ကုမ္ပဏီတစ်ခုမှာ တခြားရာထူးတစ်ခုကနေ HR Department ကို ပြောင်းမယ်ဆိုရင် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်ပါလဲ . . .

အဓိကအနေနဲ့တော့ သူက HR ဆိုတာ ဘာကိုခေါ်တယ်ဆိုတာကို ထဲထဲဝင်ဝင်သိထားသင့်ပါတယ်။ အရင်တုန်းက HR ဆိုတာ Operation သီးသန့်ကိုင်ရတယ်ဆိုပေမဲ့ အခုခေတ်မှာတော့ HR ဟာ Talent Management ၊ Talent Development ၊ Internal Communication တွေနဲ့ Recrument အပိုင်းတွေကိုပါ တာဝန်ယူလာရပါတယ်။ ဒီ Function လေးခုပေါ်မှာ မူတည်ပြီးတော့မှ ဘယ်ထဲဝင်ချင်တယ်ဆိုတာကို ကြည့်ရပါတယ်။ သူဝင်ချင်တဲ့ဌာနပေါ်မှာ မူတည်ပြီးတော့ သူ့ရဲ့ Profile နဲ့ ကိုက်ရဲ့လား၊ သူ့ရဲ့ Competency နဲ့ ကိုက်ရဲ့လား၊ သူသွားနေတဲ့ Career Plan ကဘာလဲ၊ သူက HR Professional ဖြစ်ချင်တာလား၊ ဖြစ်ချင်ဆိုရင်တော့ ခုနကပြောတဲ့ ဌာနကြီးလေးခုလုံးထဲကို သူကထဲထဲဝင်ဝင် ဝင်ကိုဝင်ရမယ်။ HR  Head တစ်ယောက်ဖြစ်ဖို့ဆိုရင် ဒီဌာနလေးခုလုံးကို ထဲထဲဝင်ဝင် နားလည်ဖို့ လိုအပ်ပါတယ်။ ဒီဌာနလေးခုလုံးကို Interm အနေနဲ့ သွားရင် သွားရမယ်။ ချက်ချင်းတန်းဝင်ဖို့တော့ လွယ်မှာ မဟုတ်ပါဘူး။ ဒီအပေါ်မှာ မူတည်စဉ်းစားပြီးတော့ HR ကို Transfer လုပ်ကြပါတယ်။

ဦးမျိုးသန်း - Director of Talent Development - Ooredoo Myanmar