ဖွံဖြိုးဆဲနိုင်ငံများတွင် အမျိုးသမီးများ၏ အိမ်ရာရှာဖွေမှုနှုန်းပိုများ

ကမ္ဘာတစ်ဝန်း အိမ်ဝယ်ယူသူများကို နှိုင်းယှဉ်ထားတဲ့ စစ်တမ်းတစ်ခုကို ကမ္ဘာ့ရှေ့ဆောင်အိမ်ခြံမြေ ကုမ္ပဏီတစ်ခုဖြစ်တဲ့ House.com.mm စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ထိုစစ်တမ်းအရ ဖွံဖြိုးစဈေးကွက်နိုင်ငံများဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နဲ့ မက္ကဆီကိုတို့တွင် ယခင်ကအမျိုးသားများကသာ အိမ်ယာဝယ်ယူခြင်းများကို လုပ်ဆောင်လေ့ရှိရာမှ ယခုအခါ အမျိုးသမီးများမှကိုယ်တိုင် ရှာဖွေမှုများလုပ်လာပြီဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများတွင် အိမ်ဝယ်ယူသူအများစုမှာ အမျိုးသမီများဖြစ်ကြောင်းသိရသည်။ ဒီအချက်အလက်တွေကို ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၂၈ နိုင်ငံမှ အိမ်ခြံမြေဝက်ဘ်ဆိုက်များအပေါ် အခြေခံကာကောက်ယူထားခြင်းကြောင်း၊  မက္ကဆီကိုနိုင်ငံတွင် အိမ်ဝယ်ယူသူစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြပြီး ဖိလစ်ပိုင်နိုင်ငံတွင်လည်း အိမ်ယာရှာဖွေသူအများစုမှာ အမျိုးသမီများသာဖြစ်ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် ဇနီးမောင်နှံနှစ်ဦးလုံး အိမ်ယာရှာဖွေမှုလုပ်ကြသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကိုမူ အများအားဖြင့် အမျိုးသမီးကသာ ချမှတ်တတ်ကြကြောင်း သိရပါသည်။ အဆိုပါစစ်တမ်းတွင် ဖော်ပြထားသော ကမ္ဘာတစ်ဝန်း အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်အမေရိကမှ အိမ်ယာဝယ်ယူသူများ၏ ပျှမ်းမျှအသက်ပိုင်းခြားအရ သီရိလင်္ကာတွင်အိမ်ဝယ်သူများ၏ ပျှမ်းမျှ အသက် ၅၀ကျော်များ ဖြစ်ပြီး ကိုလံဘီယာမှာတော့ အသက် ၆၀ ကျော်အရွယ်များရှိကြကြောင်း၊ အခြားနေရာများတွင်တော့ အသက်ငယ်သောသူများမှ အိမ်ဝယ်ယူမှုပိုများကြောင်း၊ ဂျော်ဒန်နိုင်ငံတွင် အသက် ၂၈ မှ ၃၈ နှစ်အတွင်းရှိလူများဖြစ်ကြပြီး မက္ကဆီကိုနိုင်ငံတွင်မူ ၂၅နှစ်မှ ၃၄နှစ်ကြားရှိသူများဖြစ်ကြကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ပျှမ်းမျှအနေဖြင့် အိမ်ဝယ်သူများမှာ ၂၇နှစ်အရွယ် အမျိုးသားများဖြစ်ကြကြောင်း သိရပါသည်။ [caption id="" align="alignnone" width="720"]Photo Credit to House.com.mm Photo Credit to House.com.mm[/caption]   [caption id="" align="alignnone" width="720"]Photo Credit to House.com.mm Buying versus renting
Photo Credit to House.com.mm[/caption] [caption id="attachment_15025" align="alignnone" width="423"]Photo Credit to House.com.mm House prices are rising.
Photo Credit to House.com.mm[/caption]

Ref : House.com.mm