လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတွက် သိရှိရမယ့် ကျင့်ဝတ် စည်းမျဉ်းတချို့

လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတွက် သိရှိရမယ့် ကျင့်ဝတ် စည်းမျဉ်းတချို့ကို သိချင်ပါတယ်။

work ethics 1

အပြုသဘောဆောင်တဲ့  ထင်မြင်ချက်တွေဖြစ်အောင်  ပြုလုပ် ပါ။

သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတဲ့အပေါ် တခြားလူတွေရဲ့ ထင် မြင်ချက်က လုပ်ငန်းလောကမှာ အရေးပါပါတယ်။ တခြား လူတွေနဲ့ ပထမဆုံးတွေ့ဆုံချိန် ခဏလေးကနေ ပထမဆုံး ထင်မြင်ချက်( First Impressions) ဆိုတာ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် သင်ဟာ အရည်အချင်းပြည့်ဝတဲ့သူတစ်ယောက် အဖြစ် First Impression ကောင်းအောင်ပြုလုပ်နိုင်မယ့် အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ - တစ်ဖက်လူနဲ့စကားပြောတဲ့အခါမှာ ခန္ဓာကိုယ်ကိုမတ်   မတ်ရပ်၊ မျက်လုံးချင်းဆုံပြီးပြောဆိုပါ။ နောက်ပြီး အရိုး သားဆုံး ပြုံးပြဖို့လည်းမမေ့ပါနဲ့။ - ရုံးကို စောစောရောက်အောင်သွားပါ။ ရုံးကသတ်မှတ် ထားတဲ့ အဝတ်အစားပုံစံအတိုင်းဝတ်ဆင်ပါ။ - သင့်ရဲ့ပုံရိပ်ကိုကိုယ်စားပြုမယ့် နောက်ထပ်အရာတစ်ခုက သင့်ရဲ့လက်ဆွဲအိတ်ပါ။ သင်ရုံးတက်ရင် ယူဆောင်လာ မယ့် သင့်ရဲ့အိတ်က မျက်စိရှုပ်စရာ ဖြစ်နေရင်လည်း သင့်ရဲ့ ပုံရိပ်ကို မှေးမှိန်စေမှာပါ။ - တစ်စုံတစ်ယောက်နဲ့ ပထမဆုံးတွေ့ဆုံတဲ့အခါမှာ မြဲမြံ တဲ့လက်တစ်စုံနဲ့ ညင်ညင်သာသာ လက်ဆွဲနှုတ်ဆက်ဖို့ မမေ့ပါနဲ့။ - လုပ်ငန်းခွင်ထဲမှာ အိပ်ချင်တဲ့ပုံစံက ကိုယ့်ရဲ့သွင်ပြင်ကိုဆိုးရွားစေတာကြောင့် သတိရှိသင့်ပါတယ်။ - ယဉ်ကျေးတဲ့စကားအသုံးအနှုန်းနဲ့ လောကွတ်စကားတွေ ဆိုပါ။ - လူအများနဲ့  ဆက်ဆံရေးကောင်းအောင်  တည်ဆောက်ပါ။  

လုပ်ငန်းခွင်ထဲမှာ တခြားလူတွေနဲ့ ပြောဆိုရတဲ့အခါ ဆက် ဆံရေးကောင်းတယ်လို့ နာမည်ရစေမယ့် ကောင်းကွက်လေး တွေကတော့ ...

  - နာမည်တွေကို မှတ်မိထားသင့်ပါတယ်။ နာမည်တွေကို မှတ်မိနေစေမယ့် နည်လမ်းကောင်းတစ်ခုက သူတိုနဲ့ စကားအပြန် အလှန်ပြောဆိုနေချိန်မှာ သူတို့ရဲ့နာမည် အတိုကောက်ကိုပဲဖြစ်ဖြစ် သုံးခါလောက်သုံးပြီး စကား ပြောပေးပါ။ နာမည် ကိုချရေးတာဖြစ်ဖြစ်၊ြောန ဃမေိ  တောင်းတာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ - လုပ်ငန်းခွင်ထဲမှာ တခြားလူတွေရဲ့အရေးပါမှုကို တန်ဖိုး မဖြတ်ပါနဲ့။ အားလုံးက လေးစားသင့်တဲ့သူတွေပါပဲ။ - သင်ဟာလုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို တခြားလူကိုပြောလို့ရပေမဲ့ သတိထားသင့်ပါတယ်။ တခြားလူတွေရဲ့ ကိုယ်ရေးကိုယ် တာ ကိစ္စတွေကိုလည်း မမေးမြန်းသင့်ပါဘူး။ - တခြားလူတွေရဲ့ကိုယ်ရေးကိုယ်တာ လွတ်လပ်ပိုင်ခွင့်ကို လေးစားပါ။  

