အရည်အသွေးမြင့် Gas တွေကို တင်သွင်းဖြန့်ချိနေတယ်ဆိုတဲ့ YIG

  ခုအချိန်မှာ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှု့တွေ အမြောက်အမြား ဝင်ရောက်လာကြပါတယ်။ ပြည်ပကနေ တိုက်ရိုက်မြှုပ်နှံမှုအဖြစ် ဝင်ရောက်လာသလို ပြည်တွင်းမှာရှိနေတဲ့ ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာကြပါတယ်။ နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းထုတ်လုပ်ခြင်း အရည်အသွေးမြင့် နည်းပညာများအသုံးပြုလာခြင်း ပြည်တွင်းမှာပဲ အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်ပစ္စည်းတွေ ရရှိနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက်Bangkok Industrial Gas Co ltd (BIG) နဲ့ အကျိုးတူပူးပေါင်းကာ အရည်အသွေးမြင့် Gas တွေကို တင်သွင်းဖြန့်ချိနေတဲ့ YIG Co ltd က မန်နေးဂျင်းဒါရိုက်တာဦးအောင်ကျော်နဲ့ ခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။   people portrait water mark final25

YIG Co ltd  ကို တည်ထောင်တဲ့ခုနှစ်

YIG ကို တရားဝင်ခွင့်ပြုချက်ရပြီး ၂၀၁၂ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ Gas ကို Inport လုပ်ပြီး သွင်း ပေးနေတာ ၂၀၁၀ ပြည့်နှစ်ကတည်းက ဖြစ်ပါတယ်။ အဲဒီ တုန်းက Customer  က တစ်ဦးပဲရှိတာ ဆိုတော့ သီးသန့် မထောင်ဖြစ်ဘူး။ ဦးတေဇအောက်ကပဲ တစ်ဆင့်ခံပြီးတော့ တင်ဒါအောင်ရင် သွင်းတာပါ။ အမှန်တော့ Gas သုံးတဲ့စက် တွေ သွင်းရင်း Gas ပါ ပါလာတာပါ။  

YIG ရဲ့ အဓိက Partner

အဓိကကတော့Bangkok Industrial Gas Co Ltd  နဲ့လက်တွဲလုပ်ဆောင်တာဖြစ်ပါတယ်။ အမှန်ကတော့ Gas မှာကတည်းက Air Product Co Ltd  ကနေမှာတာပါ။ Air  Product Co Ltd က အမေရိကန်က Gas  ထုတ် လုပ်တဲ့ကုမ္ပဏီပါ။ သူတို့နဲ့ Partnership လုပ်ဖို့ ကမ်းလှမ်း တော့ သူတို့ကArea Office က လွှဲပေးပါတယ်။  Area Office  က အရှေ့တောင်အာရှမှာဆိုရင် Bangkok မှာ  ရှိပါတယ်။Bangkok   Industrial Gas Co Ltd  ပါ။ Bangkok Industral Gas Co ltd  က Air Product  နဲ့ Partnership   တွေပါ။ ဒါကြောင့် BIG  နဲ့လက်တွဲရတာဖြစ် ပါတယ်။  

ပြည်တွင်းက လုပ်ဖော်ကိုင်ဖက်

နဂို Gas လုပ်ကတည်းက လက်တွဲတဲ့ကုမ္ပဏီတွေထဲမှာ တော့ Khin Naung Nyunt Co Ltd ၊ Fourteen Star Network Co Ltd  ၊Development Steps Co Ltd  ၊ Supplier Globle Pte Ltd   တွေပါ။ ဖြန့်ဖြူးပေးနေတဲ့ Product အမျိုးအစားတွေ YIG  ကနေ  Argon  သုံးမျိုး ၊  Helium  နှစ်မျိုး  Nitrogen    သုံးမျိုး ၊ Hydrogen   သုံးမျိုး  ၊  Acctylene  တစ်မျိုး၊Carbondi Oxide  တစ်မျိုး ၊ Nitrous Oxide    နှစ်မျိုး  ၊Sulphur Hexafloride (SF6)  ၊ Air Zero  ၊ ဥထပါနည  သုံးမျိုး စတဲ့  Oxygen  တွေကို ဖြန့်ဖြူးပေးနေ ပါတယ်။ ဒီထဲမှာလည်း ပါဝင်တဲ့နည်းပညာအမျိုးအစား ပါဝင်နှုန်းပေါ်မှာ မူတည်ပြီး ဈေးနှုန်းကွဲပြားပါတယ်။  

