တရုတ်ပြည်မှာ စမ်းသပ်တဲ့အနေနဲ့ ပုဂ္ဂလိကဘဏ် ငါးခုစတင်တည်ထောင်

article landscape wartermark final10 တရုတ်ပြည်မှာ ပုဂ္ဂလိကဘဏ် ငါးခု ကို စတင်တည်ထောင်လုပ်ကိုင် တော့ မှာဖြစ်တယ်လို့ မတ်လ ၁၁ ရက်နေ့ က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Tencent နဲ့ Alibaba အင်တာ နက်ကုမ္ပဏီကြီးနှစ်ခုက ပထမဆုံး လျောက်လွှာတင်သွင်းတဲ့ကုမ္ပဏီတွေ ဖြစ်ကြတယ်လို့ နိုင်ငံစီးပွားရေးဘဏ် မူဝါဒချမှတ်သူတွေက ဆိုပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကို ချုပ်ကိုင် ထားချင်တဲ့ ကွန်မြူနစ်အာဏာပိုင် တွေရဲ့ ထင်ရှားတဲ့ပြယုဂ်အဖြစ် တိုင်း ပြည်ရဲ့ဘဏ်လုပ်ငန်းအများစုဟာ နိုင်ငံပိုင်ဖြစ်နေပြီး ပုဂ္ဂလိကပိုင် အတော့်ကိုရှားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တိုင်းပြည်ခေါင်းဆောင် တွေစုဝေးပြီး ပုဂ္ဂလိကပိုင်ကဏ္ဍမှာရှိတဲ့ ငွေကြေးတွေကို နိုင်ငံရဲ့စီးပွားရေး လုပ်ငန်းတွေမှာ အပြိုင်အဆိုင်တိုး တက်မှုရှိလာအောင် ဆောင်ရွက်တဲ့အနေနဲ့ လုပ်ငန်းငယ်လေးတွေကို  ငွေချေးပေးဖို့ စဉ်းစားရာကနေ အခုလို ပုဂ္ဂလိကဘဏ် ငါးခုပေါ်ထွက်လာ ခြင်းဖြစ်ပါတယ်လို့ China Banking Regulatory Commission    ရဲ့ ဥက္ကဋ္ဌ Shang Fulin  က ပြော ကြားပါတယ်။ ပထမဦးဆုံးရင်းနှီးမြှုပ်နှံသူဆယ်ဦးကို ရွေးချယ်ပြီး နှစ်ဦးတစ်တွဲစီ ပူးပေါင်းကာ ပုဂ္ဂလိကဘဏ် ငါးခုကို စတင်လက်တွဲမှာ ဖြစ်ပါတယ်။ ဒီ ဆယ်ဦးထဲမှာ  Alibaba, Tencent, Fosun, Wanxiang Group  နဲ့ တရုတ်နိုင်ငံရဲ့ တကယ့်ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီး ခြောက်ခု ပါဝင်ပါတယ်။ ယခင်အစိုးရရဲ့ ဘဏ် လုပ်ငန်းနယ်ပယ်မှာ အဓိကဘဏ် လေးခု ရှိပါတယ်။ အဲဒီဘဏ်တွေက စက်မှုလုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ် ရေးဆိုင်ရာဘဏ် (ICBC) ၊ တရုတ် နိုင်ငံတော်ဘဏ်၊ ဆောက်လုပ်ရေး ဘဏ်နဲ့ စိုက်ပျိုးရေးဘဏ်တို့ပဲ ဖြစ် ပါတယ်။ လက်ရှိနိုင်ငံပိုင်ဘဏ်တွေရဲ့ အဓိကပြဿနာကတော့ နိုင်ငံပိုင်ကုမ္ပဏီတွေကိုပဲ ငွေထုတ်ချေးနိုင်ပါတယ်။ အသေးစားလုပ်ငန်းလေးတွေအနေနဲ့ အခု အသစ်ပုဂ္ဂလိကဘဏ် တွေမှာ ငွေချေးနိုင်ပြီဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့စီးပွားရေး ပိုမိုဖွံ့ဖြိုးဖို့ အလားအလာကောင်းတစ်ရပ်ဖြစ်တယ်လို့ ယူ ဆရပါတယ်။ ဒီဘဏ်အသစ်တွေ စတင်လည်ပတ်မယ့်အချိန်ကိုတော့ မသတ်မှတ်နိုင်သေးပါဘူးလို့ Shang က ပြောပါတယ်။

Ref : CNA