လေယာဉ်ပေါ်မှာ ခရီးသည်တွေတင်ခွင့်ပြုတဲ့ လက်ဆွဲအိတ်အရွယ်အစားတွေဟာ များမကြာမီက အမေရိကန် မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ရဲ့ အကြံပြုတင်ပြချက်အရ လက် ရှိထက် သေးငယ်သွားဖို့ အလားအလာရှိနေပါတယ်။ အကြံပြုတင်ပြထားတဲ့ လက်ဆွဲအိတ်အရွယ်အစားက အမြင့် ၂၁.၅ လက်မ၊ အကျယ် ၁၃.၅ လက်မနဲ့ အနက်က ၇.၅ လက်မဖြစ်တယ်။ ဒီလက်ဆွဲအိတ်တွေကိုလည်း အလွယ်တကူသိရှိနိုင်ဖို့ အများသုံးအမှတ်အသားတံဆိပ်တပ်ကြဖို့လည်း အကြံပြုထားတယ်။ အဲဒီလို အမှတ်တံဆိပ်ပါရင် လေယာဉ်ပေါ်ကို အလွယ်တကူတင်ယူလို့ရမှာဖြစ်သလို ဝန်ထမ်းတွေအတွက်လည်း စစ်ဆေးရတာ အချိန်ကုန်သက်သာသွားမှာဖြစ်တယ်။ Ref: AP