ကင်ဆာဝေဒနာသည်များကို အားပေးစောင့်လျောက်ခြင်း မေး-ဖြေ ၁၀၀

ဒေါက်တာမာမာဆွေ

ဤစာအုပ်တွင် ကင်ဆာဝေဒနာသည်များကို အားပေးစောင့်ရှောက်မှုဆိုင်ရာ မေးခွန်းနှင့်အဖြေ များ စုစုပေါင်းတစ်ရာ ပါဝင်ပါသည်။ ပညာရပ်ဆိုင်ရာ ရောဂါနှင့်ပတ်သက်သည့်အကြောင်းအရာများမဟုတ်ဘဲ ဝေဒနာသည်ကို ပြုစုစောင့် ရှောက်သူများအနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများကို ဖော်ပြထားခြင်း ဖြစ်သည်။ အပိုင်း (၁) ကင်ဆာရောဂါဆိုင်ရာအခြေခံအချက်များ၊ အပိုင်း (၂) ကင်ဆာရောဂါကုသရေးနှင့် လူနာပြုစုစောင့်ရှောက်ရေး အတွက်စီမံခန့်ခွဲရေး၊ အပိုင်း (၃) ကင်ဆာရောဂါခံစားနေရတဲ့ သင့်ချစ်သူခံနိုင်ရည်စွမ်းအား တိုးတက်အောင်ကူညီ ပေးဖို့အရေး၊ အပိုင်း (၄) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ၊ အပိုင်း (၅) ဆွေမျိုးအသိုင်းအဝိုင်းများနှင့်မိသားစုဝင်များကဏ္ဍ၊  အပိုင်း (၆) နေအိမ်တွင် လူနာပြုစုစောင့်ရှောက်ခြင်း၊ ကျန်းမာရေးဆိုင်ရာပစ္စည်း ကိရိယာများလိုအပ်ခြင်းနှင့် အခြား လက်တွေ့လိုအပ်ချက်များ၊ အပိုင်း (၇) ကျန်းမာရေးအာမခံဆိုင်ရာကိစ္စများ၊ အပိုင်း(၈) အလုပ်အကိုင်ဆိုင်ရာ ဆက်စပ်မှုများ၊ အပိုင်း (၉)  လူနာရဲ့နောက်ဆုံး အချိန်နဲ့ စိတ်ဖိစီးမှုခံစားချက်များဟူ၍ အပိုင်းကိုးပိုင်း ပါဝင်သည်။ အပိုင်းတစ်ပိုင်းစီတွင် သက်ဆိုင်ရာမေးခွန်းနှင့်အဖြေများကို ရှင်းလင်းပြည့်စုံစွာ ဖော်ပြထားခြင်းက ဖတ်သူတိုင်း အ တွက် လက်တွေ့နည်းလမ်းပေးအကြံဉာဏ်ကောင်းများအဖြစ် အသုံးတည့်စေပါလိမ့်မည်။ ဖြိုးဝေကို၏ မျက်နှာဖုံးဒီဇိုင်းဖြင့် တူဒေးစာအုပ်တိုက်က ပထမအကြိမ် ထုတ်ဝေသည်။ တန်ဖိုး ၂,၀၀၀ ကျပ်။