မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း သတင်းစာရှင်းလင်းပွဲ

2 1 မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများအသင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ Sky Star Hotel မှာကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ အဖွင့်နှုတ်ခွန်းဆက်စကားကို မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း ဥက္ကဌ ဦးကျော်ကျော်လှိုင်က ပြောကြားခဲ့ပြီး အသင်းရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ အတွင်းရေးမှူး ဦးအောင်ရဲစိုးက “ ကျွန်တော်တို့ အသင်းကို ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဖြစ်ပြီးတော့ ရည်ရွယ်ချက် အနေနဲ့ ၇ ချက်သတ်မှတ်ထားပါတယ်။ ပထမအချက်အနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်စံချိန်စံညွှန်းတွေအညီ ဆောင်ရွက်ပေးသွားရန်ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ မြန်မာ့ရေနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ တိုင်းရင်းသားပိုင်ဝန်ဆောင်မှုကုမဏီတွေ ပိုမို အောင်မြင်ရန်ဖြစ် ပါတယ်။ တတိယအချက်အနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုနဲ့ ဒေသ ဓလေ့ထုံးတမ်းအစဉ်အလာများထိန်းသိမ်းရေးတွေကို အလေးထား ဆောင်ရွက်သွားရန်ဖြစ်ပါတယ်။ စတ္တုထအချက်အနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းများ လုပ်ကိုင်နေစဉ် ပြင်ပအန္တရာယ်၊ လုပ်ငန်းခွင်ထိခိုက်မှုအန္တရာယ်မဖြစ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ပြီး နောက်တစ်ချက် အနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ နိုင်ငံတကာခေတ်မီနည်းပညာများအသုံးချနိုင်ရေးနဲ့ ပညာရေးလေ့ကျင့်ပျိုး ထောင်သွားရန်ဖြစ်ပါတယ်။ ဒါကလည်း နောက်ပိုင်းကြရင် စိတ်ဝင်းစားတဲ့ ကျောင်းသားတွေကို ခေါ်ယူပြီး သင်တန်းပေးသွားဖို့အစီအစဉ်ရှိပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်တော်တို့ဝန်ဆောင်မှု လုပ်ငန်း တွေ အားလုံး ကျင့်ဝတ်သိက္ခာကိုစောင့်ထိန်းသွားရန်ဖြစ်ပြီး နောက်ဆုံးအချက်အနေနဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံရေနံနဲ့သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့နဲ့ ပညာရေးအဖွဲ့အစည်း၊ ဥပဒေပြုအဖွဲ့ အစည်း ၊ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတို့အကြား နားလည်မှုပိုကောင်းလာစေဖို့နဲ့ ပြည်တွင်း ပြည်ပအသီးသီးတို့နဲ့ကြိုးပမ်းမြှင့်တင်သွားနိုင်ရန်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ အခုလက်ရှိ ဝန်ဆောင်မှု လုပ်ငန်း ရှင်များအသင်းရဲ့ အဖွဲ့ဝင်အနေနဲ့ အဖွဲ့ဝင်ပေါင်း ၂၀ ဦးရေရှိပြီး Member ဝင်ချင်တဲ့ ကုမဏီတွေ အနေနဲ့ လာရောက်ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။