ကမ္ဘာ့အကြီးဆုံးပင်လယ်ရေကြောင်းလေ့ကျင့်ခန်းများ စတင်ပြုလုပ်

နိုင်ငံပေါင်း ၂၂ နိုင်ငံက စစ်သင်္ဘော တွေပါဝင်တဲ့ ရေတပ်လေ့ကျင့်ခန်းတွေ ကို မကြာမီက Hawaii ကျွန်းနားမှာ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ရေ တပ်က နှစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ အဲဒီလေ့ကျင့်ခန်းမှာ တရုတ်ပြည်ဟာ သူ့သင်္ဘောတွေ ပါဝင်ဖို့ ပထမဦးဆုံး အကြိမ်အဖြစ် စေလွှတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ ပါဝင်ဖို့ မူလတုန်း က အစီအစဉ်ရှိခဲ့ပေမဲ့ ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်သွားလို့ မပါဝင်နိုင်ဘူး။ အမေရိကန်အစိုးရဟာ ဒီလိုစစ်အာဏာသိမ်းမှုကို အကြောင်း ပြုပြီး ထိုင်းနိုင်ငံအတွက် အကူအညီ အမျိုးမျိုးနဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကို ရပ်ဆိုင်းထားပါတယ်။ အခုပြုလုပ်တဲ့လေ့ကျင့်ခန်း တွေထဲမှာ ဘေးဥပဒ်အသက်အန္တရာယ် ကယ်ဆယ်ရေး၊ ပင်လယ်ဓားပြတွေကို တိုက်ခိုက်ရေး၊ မိုင်းရှင်းလင်းရေး၊ ကမ်းခြေတက်လေ့ကျင့်ခန်း၊ ရေငုပ် သင်္ဘောတွေရှာဖွေရေးနဲ့ လိုအပ်ရင် ပင်လယ်ထဲမှာ သွားနေတဲ့ သင်္ဘောတွေကို လမ်းကကြားဖြတ်ရပ်တန့် စစ်ဆေးတဲ့ လေ့ကျင့်ခန်း စတဲ့ လေ့ကျင့် ခန်းတွေ ပါဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲကို ဘရူနိုင်းနိုင်ငံက ပထမဦးဆုံး ပါဝင်လာပါတယ်။ ဒီလိုလေ့ ကျင့်ခန်းတွေကို ၁၉၇၁ ခုနှစ်က စတင်လုပ်ခဲ့တာဖြစ်ပါတယ်။

Ref: AP