[caption id="attachment_8972" align="alignnone" width="720"]
အိန္ဒိယမှာ သံမဏိဝယ်လိုအား ဆက်လက်မြင့်တက်မယ်[/caption] အိန္ဒိယမှာ သံမဏိဝယ်လိုအား ဆက် လက်မြင့်တက်ဖွယ်ရှိနေပြီး လာမယ့် နှစ်တွေမှာရူပီးဘီလီယံနှစ်ထောင် အထိ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာနိုင်ကြောင်း ပြည်တွင်းသံမဏိလုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ Tata Steel က ဆိုပါ တယ်။ သေးငယ်တဲ့တစ်ဦးကျသံမဏိ ဝယ်ယူမှုပမာဏက အဓိကတွန်းအား ဖြစ်ပြီး လာမယ့်နှစ်တွေမှာသံမဏိ ပမာဏ အများကြီး လိုအပ်လာမှာဖြစ် သလို လာမယ့်ခြောက်နှစ်ကနေ ခုနစ်နှစ်အတွင်းမှာ သံမဏိလုပ်ငန်း ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ရူပီး ၁၅၀၀ ဘီလီယံကနေ ဘီလီယံနှစ်ထောင်အထိ ရှိလာဖို့မျော်မှန်း ထားတယ်လို့ Tata Steel ကဆိုပါ တယ်။ သံမဏိလုပ်ငန်းကဏ္ဍ တိုးတက်လာမှုနဲ့အတူ ၂၀၁၇ ခုနှစ်မှာ အလုပ်အကိုင်ပေါင်း သုံးသန်းကနေ လေးသန်းအထိ ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျော်မှန်းထားကြောင်း ကမ္ဘာ့ ထိပ်တန်း သံမဏိကုမ္ပဏီ ဆယ်ခုထဲ မှာ ပါဝင်တဲ့Tata Steel က ဆိုပါတယ်။ Ref: economictimes