ကျွန်မအနေနဲ့ အရင်ဆုံး Rank အကြောင်းကို ပြောပြချင်ပါတယ်။ Organization တွေမှာ ရာထူးအဆင့်အမျိုးမျိုး ရှိပါတယ်။ တချို့ Organization တွေက ရာထူးအဆင့်တွေက Tall ဖြစ်ပြီး၊ တချို့က Flat ဖြစ်ပါတယ်။ ရာထူးအဆင့် Tall ဖြစ်တယ်ဆိုတာ Organization တစ်ခုမှာ Assitstant Supervisor ၊ Supervisor ၊ Senior Supervisor အစရှိသဖြင့် ရာထူးတစ်ခုတည်းကိုပဲ ရာထူးအဆင့်အဆင့်တွေ အများကြီးရှိတာကို ဆိုလိုပြီး Flat ဖြစ်တယ်ဆိုတာကတော့ လုပ်ငန်းတစ်ခုရဲ့အောက်ခြေအကျဆုံးရာထူးကနေ အမြင့်ဆုံးရာထူးအထိကိုမှ ရာထူးအဆင့် လေး၊ ငါးဆင့်လောက်ပဲ ရှိတာကို ဆိုလိုတာဖြစ်ပါတယ်။
ဒါကြောင့် ပထမဆုံးအနေနဲ့ Role နဲ့ Rank အကြောင်းကို ပြောချင်ပါတယ်။ Role နဲ့ Rank က တစ်ခုနဲ့တစ်ခု ဆက်စပ်ပေမဲ့ တကယ်တမ်းမတူပါဘူး။ ဥပမာ Construction လုပ်ငန်းမှာဆိုရင် အလုပ်သင် အင်ဂျင်နီယာကနေစပြီး JE ၊ AE ၊ SAE ၊ EE စသဖြင့်တဖြည်းဖြည်း မြင့်မြင့်သွားပြီး ရာထူးတွေ သတ်မှတ်ထားတာကို တွေ့ရမှာပါ။ ဒီရာထူးတစ်ခုချင်းဆီမှာ Rank တွေ ရှိပါတယ်။ အလုပ်သင်အင်ဂျင်နီယာက ရာထူးအဆင့် ဘယ်လောက်ရှိတယ်၊ JE (Junior Engineer) က ရာထူးအဆင့် ဘယ်လောက်ရှိတယ်၊ AE (Assitant Engineer) က ရာထူးအဆင့် ဘယ်လောက်စတဲ့ ရာထူးအဆင့်တွေ သတ်မှတ်ထားတယ်။ ရာထူးကြီးလေ၊ ရာထူးအဆင့်ကလည်း မြင့်လေဖြစ်ပါတယ်။ ရာထူးအဆင့်ဆိုတဲ့နေရာမှာ ရာထူးအဆင့်ကို ကိန်းဂဏန်းသီးသန့် ဒါမှမဟုတ် ကိန်းဂဏန်းနဲ့ အက္ခရာတွဲပြီး ဖော်ပြလေ့ရှိပါတယ်။ ဥပမာ Supervisor က ရာထူး Rank 4 ဆိုရင် Assitant Manager က Rank 5 ၊ မန်နေဂျာက Rank 6 ဖြစ်တာမျိုးပါ။ ဒါက ကိန်းဂဏန်းနဲ့ ဖော်ပြတာပါ။ ကိန်းဂဏန်းရော အက္ခရာပါတွဲပြီး ဖော်ပြတာမျိုးလည်း ရှိပါတယ်။ ဥပမာ Professional Level ဖြစ်တဲ့ Manager ကို P/1 ၊ General Manager ကို P/2 ပေးပြီး Director အဆင့် ရောက်တော့ D/1 ၊ D2 နဲ့ ပေးထားတာတွေ ရှိပါတယ်။ ဒီမှာ ဥပမာပေးချင်တာက Construction ကုမ္ပဏီတစ်ခုရဲ့ အင်ဂျင်နီယာတစ်ယောက်က သူ့ရဲ့ရာထူးက Executive Engineer (EE) ဖြစ်ပြီး၊ ရာထူးအနေနဲ့ ဖွဲ့စည်းပုံမှာ Rank 6 လို့ သတ်မှတ်ထားတယ်ဆိုပါစို့။ သူ့ကို Construction Site ငယ်တစ်ခုမှာ Project Director ဆိုပြီး