[caption id="attachment_8950" align="alignnone" width="720"]
ထိုင်းနိုင်ငံ Suphan Buri ခရိုင်ရှိ ဆန်စက်တစ်ခု[/caption] တရုတ်နိုင်ငံဟာ ထိုင်းကနေ ဆန်တန်ချိန် တစ်သန်းဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံခြားကုန်သွယ်ရေး ဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရုတ်အမျိုးသားနှံစားအသီးအနှံ၊ စားသုံးဆီနဲ့ စားသောက်ကုန်ကော်ပို ရေးရှင်း (COFCO)နဲ့ ထိုင်းနိုင်ငံခြား ကုန်သွယ်ရေးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့တာဖြစ်တယ်။ ထိုင်းအစိုးရရဲ့ သိုလှောင်ထားတဲ့ဆန် တွေကိုရောင်းထုတ်ဖို့နဲ့ တရုတ်က ထိုင်းဆန်ဝယ်ယူမှု ပမာဏကို တိုးမြှင့်ဖို့ရည်ရွယ်ပြီး အခုလို သဘောတူ ညီခဲ့ တာဖြစ်တယ်။ အဆိုပါ ဆန်တန်ချိန် တစ်သန်းကို ၁၂ လအတွင်းအသုတ် လိုက် တရုတ်ပြည်ကို တင်ပို့သွားမှာ ဖြစ်ပြီး ပထမအသုတ်ဖြစ်တဲ့ ဆန်တန်ချိန် လေးသိန်း ကို မတ်လကနေ ဇူလိုင်လအတွင်း တင်ပို့သွားမှာ ဖြစ်တယ်။ ထိုင်းဟာ ဆန်တင်ပို့ရောင်းချဖို့တခြား နိုင်ငံတွေနဲ့လည်း ဆွေးနွေးညှိနှိုင်းနေပြီး အစိုးရအချင်းချင်း သဘော တူ လက်မှတ်ထိုးနိုင်ဖို့ကို မျော်လင့်နေပါတယ်။
Ref: MCOT.net