏီတစ်ခုက Business Plan တောင်းတဲ့အခါမှာ HR ရဲ့ Business Plan ကို ဖတ်ပြီး ချက်ချင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးသွားတာမျိုးကို ကျွန်တော်ကြုံခဲ့ရဖူးပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေရှိနေသမျှ ကာလပတ်လုံး ဝန်ထမ်းရေးရာဌာနရဲ့ အရေးပါမှုက တကယ်လုပ်ချင်ရင် တကယ်လုပ်ရင် ချက်ချင်းလက်ငင်း အကျိုးရှိစေမှာဖြစ်ပါတယ်။
ကုမ္ပဏီမှာ HR ဌာနမထားဘူးဆိုရင် ဆိုးကျိုးတွေအနေနဲ့ ဝန်ထမ်းတွေရဲ့ Performance ကို သိနိုင်မှာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို Monitor မလုပ်ဘဲနဲ့ လျစ်လျူရှုမယ်ဆိုရင် ဒီဝန်ထမ်းတွေဟာ ယေဘုယျပြောရရင်တော့ ဒီကုမ္ပဏီမှာ ဆက်နေဖို့ အခွင့်အလမ်း တော်တော်နည်းသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ဆီမှာရှိတဲ့ ဝန်ထမ်းကောင်းတွေက သူတို့အရည်အချင်းကို အသိအမှတ်ပြုမခံရဘူးဆိုရင် နေဖို့ထက် သွားဖို့ကများနေမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ်က ဝန်ထမ်းအသစ်တွေ ပြန်ခန့်ရမှာ ဖြစ်ပါတယ်။ ကိုယ်က ခန့်လေလေ၊ သူတို့က သွားလေလေနဲ့ ဂျာအေး သူ့အမေရိုက်ဇာတ်လမ်း ဖြစ်လာနိုင်ပါတယ်။ အကျိုးအပြစ်တွေကတော့ အများကြီးရှိပါတယ်။ ဝန်ထမ်းရေးရာရဲ့ အရေးပါမှုက သူ့ရဲ့ Value ကို နားလည်တဲ့ပေါ်မှာ မူတည်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
ဦးမျိုးသန်း - Director of Talent Development – Ooredoo Myanmar