ကျည်ဆန်ရထားနှင့်ကား အိန္ဒိယနှင့် ဂျပန်

အိန္ဒိယနိုင်ငံမှာ မြန်နှုန်းမြင့်ကျည်ဆန်ရထား ပြေးဆွဲနိုင်ဖို့အတွက် ကနဦးအဆင့်အဖြစ် ဒေါ်လာ ၁၅ ဘီလီယံ တန် သဘောတူစာချုပ်ကို ဂျပန်နိုင်ငံနဲ့ချုပ်ဆိုခဲ့ပါတယ်။ မွန်ဘိုင်းနဲ့အမတာဘဒ်မြို့ကြား ၅၀၅ ကီလိုမီတာ ရှည်လျားတဲ့ ကျည်ဆန်ရထားလိုင်းအတွက် ဖြစ်ပါတယ်။ ဒီငွေကို အတိုးနှုန်း ဝ.၅ ရာခိုင်နှုန်းနဲ့ နှစ် ၅၀ သက်တမ်းကြာအောင် ဂျပန်က ချေးငှားပေးတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ လက်ရှိရထားလမ်းဟောင်းတွေကို လာမယ့်ငါးနှစ်ကာလအတွင်းမှာ ဒေါ်လာ ၁၃၇ ဘီလီယံ ရင်းနှီးမြှုပ်နှံအဆင့်တိုးမြှင့်သွားမယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံကလည်း အိန္ဒိယနိုင်ငံထုတ် Baleno ကားတွေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလစပြီး တစ်နှစ်မှာ ကားစင်းရေ သုံးသောင်းတင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။