လုပ်ငန်းခွင်ထဲမှာ ကိုယ်သဘောမကျတဲ့သူ တစ်ယောက်နဲ့ အလုပ်အတူတွဲလုပ်ရမယ်ဆိုရင် ဘာတွေပြင်ဆင်ထားသင့်ပါ သလဲ။
ပထမဦးဆုံးအသိပေးလိုတာက အမှန်နဲ့ အနီးစပ်ဆုံး (အနီးစပ်ဆုံးလို့ ပြောထား တယ်နော်) အဖြေရဖို့ဆိုတာက တစ်နည်း ပြောရရင် မေးတဲ့မေးခွန်းကိုDirectly It ဖြစ်ဖို့ဆိုတာက မေးခွန်းက ပြည့်စုံဖို့လိုပါ မယ်လို့ “နောင်” မေးခွန်းရှင်တွေကို ကြို တင်အသိပေးပါရစေ။ အခုမေးခွန်းမှာလည်း “ကိုယ်သ ဘောမကျတဲ့သူ” ဆိုတာ ဘာကိုသဘောမ ကျတာလဲ၊ ရုပ်လား၊ အကျင့်လား၊ အလုပ်လား၊ ဒါမှမဟုတ် ရာထူးလုဘက် လား၊ ချစ်သူလုဘက်လား၊ ရပိုင်ခွင့်လုဘက်လား စသဖြင့် “လား” ပေါင်းများစွာ မေးရပါတော့မယ်။ အကြောင်းကတော့ ကိုယ်သဘောမကျတဲ့ Root Cause ကိုသိမှ ကိုယ့်ဘက်က ပြင်တန်ပြင်၊ လိုက် လျောတန်လိုက်လျော၊ သူ့ဘက်ကလည်း ဒီလိုပေါ့။ လုပ်ရ တော့မယ်လေ။ ဒီနေ့ခေတ်စားနေတဲ့ “မတူတာတွေ ခဏထား၊ တူတာတွေပဲ ပေါင်းစပ်ကြမယ်” ဆိုတဲ့စကားလိုပေါ့။ ဘာပဲဖြစ်ဖြစ်လေ ကိုယ်သဘောမကျတဲ့သူတစ် ယောက်နဲ့ အလုပ်အတူတွဲလုပ်ရမယ်ဆိုရင် အောက်ပါ အတိုင်း ပြင်ဆင်ပါလို့ပဲ အကြံပေးပါရစေ။ ဖတ်ရမှတ်ရ သိရလွယ်အောင် အမှတ်စဉ်နဲ့ ဖြေပါ့မယ်။ In order of merit မဟုတ်ဘူးနော်။ ၁။ ကိုယ် သူ့အပေါ် သဘောမကျတဲ့အချက်လေးကို မေ့နိုင် သမျှ မေ့ထားလိုက်စမ်းပါ။ (ဆရာဆိုလိုတာက အတင်း မေ့ခိုင်းတာမဟုတ်ဘူးနော်) ၂။ ငါတို့ကုမ္ပဏီအောင်မြင်မှုရဖို့ သူနဲ့ငါ ဃသူူဘေသမအေငသည ဆိုတဲ့ ပူးတွဲလုပ်ဆောင်မှရမယ် ဆိုတာကို စိတ်ထဲစွဲ ထားပါ။ ၃။ ငါတို့အလုပ် အရှုံးမထွက်အောင် ငါ့အနေနဲ့ သူ့ကို သဘောမကျပေမဲ့ Accommodation ဆိုတဲ့ လိုက် လျောမှုလေးကိုတော့ ငါပေးလိုက်မယ်လေ ဆိုတာကို သတိရလိုက်ပါ။ ၄။ ဒီအလုပ်ပြီးမြောက်ဖို့က ငါတို့နှစ်ဦးအပေါ် မူတည်နေတော့ ငါတို့ မတူညီတာလေးတွေကို ငါကစပြီး ဃသာစမသာငျငညါ ဆိုတဲ့ စေ့စပ်ပြေငြိမ်းမှုလေး လုပ်လိုက်မယ်လေဆိုပြီး “စ” လုပ်လိုက်ပါ။ ၅။ ဒီနေ့ ပြောပြောနေကြတဲ့ “အလျှော့ပေးတာ၊ အရှုံးပေးတာ မဟုတ်ဘူး” ဆိုတာလေးကိုလည်း ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်စမ်းပါ။ (ငါ အရှုံးပေးတာ မဟုတ်ဘူး ... အလျှော့ပေးတာ...) မေးခွန်းရှင်ရေ လောကမှာ ကိုယ်သဘောမကျတဲ့ သူနဲ့ အလုပ်အတူတွဲလုပ်ရတာက တော်သေးတယ်မှတ်။ ကိုယ်သဘောကျတဲ့သူနဲ့ အလုပ်အတူတွဲမလုပ်ရတာက ပို ဆိုးတယ်။ ၤနနူငညါ ပါလာပြီဆိုတော့ ပိုဆွေးရတယ် ပေါ့။ ကဲ “မချစ်ပေမဲ့ အောင့်ကာနမ်း၊ မနမ်းချင်ပေမဲ့ ပင့်သက်ရှူ၊ (ဆရာထပ်ထည့်ထားတာက) မရှူချင်ပေမဲ့ တံထွေးကို မသိမသာမျိုချလိုက်” ပြီး ပြင်ဆင်ပါလို့ပဲ ဖြေပါ ရစေ။ အကြံပေးပါရစေ။ အဲ... ဒါတွေ လုပ်လို့မှ မရတော့ဘူးဆိုရင်တော့ နောက်ဆုံးထွက်ပေါက်ကတော့ သက်ဆိုင်ရာကို အကျိုး အကြောင်းတင်ပြပြီး တွဲမလုပ်ရအောင်ပြော။ တကယ်လို့ မရခဲ့ရင်တော့ ဒီအလုပ်ကို ကျောခိုင်းခဲ့ပါလို့ပဲ အားမနာ တမ်း ဆိုပါရစေ။ (အရည်အချင်းရှိသူတွေအတွက် အလုပ် မရှားဘူးဟေ့။) စာကြွင်း ။ ။ အဆင်ချောပါစေ မေးခွန်းရှင်ရေ။ ကိုယ်သဘောမကျတဲ့သူနဲ့ အတူတွဲလုပ်ရတဲ့အခါ compromise လုပ်တတ်ဖို့လိုပါတယ်။ရဲမြင့်-စွန့်ဦးတီထွင်