ဝန်ဆောင်မှုအပိုင်း

အဓိကကတော့ အထဲမှာပါတဲ့ Gas နဲ့ Slinder မှာဆိုရင် Slinder  က ပိုပြီးဈေးကြီးပါတယ်။ Gas တန်ဖိုးထက် အိုးရဲ့တန်ဖိုးက ပိုပြီးဈေးကြီးတယ်။ ဈေးကြီးတာမှ အဆ ၃၀ လောက်ရှိပါတယ်။ ဒီမှာကတော့ Industrial မှာပဲ Oxygen ကို Refill ( ပြန်ဖြည့်တာ) လုပ်နေပါတယ်။ ကျွန်တော်တို့က Quality အတွက်ကို Refill  လုပ်နိုင် ဖို့ပါ။ အစပိုင်းမှာတော့ Deposit နဲ့ သွားနေတယ်။ နောက်ပိုင်းကျရင် Slinder အတွက် ပေးစရာ မလိုတော့ ဘူး။ နောက်တစ်ခုကတော့ Gasoline တွေသုံးရင် Industrial    တော့ တစ်မျိုးပေါ့။ ခေတ်မီလာတဲ့ပစ္စည်းတွေမှာ ဆိုရင် Gas   ပိုက်လိုင်း  System   တွေ မထိခိုက်အောင် Gas  အပြင်ထွက်အောင် မီးရှို့ပေးရတာတွေရှိတယ်။ အဲဒါ မျိုးတွေကို ကျွမ်းကျင်ပညာရှင်တွေကနေပြီး ကူညီတာနဲ့ ဆက်စပ်ပစ္စည်း ပံ့ပိုးပေးတာမျိုးတွေလုပ်ပါတယ်။  

Product ရဲ့ နည်းပညာပိုင်းအတွက် Training ပေးမှု

၂၀၁၂ ခုနှစ် ကုမ္ပဏီမတည်ထောင်ခင်ကတည်းက ဝန်ထမ်း ရှစ်ဦး ရွေးချယ်ပြီး Bangkok Industrial Gas Co Ltd    ကပဲ Training ပေးတယ်။ Bangkok  မှာရှိတဲ့ စက်ရုံမှာ ခြောက်လလောက် ပေးတာပါ။  

လုံခြုံရေးနဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်မှု

Gas မှာက မီးလောင်လွယ်တဲ့ Gas ရယ်၊ မီးလောင်မလွယ်တဲ့ Gas  ရယ်၊ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ Gas  ရယ် ဆိုပြီးအကြမ်းဖျင်း သုံးမျိုးရှိတယ်။  ဒါတွေကို Warehouse မှာဘယ်လိုထားမလဲဆိုတာ အရေးကြီးပါတယ်။ အများ အားဖြင့် ဒီမှာက လှိမ့်ပြီးရွှေ့ကြတယ်လေ။ကျွန်တော်တို့ ဆီမှာက Slinder   ကို သူ့ရဲ့နေရာကနေ အရွေ့မခံဘူး။International Safety အတိုင်း လုပ်ဆောင်ပါတယ်။ နောက်ပြီးတော့လည်း မမျော်လင့်ဘဲ ရုတ်တရက် မီးနဲ့ပတ် သက်ပြီး အရေးပေါ်ဖြစ်လာခဲ့ရင် ဆောင်ရွက်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို အမြဲတာဝန်ပေးထားပါတယ်။ အဲဒီလို လုပ် နိုင်ဖို့အတွက်Bangkok Industrial Gas Co Ltd ကပဲ Training ပေးပါတယ်။ ဒီဘက်က Warehouse ကိုလည်း သူတို့ Plan  အတိုင်း ဆောက်လုပ်ထားပါတယ်။သူတို့ ဆီကလည်း လာပြီးစစ်ဆေးပါတယ်။  

