မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ပူးပေါင်းပါဝင်မယ်ဆိုတဲ့ SCG

article landscape wartermark final2 အာဆီယံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ SCG ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက်  စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်သွားမယ့်အကြောင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ဆရာစံလမ်းမှာရှိတဲ့ Acacia Tea Salon  မှာကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာတော့ SCG ရဲ့ CEO ဖြစ်တဲ့ Mr Kan Trakulhoon ကလည်း လာမယ့်လေးငါးနှစ်ကာလမှာ SCG အနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက်ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မော်လမြိုင်မြို့တွင် ဘက်စုံဘိလပ်မြေစက်ရုံကိုတည်ဆောက်နေပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ သိရပါတယ်။ SCG ကနေ မြန်မာနိုင်ငံအတွင်းကို ဖြန့်ချိပေးနေတာတွေကတော့ SCGဘိလပ်မြေ၊SCG တံဆိပ် ဆောက်လုပ်ရေးသုံးပစ္စည်းတွေ၊  COTTO တံဆိပ် မျက်နှာပြင်ကြမ်းခင်း ကြွေပြားတွေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ ဖြစ်တယ်လို့သိရပါတယ်။ article landscape wartermark final10 article landscape wartermark final5