စင်ကာပူနိုင်ငံရှိ ကျွမ်းကျင်အလုပ်သ မားတွေရဲ့ သုံးပုံနှစ်ပုံဟာ သူတို့ရဲ့လုပ် ငန်းစာချုပ်ထဲမှာ သတ်မှတ်ထားတဲ့ အချိန်ထက်ပိုပြီး အလုပ်လုပ်နေကြရ တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ကြရတဲ့ဦးရေဟာ ဂျပန်နဲ့ ဟောင် ကောင်တို့မှာထက် နည်းပါတယ်။ ဒါပေမဲ့ တရုတ်မှာထက် များပါတယ်။ အဲဒီလို အချိန်ပိုလုပ်ကြရတဲ့သူတွေရဲ့ ၂၈ ရာခိုင်နှုန်းကသာ အလုပ်ပိုတွင်ပြီး ပိုပြီးမြောက်တယ်လို့ ဆိုပါတယ်။ အ များစုကတော့ ခုလိုအချိန်တွေကို လုပ် ရတဲ့အတွက် မိသားစုဘဝနဲ့ လုပ်ငန်း ခွင်ဘ၀ ဟန်ချက်မျတမှုမရှိတော့ဘူး လို့ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ် အိမ်မှာနေရင် မိုဘိုင်းဖုန်းတွေနဲ့ အ ချိန်ပို လုပ်နေကြရတာ ဖြစ်တယ်။ စင်ကာပူ မှာ နေ့စဉ်အလုပ်စ လုပ်ချိန်ဟာ အနောက် နိုင်ငံတွေမှာထက် နောက်ကျပါတယ်။ ''တချို့ကုမ္ပဏီနည်း နည်းပါးပါးကတော့ အလုပ်တွေကို အိမ်မှာယူလုပ်ခွင့်ပေးတာမျိုး အလုပ် ချိန်ကို ရှေ့တိုးနောက်ဆုတ်လုပ်ပေး တာမျိုးတွေရှိကြတယ်'' လို့ လေ့လာ သူတစ်ဦးက ဆိုပါတယ်။ ''ဒါပေမဲ့ အများစုကတော့ အဲဒီလို မလုပ်ကြဘူး'' လို့လည်း ပြောပါတယ်။
Ref: CNA