Product တင်သွင်းရာမှာ တွေ့ကြုံရတဲ့အခက်အခဲ

Product တင်သွင်းတာကနိုင်ငံခြားကဆိုတော Sea Trade  မှာအခက်အခဲရှိပါတယ်။ သင်္ဘောနဲ့တင်တဲ့နေရာမှာပေါ့။  တချို့ Grade တွေကျတော့ ဒီမှာက Market သေးနေသေး တယ်လေ။ ကွန်တိန်နာတစ်ခုထဲမှာ အားလုံး စုပြီးထည့်လို့ မရပါဘူး။ ရောလို့ မရတာတွေရှိနေတယ်။ ဒီလိုပြဿနာတွေ ရှိတော့ Sea Trade  က အဆင်မပြေတဲ့အတွက် ကုန်းလမ်းနဲ့ သယ်ရတာဖြစ်ပါတယ်။ ကုန်းလမ်းဆိုတော့ အဆင်းတစ် ရက် အတက်တစ်ရက်ကြာပါတယ်။ အဲဒီအခါမှာ လမ်း အခြေအနေအခက်အခဲတွေ ကြုံရတွေ့ရပါတယ်။ တချို့ Safety  မြင့်တဲ့ဟာတွေကျတော့ လမ်းအခြေအနေမကောင်း ရင် သူတို့ဘက်က ပေးမသယ်ကြဘူး။ ဒါကြောင့် သွင်း လို့မရတဲ့ပစ္စည်းတွေလည်း ရှိပါတယ်။  

နယ်စပ်ကနေ တရားမဝင်ရောက်လာတဲ့ပစ္စည်းတွေကြောင့် ကိုယ့် လုပ်ငန်းမှာ ကြုံတွေ့ရတဲ့အခက်အခဲ

အခုထိတော့ မရှိသေးပါဘူး။ ဒါပေမဲ့ နယ်စပ်ကနေ ဝင်လာတဲ့ Gas တွေက အရည်အသွေး မပြည့်မီတဲ့အတွက် ဈေးပေါပါတယ်။ ဈေးပေါပေါနဲ့ သွားနေတဲ့သူတွေကတော့ သူတို့ဈေးကွက်နဲ့သူတို့ ရှိပါတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်ဈေးကွက်နဲ့ကိုယ်ပါပဲ။ ဒီတော့ ပြဿနာမရှိပါဘူး။  

လက်ရှိဈေးကွက်ကို ဝန်ဆောင်မှုပေးတဲ့ ပုံစံ

အခုလောလောဆယ်တော့ ဈေးကွက်မှာ High Quality   ဖြစ်ဖို့အရေးကြီးပါတယ်။နိုင်ငံတကာ ကုမ္ပဏီတွေလည်း လာနေကြပြီလေ။ ဒီတော့ စက်ပစ္စည်းတွေကော အသုံးပြုတဲ့ ကုမ္ပဏီတွေရော Safety First    ဖြစ်နေရမှာပါ။ စက်ပစ္စည်း တွေမှာလည်း ကုမ္ပဏီတွေက ပစ္စည်းမှာ Safety First  ဖြစ် မယ့်အရာတွေကိုပဲ သုံးရမယ်လို့ ညွှန်ကြားချက်တွေကပါလာ တော့ ဒီမှာက အဲဒီလိုမျိုး မရှိတဲ့အတွက် ကျွန်တော်တို့က အဲဒီဈေးကွက်ကို ဝင်ဖြည့်တာပါ။ ဈေးကွက်ကတော့ သေးနေ သေးတာပေါ့နော်။ ဒါပေမဲ့ International Standard    နဲ့ ညီအောင်ဝင်ဖြည့်တဲ့သဘောဖြစ်ပါတယ်။ Welding (ဝရိန်) လုပ်တဲ့ ကုမ္ပဏီတွေအနေ နဲ့လည်း ပြည်တွင်းမှာပဲ လွယ် လွယ်နဲ့ ရနိုင်အောင်လုပ်ပေးတာပါ။ Safety လည်း ပါပါ တယ်။ ပြည်တွင်းကလည်း အဲဒီဘက်ကို သွားနေပါတယ်။ ဒါကြောင့် ရိုးရိုး Gas တွေ သုံးလို့ မရတော့ပါဘူး။  

ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်နဲ့ဝန်ဆောင်မှုများ

YIG မှာ Phase သုံးခုထားပါတယ်။ First Phase  ကတော့ ခုလက်ရှိလုပ်ဆောင်နေတာတွေပါ။Second Phase  က Trading System  မြင့်လာရင် Gas အိုးတွေကို ဟိုဘက် မပို့တော့ဘဲ ဒီမှာဖြည့်ပေးမယ်။ ဒါဆိုရင် Customer တွေမှာ အများကြီး သက်သာသွားမှာပါ။ နောက်ဆုံး Phase ကတော့ ကျွန်တော်တို့ ဒီမှာပဲစက်ရုံတည်ဆောက်သွားဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့စက်မှုလုပ်ငန်းတွေ တိုးတက်ရင် တိုးတက်သလောက် ပိုပြီးလုပ်ဆောင်သွားမှာပါ။ နောက်ဆုံးရည်မှန်းချက်ကတော့ ဒီမှာစက်ရုံတည်နိုင်ဖို့ပဲ ဖြစ်ပါတယ်။