လုပ်ငန်းခွင် ဆက်သွယ်ရေးတွေမှာ မပါမဖြစ်တဲ့ အီးမေးလ် ကိုမှန်ကန်စွာ အသုံးပြုပါ။

  လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ နည်းလမ်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ အီးမေးလ်နဲ့ဆက်သွယ်ဆောင်ရွက်ရာမှာ အခြေခံအားဖြင့် သိရှိထားသင့်တဲ့အချက်တွေကတော့ - ဝင်လာသမျဖုန်းတွေနဲ့အီးမေးလ်တွေကို ၂၄ နာရီအတွင်း အကြောင်းပြန်ပါ။ ဒါမှသာအရေးကြီးတဲ့ သတင်းအချက် အလက်တွေကို အချိန်မီသိရှိ လုပ်ဆောင်နိုင်မှာပါ။ - အလုပ်အတွက် အီးမေးလ်ပို့တဲ့အခါ စာကြောင်းတိုင်းကို သဒ္ဒါနည်းစနစ်တကျ စာလုံးပေါင်းမှန်အောင် စစ်ဆေး သင့်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ သုံးနှုန်းတဲ့ ပုံစံမျိုးကို လုပ်ငန်းကိစ္စတွေအတွက် အီးမေးလ်ပို့တဲ့အခါ မသုံးမိဖို့ ဆင်ခြင်သင့်ပါတယ်။ - ဘယ်ကိစ္စကိုမဆို လူချင်းတွေ့ပြီး ပြောသလိုမျိုး အီးမေးလ် ပို့တဲ့အခါ လုံးဝမသုံးသင့်ပါဘူး။ - အီးမေးလ်ပို့တဲ့အခါ Subject Box ကိုအသုံးပြုပါ။ သင် အသိပေးလိုတဲ့  အကြောင်းအရာနဲ့ အဓိကပတ်သက်တာ တွေကို သေချာစွာရေးပါ။  

လုပ်ငန်းခွင်အတွင်း ဆင်ခြင်သင့်တဲ့ အပြုအမူများ

ဝန်ထမ်းတော်တော်များများဟာ အိမ်မှာနေရချိန်ထက် လုပ် ငန်းခွင်ထဲမှာ ကုန်ဆုံးရချိန်က ပိုများနေနိုင်ပါတယ်။ ဒီလို အချိန်အများဆုံးနေရတဲ့လုပ်ငန်းခွင်ထဲမှာ တခြားသူကို စိတ် အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူတွေကို ဆင်ခြင်တာ ဟာလည်း လုပ်ငန်းခွင်ဆိုင်ရာကျွမ်းကျင်မှုတွေထဲက တစ်ခု ပါပဲ။ ဆင်ခြင်သင့်တဲ့ အကြောင်းအချက်တွေကတော့ - ရုံးတွင်းမှာရှိတဲ့ တခြားလူတွေရဲ့အခန်းကိုသွားမယ်ဆို ရင် ဒီအတိုင်းဝင်မသွားသင့်ပါဘူး။ တံခါးခေါက်တာ၊ ဒါမှမဟုတ် သင်ရောက်ရှိနေကြောင်းကို အသံပေးတာ ပဲဖြစ်ဖြစ် အရင်အသိပေးသင့်ပါတယ်။ - တခြားလူနဲ့ဖုန်းပြောဆိုနေချိန်မှာလည်း ကြားဖြတ်ပြောဆို တာမျိုး၊ လက်ဟန်ခြေဟန်မျိုးနဲ့ပြောဆိုတာမျိုး စတဲ့ အပြုအမူတွေကို ဆင်ခြင်သင့်ပါတယ်။ ဒီလို လုပ်လိုက် တာဟာ သင့်အနေနဲ့ သတင်းပေးချင် တာဖြစ်ကောင်းဖြစ် ပေမဲ့ တခြားလူရဲ့အရေးကြီးတဲ့ ဖုန်းပြောနေတာကို အ နှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ - ရုံးချိန်အတွင်းမှာ ကိုယ်ရေးကိုယ်တာဖုန်းပြောဆိုမှုတွေကို ဆင်ခြင်သင့်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ရုံးခန်းထဲ မှာဆိုရင် ပြဿ     နာမရှိနိုင်ပေမဲ့ သင်ဟာခန်းမကျယ်ထဲမှာ လုပ်ကိုင်နေရတယ်ဆိုရင်တော့ အထူးသတိထားသင့်ပါ တယ်။ - ရုံးတွင်းမှာ ကိုယ့်ရဲ့လက်ကိုင်ဖုန်းကို ဘယ်အချိန်တွေနဲ့ ဘယ်နေရာတွေမှာ ပြောရင်သင့်တော်မလဲဆိုတာကိုလည်း လေ့လာထားသင့်ပါတယ်။ - နောက်ဆုံးအချက်တစ်ခုဖြစ်တဲ့ အလုပ်ချိန်အတွင်း အစား စားတာကို ဆင်ခြင်သင့်ပါတယ်။ သင်စားသုံးရာကနေ ထွက်ပေါ်လာမယ့် အနံ့နဲ့ ဆူညံတာတွေဟာ တခြားလုပ် ဖော်ကိုင်ဖက်တွေရဲ့ အာရုံစူးစိုက်မှုကို အနှောင့်အယှက် ပေးနိုင်လို့ပါ။