တာဝန်ပေးလိုက်တဲ့အခါ Project အချိန်မီပြီးစီးဖို့၊ အင်ဂျင်နီယာအဖွဲ့၊ Site ထဲက Supporting ရုံးအဖွဲ့နဲ့ ရုံးချုပ်က သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာတွေက သူ့ရဲ့ Role တွေ ဖြစ်လာပါတယ်။ Organization မှာ သူ့ရဲ့ Rank က 6 ဆိုပေမဲ့ သူ့ရဲ့ Role ကတော့ Project Director ဖြစ်တယ်လို့ ဆိုလိုချင်တာဖြစ်ပါတယ်။ တပြိုင်တည်းမှာပဲ အဲဒီ Site မှာရှိတဲ့ Chief Engineer (CE) ဟာ ဖွဲ့စည်းပုံမှာ ရာထူးအဆင့် Rank 8 ဖြစ်ပေမဲ့ အဲဒီ Project Site မှာ Engineering အလုပ်စစ်စစ်တွေနဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံး Role မှာ ရှိပါတယ်။ တကယ်ဆို Project Based နဲ့ ပေးထားတဲ့ရာထူးအတွက် သူ့ရဲ့ Rank က မသင့်တော်ပါဘူး။ ဘာလို့လဲဆိုရင် Project Site ကြီးအသေး ကွာဟမှုရှိနေလို့ဖြစ်ပါတယ်။
ဒီထက်ပိုပြီး ရှင်းအောင်ပြောရမယ်ဆိုရင် နာဂစ်တုန်းက အိမ်ရာတွေဆုံးရှုံးသွားတဲ့ ဒေသခံပြည်သူတွေအတွက် သတ်မှတ်ထားတဲ့ ဆင်တူအိမ်လေးတွေ အလုံး ၁၅၀ ၊ ၂၀၀ လောက် ပြန်ဆောက်ဖို့အတွက် Organization တစ်ခုကနေ EE အင်ဂျင်နီယာတစ်ယောက်ကို Project Director ရာထူးပေးပြီး လွှတ်လိုက်ပါတယ်။ EE တစ်ယောက်က ဒီလိုအိမ်မျိုးဆောက်တာဟာ အိမ်အလုံးအရေအတွက်များပေမဲ့လို့ ပညာရပ်ပိုင်းအနေနဲ့ အများကြီးစိုက်ထုတ်စရာမလိုတဲ့အတွက် လွယ်လင့်တကူ ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ နေပြည်တော်မှာ အဆင့်မြင့်နည်းပညာတွေနဲ့ ပညာရပ်တွေကို အသုံးပြုပြီးတော့ အထင်ကရ အဆောက်အဦးကြီးတွေကို ဆောက်နေတဲ့ Project မှာတော့ Project Director အဖြစ် CE (Chief Engineer) တစ်ယောက်ကို တာဝန်ပေးပါတယ်။ ဒါကြောင့် အဆင့်မြင့်နည်းပညာတွေ၊ ပညာရပ်တွေကို အသုံးပြုပြီး ဆောက်နေရတဲ့ Project ရဲ့ Project Director နဲ့ ဆင်တူအိမ်လေးတွေကို အလုံးရေအများကြီးဆောက်ရတဲ့ Project Director ရဲ့ အရည်အချင်းကို ယှဉ်ကြည့်ရင် သပ်သပ်စီဖြစ်သွားတယ်ဆိုတာကို တွေ့ရတာကြောင့် Project Director ဆိုတဲ့ ရာထူးကိုပေးတဲ့အခါမှာ Rank မသတ်မှတ်သေးဘူးဆိုတာကို ပေါ်လွင်စေပါတယ်။ အင်ဂျင်နီယာနှစ်ဦးစလုံးဟာ Project Director တွေချည်းပဲဖြစ်ပေမဲ့ သူတို့တွေရဲ့ တာဝန်ယူရမှုနဲ့ စွမ်းရည်ပိုင်းတွေက