၂၀၁၅ ခုနှစ်၊ ပထမသုံးလပတ်အတွင်း သီတင်းပတ်တိုင်း တရုတ်ပြည်မှာ ဘီလီယံနာသူဌေးတစ်ဦးကျစီ ပေါ်ထွန်းနေပါတယ်။ ဒါဟာ တရုတ်ရဲ့စီးပွားရေးတိုးနှုန်းနဲ့ အရင်းအနှီးဈေးကွက် ရှင်သန်စည်ပင်နေတဲ့ အချက်တွေကြောင့်ဖြစ်တယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာတစ်လျှောက်မှာ အိမ်ခြံမြေလုပ်ငန်း၊ နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားလူသုံးကုန်ပစ္စည်းလုပ်ငန်းတွေကနေ ဒေါ်လာတွေများစွာ ရနိုင်ခဲ့ကြတာဖြစ် တယ်။ ၂၀၁၄ ခုနှစ်တုန်းက တရုတ်ပြည်မှာ ဘီလီယံနာသူဌေး နှစ်ရာလောက်ရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ၅၇၀ ရှိခဲ့တယ်။ တရုတ်သူကြွယ်တွေဟာ သက်ကြီးပိုင်းတွေဆိုရင် ပညာရေးနဲ့ကျန်းမာရေးကိစ္စတွေမှာ လှူဒါန်းကြပြီး သက်ငယ်လူရွယ်ပိုင်းကဆိုရင်တော့ ချို့တဲ့နွမ်းပါးသူတွေကို ထောက်ပံ့ကူညီတဲ့ကိစ္စတွေကို လုပ်ကိုင်ကြတယ်။ Alibaba ကုမ္ပဏီကို ပူးတွဲတည်ထောင်ထားတဲ့ Jack Ma ဆိုရင် ပြီးခဲ့တဲ့နှစ်တုန်းက သဘာဝပတ်ဝန်းကျင် ကိစ္စတွေ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေမှာ ကူညီပံ့ပိုးပေးဖို့ ပရဟိတရန်ပုံငွေတစ်ရပ်ကို ထူထောင်ခဲ့တယ်။ အာရှတိုက်ရဲ့လူချမ်းသာတွေဟာ တခြားနိုင်ငံတွေက လူချမ်းသာတွေနဲ့စာရင် အသက်အရွယ် ငယ်ရွယ် ကြသူတွေဖြစ်ကြတယ်။ အာရှရဲ့လူချမ်းသာတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဆင်းရဲချို့တဲ့စွာ ကြီးပြင်း လာကြရသူတွေဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ အဲဒီလိုမျိုး ၈ ရာခိုင်နှုန်းပဲရှိတယ်။ Ref: CNN