(1) The Power of Habit by Charles Duhigg
ဘာပဲပြောပြော ကျွန်တော်တို့ရဲ့ဘဝမှာ ကျွန်တော်တို့ရဲ့အကျင့် တွေက ကျွန်တော်တို့ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်။ ဘင်ဂျမင်ဖရန်ကလင်က ညတိုင်းအိပ်ရာဝင်ခါနီး နေ့စဉ်မှတ်တမ်းအကျဉ်းချုပ်ရေးတယ်။ အာရီယားနားဟပ်ဖင်တန်က အလုပ်မသွားခင်နာရီဝက် ကမ္မဋ္ဌာန်းထိုင်တယ်။ ဒီစာအုပ်က ကျွန်တော်ရတဲ့ သင်ခန်းစာက ဘဝအပေါ်ကျွမ်းကျင်ပိုင်နိုင်မှုဟာ တိကျစေ့စပ်တဲ့အကျင့်မဟုတ်ဘူး။ အကျင့်အသစ်တွေ ကိုမွေးဖို့စွမ်းအင်ဖြစ်တယ်။ အောင်မြင်မှုဟာ အောင်မြင်တဲ့အကျင့်တွေ ကို ဖန်တီးရေးသားဖြစ်တယ်ဆိုတာပဲ။ အဲဒီအကျင့်အခြေခံ သဘောထားကိုရယူနည်း စာရေးဆရာက ပြသထားတယ်။
David Maxfield (အရောင်းရဆုံး စာရေးဆရာ) Vice President, VitalSmarts Co.
(2) Emotional Intelligence 2.0 by Travis Bradberry
ခေါင်းဆောင်တွေကို သူတို့ခံစားချက်အရသရုပ်မဖော်ဘဲ သူတို့ရှေ့မှာ သူတို့ခံစားချက်ကို ဖြေရှင်းပုံနဲ့ သရုပ်ဖော်ရပါတယ်။ အခြေအနေတစ်ရပ်မှာ ကိုယ်နဲ့သူများတွေရဲ့ သိရှိနိုးကြားမှုကိုရှင်းပြပြီး အဲဒီအပြုအမူရဲ့နောက်ကွယ်ကလှုံ့ဆော်မှုတွေဟာအစွမ်းထက်ပြီး ထိရောက်မှုရှိတဲ့ ခေါင်းဆောင်မှုအတွက် သော့ ချက်ဖြစ်ကြောင်း ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။
Andreas Peterrson, CEO, Arcules
(3) The E-Myth Revisited by Micheal E-Gerber
မိမိစီးပွားရေးလုပ်ငန်းမှာ နည်း ပညာရှင်/အတတ်ပညာရှင်အဖြစ်ထက် စွန့်ဦးထွင်လုပ်ငန်းရှင်တစ်ဦးအဖြစ်လုပ်ကိုင်ခြင်းရဲ့ အရေးပါပုံနဲ့ ခြားနားပုံတွေကို ဒီစာအုပ်က ကျွန်တော့်ကို သင်ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် အရေးအကြီးဆုံး ကိစ္စကို ချက်ချင်းလက်ငင်းကိစ္စထက် ဦးစားပေးလုပ်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို မီးမောင်းထိုးပြပါတယ်။
Kevin Mann co-founder & Chief Product Officer, Call Rail
(4) The Great Gatsby by F. Scott Fitzgerald
ဒီစာအုပ်ဟာ နှစ်ပေါင်းများစွာကြာတော့ ကျွန်တော့်အကြိုက်ဆုံး စာအုပ်ဖြစ်လာတယ်။ "အမေရိကန်အိပ်မက်" ဆိုတဲ့ခံယူချက်ကို စာရေးဆရာဖစ်ဇ်ဂျရယ်က အကြောင်းပြုပြီး၊ အောင်မြင်ဖို့ဆန္ဒရမ္မက်က ဆုံးဖြတ်ချက်ချရေးအပေါ် လွှမ်းမိုးပုံရေးဖွဲ့ပြထားတာ။ ဒီနေ့စီးပွားရေးလုပ်ငန်းခေါင်းဆောင်တိုင်းအတွက် အဖိုးတန်တဲ့ သင်ခန်းစာတစ်ခုဖြစ်တယ်။ မိမိကိုယ်မိမိ မလိမ်ညာဖို့နဲ့ မိမိတန်ဖိုးတွေကို အမြဲထိန်းသိမ်းထားဖို့ ဒီစာအုပ်ကကောင်းကောင်း သတိပေးပါတယ်။
Neill Feather, CEO, Sitelock (website securtiy)
(5) Ego Free Leadership by Brandon Black & Shayne Hughes
ဒီစာအုပ်မှာ Encore ကုမ္ပဏီရဲ့ CEO ဖြစ်သူ Brandon က သူ့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ရင်ဆိုင်ရုန်းကန်မှုကိုပြောပြထားပါတယ်။ Hughes က မိမိရဲ့ “အတ္တစနစ်” ကိုမှတ်သားပြီး ထိန်းချုပ်တဲ့နည်းပညာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ သူတို့နှစ်ဦးက အဲဒီအတ္တစိတ်ကင်းမဲ့တဲ့ နည်းဗျူဟာတွေ သုံးပြီး Encore ရဲ့ အမြတ်ကို ၃၀ဝ ရာ ခိုင်နှုန်းဖြစ်အောင်အသုံးပြုကြပုံကို ရေးသားတင်ပြထားကြတာတွေ့ရပါတယ်။
Andreas Roell, Managing Partner, Analytics Ventures
(6) Barracoon: The Story of the Last Black Cargo by Zara Neale Hurston
ဒီစာအုပ်ကတစ်မူကွဲပေမယ့် လတ်တလောမှာ ကျွန်တော့်အကြိုက်ဆုံး စာအုပ်တစ်အုပ်ဖြစ်တယ်။ ဒါကအာဖရိကမှာ ဖမ်းဆီးတဲ့ ကျွန်တွေအနက် နောက်ဆုံးအသက်ရှင်ဆဲ လူကို အပိုင်းလိုက် အင်တာဗျူးလုပ်ထားတာတွေပါ။ အဲဒါ ၁၉၂၇ ခုနှစ်ကပေါ့။ ဒါဟာ ကျွန်စနစ်ကိုကိုယ်တွေ့ပြောပြထားတာဖြစ်ပြီး စီးပွားရေး၊ ခေါင်းဆောင်မှုနဲ့ လူ့အဖွဲ့အစည်းတို့နဲ့အမြဲအကျိုးအကြောင်းဆီလျော်စွာ လူ့သဘာဝရဲ့အကောင်းဆုံးနဲ့အဆိုးဆုံးကို လေ့လာတင်ပြထားတာဖြစ်တယ်။
Bryce Smith, CEO, Level Ten Energy
နိုင်သီဟ
အပိုင်း (၃) ဆက်ရန်