မတူပါဘူး။ ဒါကြောင့် တစ်ချို့ရာထူးတွေက Role အနေနဲ့ပဲရှိပြီး Rank အနေနဲ့ မရှိဘူးလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ပြောချင်တာတစ်ခုက စဉ်ဆက်မပြတ်ရှိနေမယ့် Project အားလုံးအတွက် အချုပ်အနေနဲ့ ပင်တိုင်တာဝန်ယူပေးရတဲ့ Project Director ဆိုပြီး ပေးထားတဲ့ရာထူးနဲ့ မသက်ဆိုင်ဘူး ပြောချင်ပါတယ်။ Project တစ်ခုချင်းစီကိုပဲ ဆိုလိုပါတယ်။
Rank အနေနဲ့ ကြည့်ရင်လည်း ဆင်တူအိမ်တွေ အများကြီးကို ဆောက်နေရတဲ့ EE အင်ဂျင်နီယာက Rank 6 မှာ ရှိတယ်ဆိုရင် ပညာပါတဲ့ အထင်ကရအဆောက်အဦးကြီးတွေကို ဆောက်နေတဲ့ Rank 6 အင်ဂျင်နီစယာကတော့ Rank 8 မှာ ရှိနေမှာ ဖြစ်ပါတယ်။ တချို့ Organization တွေမှာ ရာထူးအဆင့်ကြီးလေ ဂဏန်းကြီးသွားလေဖြစ်ပေမဲ့ တချို့မှာတော့ ဂဏန်းသေးလေ ရာထူးကြီးလေ ရှိတတ်ကြပါတယ်။ ဒီနှစ်ခုမှာ Rank အဆင့် ဂဏန်းကြီးလေ ရာထူးကြီးလေဆိုတာကိုတော့ Organization တွေက အသုံးပိုများပါတယ်။
Role ဆိုတာ သူလုပ်ရမယ့်အလုပ်မှာ ဘယ်အခန်းကဏ္ဍက ကရမယ်ဆိုတာဖြစ်တယ်။ Rank ကျတော့ အဆင့်တစ်ခုအနေနဲ့ ဖော်ပြတာမျိုးဖြစ်ပြီး သူဟာ ဘယ်အဆင့်ရှိနေတယ်၊ သူ့ထက် ဘယ်သူတွေက ရာထူးကြီးပြီး ဘယ်သူတွေက ရာထူးငယ်တယ်ဆိုတာကို ဖော်ပြတာမျိုးဖြစ်ပါတယ်။
Responsibility ဆိုတာကတော့ လုပ်ငန်းတစ်ခုမှာ Role အနေနဲ့ပဲဖြစ်ဖြစ်၊ Rank အနေနဲ့ပဲဖြစ်ဖြစ် လုပ်ရမယ့် ဝတ္တရားဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့သလို Project Director ၊ Project Manager စသဖြင့်နေရာတွေမှာ ရှိနေတဲ့သူက သူတို့ရဲ့ Role အရ သက်ဆိုင်ရာ Project တွေမှာ တာဝန်အရှိဆုံးလူဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ Report တွေကို ရုံးချုပ်မှာရှိတဲ့ စီမံခန့်ခွဲမှုဌာနကို ပေးရတယ်။ Report ပေးရတာက သူ့ Role အရ ရှိနေတဲ့ Responsibility ဖြစ်ပါတယ်။ ထိုနည်းတူ Chief Engineer တစ်ယောက်အနေနဲ့ Site ထဲမှာ သတ်မှတ်စံချိန်စညွှန်းတွေနဲ့ ကိုက်ညီတဲ့ အဆောက်အဦးတစ်ခုဖြစ်အောင် ဆောင်ရွက်ရမှာက သူ့ရဲ့ Responsibility ဖြစ်ပါတယ်။ ဒါဆိုရင် Role ရယ်၊ Rank ရယ်၊ Responsibilities ရယ်ကို ကွဲပြားသွားပြီထင်ပါတယ်။
ဒေါ်တင်မမစိုး - HR Consultant cum MD - Billion Force Services Co Ltd