အောင်မြင်သော အရာရှိများအတွက် အထူးရည်ညွှန်းသည့် စာအုပ် ၂၁ အုပ် - ၁

(1) Who Moved my Cheese? By Spencer Johnson M.D.J

ဒီစာအုပ်က ဂန္ထဝင်စာအုပ်ဖြစ်ပြီး ယခုထိ အကျိုးအကြောင်း ဆီလျော် နေတုန်းပါပဲ။ ဒီစာအုပ်ထဲက မှတ် သားစရာအသစ်တွေကို ကျွန်တော်အမြဲတမ်းရယူနိုင်တယ်ဆိုတာ ကျွန် တော်တွေ့ရပါတယ်။ အခြေအနေ ပြောင်းလဲတဲ့အခါ အဖြေတွေအပေါ် အာရုံစိုက်ရပါတယ်။ ပြောင်းလဲခြင်း ဟာ ကောင်းတဲ့အရာပါ။ ပြောင်းလဲ မှုဟာ ကျွန်တော်တို့ကို ဆက်လက် တီထွင် ကြံဆဖြစ်စေပြီး လုပ်ငန်းကို ရှေ့ဆက်တိုးစေပါတယ်။

Amit Haller Co-Founder and CEO, Reali

1

(2) The 5 Dysfunctions of a Team by Patrick Lencionij

အဖွဲ့တွေဖွဲ့စည်းဖို့ အကောင်းဆုံး အလေ့အကျင့်တွေနဲ့ ထိုးထွင်းအမြင် တွေကို ဒီစာအုပ်က ကျွန်တော့်ကို တကယ်ပဲ လမ်းပြပါတယ်။ ကျွန် တော်တို့ ကုမ္ပဏီဆင့်ကဲ တိုးတက် ပြောင်းလဲဖို့၊ ယခုအဆင့်မှာ တိုး တက်ကြီးထွားအောင် လှုံ့ဆော်ဖို့ အ ရေးကြီးဆုံးအချက်က ထိရောက်မှုရှိ အောင် အတူတကွလုပ်ကိုင်နည်းကို ဆည်းပူးဖို့ ဖြစ်တယ်။

Eric Plam CEO, Fuzzy Pet Health

2

(3) Shoe Dog: A Memoir by  Phil Knight

ဒီစာအုပ်ဟာ Nike အားကစားဖိနပ် တီထွင်ဖန်တီးတဲ့အကြောင်းကို တီ ထွင်သူ Phil Knight ကိုယ်တိုင်ရေး ထားတာပါ။ Nike Co. ကို တည် ထောင်ဖို့ သူ့ရဲ့စွန့်လွှတ်အနစ်နာခံ မှုကိုကြည့်ရင် အားကျစရာကောင်း ပါတယ်။ သူ့ဝန်ထမ်းတွေရဲ့ တုံ့ပြန် မှုကို အလေးထားပြီး သူ့ရဲ့စီးပွားဖက် တွေအပေါ် သစ္စာရှိမှုက မိမိဝန်ထမ်း တွေကို မိမိကုမ္ပဏီရဲ့ အဖိုးတန်ဆုံး လက္ခဏာအဖြစ် အဓိကဦးစားပေးဖို့ လမ်းပြမြေပုံကောင်းတစ်ခုကို ရရှိစေ ပါတယ်။

Gabe Winslow Exec. Vice President (EVP), Ansira Agency

3

(4) The Four Disciplines of Execution by  Stephen Mc Chesney

ဝါရှင်တန်ဒီစီမြို့တော်ကို အခုလို စို ပြည်စည်ကားတဲ့ မြို့ကြီးဖြစ်အောင် ပြောင်းလဲပေးခဲ့တဲ့ ဒဿနရော ကျွန်မ တို့ရဲ့ Phone2Action  ကုမ္ပဏီရဲ့ ဒဿနကိုပါ ဒီစာအုပ်က သရုပ်ဖော် ပေးပါတယ်။ ကုမ္ပဏီအောင်မြင် ရေးအတွက် ဒီစာအုပ်က စည်းကမ်း လေးချက်ကို အကြမ်းဖျင်း ဖော်ပြ ထားပါတယ်။ ဒီစာအုပ်က ကျွန်မရဲ့ အချိန်ကို ဦးစားပေးတတ်အောင် ကူ ညီရုံမကပဲ ပိုတော်တဲ့မန်နေဂျာဖြစ် လာအောင် ကျွန်မမျှော်မှန်းတဲ့ ရလဒ် တွေရရှိဖို့လည်း အထောက်အကူပြု ပါတယ်။

Ximena Hartsock Founder and COO, Phone2Action

4

(5) Our Iceberg is Melting  by John Kotter

ဒီစာအုပ်က ပေးချင်တဲ့အသိပေးချက် ကို ရိုးစင်းလွယ်ကူပြီး ထိရောက်တဲ့ ချဉ်းကပ်နည်းဖြင့် ပေးထားလို့ ကျွန် တော်သဘောကျပါတယ်။ ပြောင်းလဲမှုဖြစ်နေခိုက်မှာ အဖွဲ့တစ်ဖွဲ့အ တွင်းမှာ မတူညီတဲ့အပြုအမူတွေကို မတူတဲ့လက္ခဏာတွေ အားလုံးဖြင့် ဖော်ထုတ်ပြခြင်းအားဖြင့် ရှင်းလင်း ထားတဲ့ စာအုပ်ပါပဲ။

Venky Balasubramanian

Co-founder & CEO, Plivo

5

(6) The Hard Thing About Hard Things by  Ben Horowitz

ဒီစာအုပ်က CEO တစ်ဦး သို့မဟုတ် စီးပွားရေးလုပ်ငန်းခေါင်းဆောင် တစ်ဦးအတွက် လက်တွေ့အကျဆုံး စာအုပ်ဖြစ်ပါတယ်။ ကိုယ့်ကုမ္ပဏီအပေါ် အတွင်းပိုင်းရော၊ အပြင်ပိုင်းပါ သက်ရောက်မှု ဖြစ်တဲ့အရာတွေ အ များကြီးပြောင်းလဲနေတဲ့အခါ သင် ဟာ ‘နံရံ’ အစား ‘လမ်းမ’ ကို ဘယ်လို အာရုံစိုက်ရမယ်ဆိုတာ ဒီစာအုပ်က သင်ကြားပေးတဲ့အတွက် စွန့်ဦးထွင် လုပ်ငန်းရှင်တိုင်းဖတ်ဖို့ သိပ်အရေး ကြီးပါတယ်။ ဒီစာအုပ်ဖတ်တာဟာ ကျွန်တော့်အတွက် ကုထုံးဆန်ပါ တယ်။

Viret Ravishankar Co-Founder & CEO, Hacker 

6

 

အပိုင်း ၂ ဆက်ရန်...

နိုင်သီဟ