News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
“သင့်” ပန်းချီပြခန်းသစ်ဖွင့်ပွဲ
Editorial
August 28, 2014
Gallery
Leisure
Local News
News
“သင့်” ပန်းချီပြခန်းသစ်ဖွင့်ပွဲကို ၂၀၁၄ခုနှစ် သြဂုတ်လ ၂၆ရက်နေ့က အမှတ် (၂၃) နဝဒေးလမ်း ဒဂုံမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ပြခန်းကို ဓာတ်ပုံဆရာ ဦးအေးဆောင် မှ ပိုင်ဆိုင်တာဖြစ်ပြီး ဖွင့်ပွဲ အထိမ်းအမှတ် အနေနဲ့ ပန်းချီဆရာ ဦးဇော်လူမင်းမှ တစ်ကိုယ်တော်ပန်းချီပြပွဲကို ပြသခဲ့ပါတယ်။ ပြပွဲမှာ ဝါရင့် ပန်းချီဆရာကြီး ဦးဝင်းဖေမှ အဖွင့် အမှာ စကားပြောကြားပေးပြီး ပန်းချီပြခန်းနာမည်ပေးဖြစ်ပုံ၊ မော်ဒန်ပန်းချီဖြစ်ပေါ်လာပုံ တို့နဲ့ပတ်သက်ပြီး ရှင်းလင်းပြော ကြားပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပြခန်းပိုင်ရှင် ဦးအေးဆောင်နှင့် ပန်းချီဆရာ ဦးဇော်လူမင်းတို့မှ နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပါတယ်။ ပြခန်းမှာ ပြသထားတဲ့ ပန်းချီ ကားတွေရဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၃၀၀ မှ ၃၀၀၀ အထိ အမျိုးမျိုးရှိပြီး နိုင်ငံခြားသားတွေကို အဓိက ရည်ရွယ်ပြီး ရောင်းပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ''သင့်'' ပန်းချီပြခန်းဟာ အကျယ်အဝန်းအနေနဲ့ ၁၀၀ x ၅၀ ပေ ကျယ်ဝန်းပြီး ပြခန်းငှားရမ်းခ အနေနဲ့ တစ်ရက်ကို ၅၀,၀၀၀ ကျပ် သက်မှတ် ထားတယ်လို့ သိရှိရပါတယ်။ လာရောက်ပြသတဲ့လူတွေ အဆင်ပြေစေဖို့ ပြခန်းမှ လျှပ်စစ်မီး နှင့် ဓာတ်ပုံမှတ် တမ်းတင်ခြင်းကို အခမဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း