ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့အား ဂုဏ်ပြုအခမ်းအနား

Rohoto 1 အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျရောက်တဲ့ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို Rohto- Menthotalum (Myanmar) Co., Ltd က Myanmar Cultural Valley (ပြည်သူ့ရင်ပြင်) မှာအောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကိုုုယ့်ရဲ့ တန်ဖိုးကြီးမားတဲ့ မျက်ဝန်းတစ်စုံကို အလေးထားဂရုစိုက်စေရန် လှုံဆော်ချင်တဲ့ ဆန္ဒနဲ့ ပြုလုပ်တဲ့ အဲဒီအခမ်းအနားမှာ Rohto ရဲ့ CEO ဒေါ်စန္ဒာရွှေက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မျက်စိအထူးကု ဒေါက်တာ ဒေါ်နုနုယဉ်က မိမိတို့ရဲ့ မျက်ဝန်းတစ်စုံကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ ကာကွယ်ခြင်းက ကုသခြင်းထက်ပို ကောင်းမွန်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မြတ်သူကျော်၊ ဇေယျနဲ့ သွန်းဆက်တို့ တက်ရောက်ခဲ့ပြီး မျက်လုံးကို ဂရုစိုက်ဖို့ နည်းလမ်းတွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ အခမ်းအနားကို လာရောက်တဲ့ သူတွေကို  မျက်စိအခမဲ့ စမ်းသပ်မှုများပြုလုပ်ပေးခဲ့ပါတယ်။ ဒီပွဲကို အောက်တိုဘာ ၂၅ ရက်မှာ ကမ္ဘာအေး ဂမုန်းပွင့်မှာ ထပ်မံကျင်းပမှာ ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်တွင် ပြည်သူ့ရင်ပြင် (ရေလွှာမိချောင်းအနီး) မှာ နေ့လည် ၁၁ နာရီမှ ၂ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။ Rohoto 2 Rohoto 4 Rohoto 5