တရုတ်က ၂၀၁၄ ခုနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၇ .၅ ရာခိုင်နှုန်းရှိဖို့ မျော်မှန်း

  [caption id="attachment_8964" align="alignnone" width="720"]ပေကျင်းမြို့လယ်ခေါင်ရှိ Tiananmen ရင်ပြင် ပေကျင်းမြို့လယ်ခေါင်ရှိ Tiananmen ရင်ပြင်[/caption] တရုတ်နိုင်ငံဟာ မနှစ်ကအတိုင်းပဲ ၂၀၁၄ ခုနှစ်မှာ စီပွားရေးတိုးတက်မှုနှုန်း ၇.၅ ရာခိုင်နှုန်းရှိလာဖို့ မျော်မှန်း ထားပါတယ်။ ဒုတိယကမ္ဘာ့စီးပွား    ရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ဟာ ၂၀၁၃ ခုနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၇.၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂ တုန်းကနဲ့ အတူတူပဲဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဝန်းကျင်တစ်ခုလုံး တည်ငြိမ်တဲ့အရှိန်အဟုန်နဲ့ ဆက်လက်သွားနိုင်ဖို့အတွက် ဒီနှစ်မှာ အဓိကဦးတည်ထား တဲ့မူဝါဒကတော့ ပြုပြင်ပြောင်းလဲမှုတွေ ကိုမြှင့်တင်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ကြောင်း ဗြိတိန်ဘဏ် HSBC ရဲ့ ပေကျင်းအခြေစိုက်စီးပွားရေးပညာရှင် Ma Xiaoping က ဆိုပါတယ်။ ကုန်ထုတ်လုပ်မှုပိုင်းမှာ ကျဆင်းမှုတွေ ဖြစ်ပေါ်နေပေမယ့် ဒီနှစ်မှာတော့ စီးပွားရေး ၇.၅ ရာခိုင်နှုန်းတိုးတက် လာမယ်လို့ယုံကြည်ကြောင်း Bank of America  ရဲ့ စီးပွားရေးပညာရှင် Merrill Lynch က ဆိုပါတယ်။             Ref: CAN