အင်ဒိုနီးရှားရဲ့စီးပွားရေးတိုးတက်မှု ကမ္ဘာ့စီးပွားရေးအခြေအနေပေါ်မူတည်နေ

article landscape wartermark final2 အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးတိုး တက်မှုဟာ ပြန်လည်နာလန်ထူလာ မယ်လို့ ခန့်မှန်းထားတဲ့ ကမ္ဘာ့စီးပွား ရေးအခြေအနေပေါ်မှာ မူတည်နေတယ် လို့ အင်ဒိုနီးရှားရဲ့ ဘဏ္ဍာရေးဝန်ကြီး  Chatib Barsi က ဆိုပါတယ်။ ၂၀၁၅ ခုနှစ်အတွက် အင်ဒိုနီးရှားရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို ၅.၅ ရာခိုင်နှုန်းက နေ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာဖို့ ခန့်မှန်းထားပါတယ်။ ဥရောပနဲ့ ဂျပန်တို့ရဲ့ စီးပွားရေးပြန်လည် နာလန်ထူလာမှုနဲ့ အတူ အမေရိကန်ကလည်း အတိုးနှုန်း မြှင့်တင်ဖို့ အလားအလာ ရှိနေတဲ့အ တွက် ကမ္ဘာ့စီးပွားရေးဟာ လာမယ့် နှစ်မှာ တိုးတက်လာမယ်လို့ Barsi ကဆိုပါတယ်။ တကယ်လို့ အမေရိ ကန်က အတိုးနှုန်းကို တိုးမြှင့်ခဲ့မယ် ဆိုရင်တော့ အင်ဒိုနီးရှားရဲ့ စီးပွားရေး ဟာ ၅.၅ ရာခိုင်နှုန်းဝန်းကျင်လောက် တိုးတက် လာလိမ့်မယ်လို့ Barsi က ဆိုပါတယ်။

                    Ref: antaranews.com