ကုမ္ပဏီကြီး/သေးအပေါ်မူတည်ပြီး HR Department လို/မလို

ဒါကို အတိအကျတော့ ပြောလို့မရပါဘူး။ ကုမ္ပဏီတွေဟာ ပုံမှန်အားဖြင့်တော့ HR ကို Benchmark ၁း၁၀၀၊ ဝန်ထမ်းတစ်ရာရှိရင် HR တစ်ယောက်နှုန်းနဲ့ ထားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ Size ပေါ်မှာ မူတည်ပြီးတော့လည်း HR ဝန်ထမ်းအရေအတွက်က နည်းနိုင်သလို များလည်းများနိုင်ပါတယ်။ ဥပမာ- ၁း၁၈၀ လို့ သတ်မှတ်လို့ရသလို ၁း၃၀၀ လို့လည်း အဆင်ပြေသလို သတ်မှတ်လို့ ရပါတယ်။ ကုမ္ပဏီရဲ့ HR အသုံးပြုမှု၊ HR လိုအပ်မှုပေါ်မှာလည်း မူတည်ပါတယ်။ HR ကို ဘယ်လောက်ထိ အသုံးပြုတဲ့ Organization လဲဆိုတဲ့ပေါ် မူတည်ပြီးတော့မှ Size ကို အမျိုးမျိုးပြောင်းလဲသတ်မှတ်ကြပါတယ်။

ဦးမျိုးသန်း (Director of Talent Development, Ooredoo Myanmar)