မြန်မာ-အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ

Business Matching 6

မြန်မာ-အင်ဒိုနီးရှား ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာ-အင်ဒို စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၊ ၁၈ ရက်က ရန်ကုန်မြို့ရှိ၊ UMFCCI တွင် ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ UMFCCI ဒုတိယ ဥက္ကဌ ဦးဇော်မင်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အင်ဒိုနီးရှား သံအမတ် Dr Ito Sumardi က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အင်ဒိုနီးရှား ကုမ္ပဏီများက မိမိရဲ့ ကုမ္ပဏီနဲ့ ပက်သတ်ပြီး ထုတ်ကုန်တွေ၊ လာပြရတဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ကြပြီး သက်ဆိုင်ရာ အင်ဒိုနီးရှားလုပ်ငန်းရှင်တွေနဲ့ မြန်မာလုပ်ငန်းရှင်တွေ တစ်ဦးချင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပွဲမှာ သတ္ထုတူးဖော်ရေး ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဓာတ်မြေသြဇာ၊ ချည်မျှင်နှင့် အထည်လုပ်ငန်း အစရှိသည့် အင်ဒိုနီးရှား ကုမ္ပဏီ ၁၅ ခုမှ လာရောက်ပြသခဲ့ကြပြီး စိတ်ဝင်စားသူပေါင်း ၁၀၀ ခန့် တတ်ရောက်ခဲ့ကြပါတယ်။ Business Matching Business Matching 7 Business Matching 5 Business Matching 4 Business Matching 1 Business Matching 3