[caption id="attachment_11631" align="alignnone" width="720"]
![article landscape wartermark final2](data:image/svg+xml,%3Csvg%20xmlns=%22http://www.w3.org/2000/svg%22%20viewBox=%220%200%20720%20420%22%3E%3C/svg%3E)
ဘန်ကောက်ရှိ လမ်းဘေးဈေးဆိုင်များ[/caption] ထိုင်းနိုင်ငံမှာ လမ်းဘေးစားသောက် ဆိုင်ကလေးတွေဟာ ၂၀၁၄ ကမ္ဘာ့ ဖလားဘောလုံးပွဲတွေကို အခကြေး ငွေပေးစရာမလိုဘဲ မိမိတို့ဆိုင်အတွင်း မှာ ထုတ်လွှင့်ပြသခွင့်ရှိတယ်လို့ အဲဒီပွဲစဉ်တွေကို ထုတ်လွှင့်ပြသခွင့် ရတဲ့ RS MC ကုမ္ပဏီက ပြောပါ တယ်။ RS Plc ဟာ စားသောက် ဆိုင်၊ ဟိုတယ်၊ ကာရာအိုကေ၊ နိုက် ကလပ်၊ အရက်ဆိုင် စတဲ့နေရာတွေ မှာတော့ အဲဒီပွဲစဉ်တွေကို အခကြေး ငွေယူပြီး ထုတ်လွှင့်ခွင့်ပေးတယ်။ အခကြေးငွေမပေးဘဲ ထုတ်လွှင့်တဲ့ဆိုင်တွေကို စစ်ဆေးဖို့ တစ်နိုင်ငံလုံးမှာ လူပေါင်း ၃၀၀ ကျော် ခန့်အပ်ထားတာပါ။ အခကြေးငွေ မပေးရင် ဒဏ်ငွေပေးဆောင်ခိုင်းပါတယ်။ ထုတ်လွှင့်ခွင့်က တစ်လတာကြာပွဲစဉ်အတွက် အနည်း ဆုံးဘတ်သုံးသောင်းဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ထိုင်းနိုင်ငံမှာ လူပေါင်း ၄၅ သန်း လောက် ကြည့်ခဲ့ကြပြီး ပြသခဲ့တဲ့ဆိုင်တွေလည်း အကျိုးရှိခဲ့ပါတယ်။
Ref: Bangkok Post