News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာဂီတပွဲတော် စာနယ်ဇင်းရှင်းလင်းပွဲ
Editorial
June 18, 2014
Local News
News
ပထမဆုံးအကြိမ်ကျင်းပမယ့် မြန်မာဂီတပွဲတော်ရဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ရန်ကုန်မြို့ရှိ Monument Books Store မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဂီတပွဲတော်ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်ကနေ ၂၂ ရက်အထိ အမေရိကန်သံရုံး၊ ဆွစ်ဇာလန်သံရုံး၊ Legacy Music School ၊ Monument Book Store ၊ Myanmar Insittute of Technology (MIT)၊ အမှတ် (၃၇) အခြေခံပညာမူလတန်းကျောင်း၊ လှိုင်သာ ယာ အမေ့ဂီတသင်တန်းကျောင်းနဲ့ The Khayay School တွေမှာ ပြုလုပ်သွားမှာဖြစ်ပြီး နောက်ဆုံးဖျော် ဖြေပွဲကိုတော့ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်မှာတော့ ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းရှိ ဝဇီရာ ရုပ်ရှင်ရုံမှာ ည ၆ နာရီခွဲ တွင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်ဖျော်ဖြေမယ့်သူတွေကတော့ Artistic Director ဖြစ်တဲ့ အမေရိကန်စန္ဒရားပညာရှင် Kimball Gallapher၊ တရုတ်(တိုင်ပေ)က စန္ဒရားပညာရှင် Kaiyin Huang၊ The Afghan Youth Orchestra တီးဝိုင်းရဲ့ Conductor နဲ့ တယောပညာရှင် William Harvey ၊ UN Chior Conductor တစ်ဦးဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံသူ Kristy Griffiths နဲ့ မြန်မာနိုင်ငံက AOC Orchestra တီးဝိုင်းရဲ့ Conductor နဲ့ Cello ပညာရှင် Saw James Hsar Doe Soe တို့က Solo Piano၊ Chamber Music၊ Festival Choir ၊ မြန်မာ့ရိုးရာဂီတကိုလည်း အနောက်တိုင်းဂီတနဲ့ ပေါင်းစပ်းဖျော်ဖြေသွားကြဖို့ ရှိပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲမှာ တရုတ်(တိုင်ပေ)ကျေးလက်ဒေသကလက်မှုပညာရှင်တွေပြုလုပ်တဲ့ တယော ဆယ်လက်ကို စာသင်ကျောင်းတွေရဲ့ ဂီပညာရပ်အတွက် အသုံးပြုနိုင်ဖို့ ပေးအပ်လှူဒါန်းခဲ့ပြီး တယောပညာရှင် William Harvey ကလည်း တီးခတ်ဖျော်ဖြေပေးခဲ့ပါတယ်။ Artisitic Director ဖြစ်တဲ့ အမေရိကန်စန္ဒရား ပညာရှင် Kimball Gallapher က`လာမယ့် ဇွန်လ ၂၂ ရက်မှာလုပ်မယ့် ဂီတပွဲမှာ မြန်မာနိုင်ငံဂီတ အစည်းအရုံးက ပညာရှင်တွေနဲ့ ပူးပေါင်းပြီး မြန်မာ့တူရိယာတွေဖြစ်တဲ့ စောင်း၊ ခြောက်လုံးပတ်ဗုံ၊ စည်းဝါးတို့နဲ့ ဖျော်ဖြေဖို့ရှိပါတယ်။ အားလုံးကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်´ လို့ ပြောပြခဲ့ပါတယ်။ အဆိုပါဂီတပွဲကို အခမဲ့ ဝင်ရောက်နိုင်ပေမဲ့ လက်မှတ်တွေကိုတော့ ရန်ကုန်မြို့၊ လင့်လမ်းရှိ Monument Books Store မှာ လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း