နိုင်ငံရဲ့ ငွေကြေးစနစ်သင်္ကေတအသစ် ကို ပြည်သူတွေရဲ့ မဲဆန္ဒသဘော တူညီချက်နဲ့ ရုရှားဗဟိုဘဏ်က အတည်ပြုသတ်မှတ်လိုက်ပါတယ်။Cyrillic အက္ခရာ 'P' မှာ ပြင်ညီကန့် လန့်ဖြတ်မျဉ်းတစ်ခုပါတဲ့ ရုရှားရူ ဘယ်လ်ငွေကြေးစနစ်ရဲ့သင်္ကေတ အသစ်ကို ပြည်သူ ၆၁ ရာခိုင်နှုန်းကမဲပေးခဲ့ကြတာဖြစ်တယ်လို့ ရုရှားဗဟို ဘဏ်ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထား ပါတယ်။ အဲဒီသင်္ကေတစာလုံးကို 'R' လို့ အသံထွက်ပါတယ်။ အဲဒီသင်္ကေတ အသစ်ဟာ ရူဘယ်လ်ငွေကြေးတည် ငြိမ်မှုအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ် ထားတာဖြစ်ကြောင်း ရုရှားဗဟိုဘဏ် အကြီးအကဲ Elvira Nabiullina က ဆိုပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ခေတ်အလွန် စီးပွားရေးကျဆင်းမှု ကာလကြားမှာ ရူဘယ်လ်တန်ဖိုး ထိုး ဆင်းသွားခဲ့ပြီး မကြာသေးမီနှစ်တွေမှာ တော့ ရေနံရောင်းရာကရတဲ့ ဒေါ်လာ တန်ဖိုးတက်လာတဲ့အတွက် ရူဘယ်လ် တန်ဖိုး တည်ငြိမ်လာခဲ့ပါတယ်။ ေ၀ ဖန်သူတချို့က အဲဒီသင်္ကေတကို လက်တင်အက္ခရာနဲ့ ရောထွေးသွားနိုင် တယ်လို့ သတိပေးခဲ့ပါတယ်။ Ref : AP