အင်ဒိုနီးရှားနဲ့တရုတ်ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ

[caption id="attachment_21786" align="alignnone" width="720"]indo&china အင်ဒိုနီးရှားသမ္မတ Joko Widodo တရုတ်သမ္မတ Xi Jinping[/caption] အင်ဒိုနီးရှားနဲ့ တရုတ်တို့ဟာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူကြပါတယ်။ ဂျကာတာမှာကျင်းပတဲ့ အာရှ-အာဖရိကညီလာခံမှာ သမ္မတနှစ်ဦး ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်။ နှစ်နိုင်ငံအခြားကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာဘီလီယံ ၁၅၀ ထိ တိုးမြှင့်သွားကြမှာဖြစ်တယ်။ လက်ရှိမှာ တရုတ်ဟာ အင်ဒိုနီးရှားမှာ ၂၀၁၄ ခုနှစ်အတွင်း ဒေါ်လာ ၄၈.၂၃ ဘီလီယံနဲ့ စတုတ္ထအများဆုံးရင်းနှီး ကုန်သွယ်ဘက်နိုင်ငံဖြစ်တယ်။ ဒါအပြင် တရုတ်ဟာ အင်ဒိုနီးရှားမှာရှိတဲ့ စီမံကိန်းလုပ်ငန်းငါးရာကျော်မှာ ဒေါ်လာသန်းရှစ်ရာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပါတယ်။ တရုတ်အနေနဲ့ ပင်လယ်လမ်းကြောင်းဆိုင်ရာ အခြေခံ အဆောက်အအုံတွေ၊ အထူးသဖြင့် ပင်လယ်ရေနက်ပိုင်းဆိပ်ကမ်းအတွက် ပါဝင်လုပ်ကိုင်ဖို့ အင်ဒိုနီးရှားသမ္မတက ဖိတ်ခေါ်ပါတယ်။ Ref: www.antaranews.com