ကမ္ဘာတစ်ဝန်း Infrastructure ဖွံ့ဖြိုးတိုးတက်မှုတွင် အရှေ့တောင်အာရှ ထိပ်တန်းရောက်နေ

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံ လိုအပ်ချက် Infrastructure က အရေးပါကြောင်း သတိပြုလာမိကြသည့်အတွက် အရှေ့တောင်အာရှနိုင်ငံများသည် Infrastructure တည်ဆောက်မှုလုပ်ငန်းများ တစ်ဟုန်ထိုးတိုးတက်လာကြောင်း PwC အစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံပေါင်း ၄၉ နိုင်ငံတွင် ကောက်ယူခဲ့သော စစ်တမ်းများအရ ၂၀၂၅ ခုနှစ်အရောက်တွင် အာရှဈေးကွက်သည် ကမ္ဘာ့ Infrasturcture Market ၏ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတော့မည်ဟု သိရသည်။