News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ကမ္ဘာ့ဈေးကွက်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ဆောင်ချက်များခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ
Editorial
August 4, 2014
Local News
News
ဈေးကွက်ငွေလုံးငွေးရင်းတန်ဖိုးအရ အရှေ့တောင်အာရှမှာ တတိယအကြီးဆုံးဘဏ်ဖြစ်တဲ့ Maybank ကဦးစီးပြီး `ကမ္ဘာ့ဈေးကွက်များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာလုပ်ဆောင်ချက်များ´ (Global Markets & Transaction Banking) ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်က ရန်ကုန်မြို့ရှိ၊ Sule Shangri-La Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ ငွေကြေးဆိုင်ရာမူဝါဒ၊ ငွေပေါ်လွယ်မှုစီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှုဆိုင်ရာဘဏ္ဍာရေး၊ ငွေသားစီမံခန့်ခွဲခြင်း စတဲ့ ကုန်သွယ်မှုပုံစံတွေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေအကြောင်းကို Maybank က ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်တွေက ဦးဆောင်ဆွေးနွေခဲ့ကြပါတယ်။ Maybank ၊ Transactions Banking ရဲ့ Global Head ဖြစ်သူ Mr John Wong က` ဒီဆွေးနွေးပွဲဟာ အသိပညာဗဟုတဖလှယ်မှု သာမကဘဲ ပြည်တွင်းဘဏ်လုပ်ငန်းအသိုင်းအဝိုင်းနဲ့ အိုင်ဒီယာတွေဖလှယ်နိုင်ပြီး ဘဏ္ဍာရေးဝန်ဆောင်မှုနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့အနေနဲ့ ဘာတွေ ပံ့ပိုးကူညီပေးနိုင်မလဲဆိုတာကိုလည်း သိရှိနိုင်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တယ်´ လို့ အဖွင့်နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ Maybank အနေနဲ့ မြန်မာနိုင်ငံအတွက် International Internship Program ကို စီစဉ်ပေးသွားဖို့ရှိတယ်လို့ လည်း Mr Wong ပြောကြားခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ဘဏ်လုပ်ငန်းနယ်ပယ်မှာ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေချင်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်က ထူးချွန်ကျောင်းသားတွေကို နိုင်ငံခြားအလုပ်သင်အခွင့်အလမ်းတွေဖန်တီးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်စားလှယ်ရုံးခန်းလာရောက်ဖွင့်လှစ်ခဲ့ကြတဲ့ နိုင်ငံခြားဘဏ်တွေထဲမှာ Maybank ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ၁၉၉၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကြားခံဆက်သွယ်ပေးတဲ့ လုပ်ငန်းတွေနဲ့ အကြံပေးဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Maybank Group ဟာ အာဆီယံနိုင်ငံ ဆယ်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း နှစ်ဆယ်မှာ ရုံးခွဲပေါင်း ၂၄၀၀ ဖွင့်လှစ်ထားပြီး ဝန်ထမ်းအင်အား ၄၇,၀၀၀ ကျော်နဲ့ Customer ၂၂ သန်းကျော်ကို ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်လုပ်ငန်းအုပ်စုဖြစ်တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း