ကုန်သွယ်ရေးဆိုင်ရာနဲ့ ရင်နှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် Bahrain နိုင်ငံမှာ ကြီးပွားရေးလုပ်ရတာ ပိုကောင်းလာ

51540152_1994160330639035_4964420416748650496_nဘာရိန်း(Bahrain) နိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လိုက်တဲ့အတွက် စီးပွားရေးလုပ်ကိုင်ရတာတွေ ပိုကောင်းလာပါတယ်။ ယင်းများမကြာမီက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းများအရ သိရတယ်။ အဲဒီနိုင်ငံမှာ စီးပွားရေးလုပ် ကိုင်ရေးလွယ်ကူအဆင်ပြေစေမယ့် စည်းကမ်းဥပဒေအသစ်များကို အ တည်ပြုပြဋ္ဌာန်းလိုက်ပြီ ဖြစ်တယ်။

ဘာရိန်းနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကို စီးပွားလုပ်ရတာ လွယ်ကူအဆင်ပြေမှုအရတန်း စီရာမှာ အမှတ်စဉ် ၆၂ ရှိတယ်။ ဒါ ဟာ ပြီးခဲ့တဲ့နှစ်ကထက် နှစ်နေရာတက်လာခြင်းဖြစ်တယ်။ ၂၀၁၄ ခုနှစ်ကစကြည့်ရင် အကောင်းဆုံး အနေအထားဖြစ်တယ်။ အခွန်ငွေပေးသွင်းရာမှာ 
အဆင်ပြေတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အဆင့်ငါးနေရာမှာရှိတယ်။ အဆောက်အအုံမြေနေရာစတဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင်မှတ်ပုံတင်ရာမှာလည်း လွယ်ကူတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏနည်းနည်းသာပါဝင်ထားသူတွေရဲ့ ရပိုင်ခွင့်အရေးတွေနဲ့ပတ်သက်လို့လည်း အ ဆင်ပြေနေတယ်။ ရင်းနှီးမြှုပ်နှံကြသူတွေဟာ ၂၀၁၉ ခုနှစ်ထဲမှာ အဲဒီအချက်တွေကို စောင့်ကြည့်သွားကြမှာ ဖြစ်တယ်။ ဘာရိန်းနိုင်ငံကလည်း အဲဒီနှစ်ထဲမှာပဲ နိုင်ငံရဲ့ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေအပေါ် တန်ဖိုးထပ်တိုးအခွန်များကို ၅ ရာခိုင်နှုန်း စတင်ကောက်ခံသွားမှာဖြစ်တယ်။ 
နိုင်ငံတွင်းမှာ စီးပွားရေးလုပ်ကိုင်ရလွယ်ကူလာတဲ့အတွက် ဘာရိန်းနိုင်ငံအတွင်း ၂၀၁၈ ခုနှစ်ရဲ့ ပထမကိုးလအတွင်း ပြည်ပရင်းနှီး မြှုပ်နံှမှုဟာ ဒေါ်လာသန်း ၈၁၀ ရှိလာခဲ့တယ်။ ဒါဟာ ၂၀၁၇ ခုနှစ်ကုန် ပမာဏထက် ဒေါ်လာ ၇၇ သန်းတိုး လာတာဖြစ်တယ်။