HR (Human Resources) ရဲ့ အခြေခံအချက်တွေကို သူ့အနေနဲ့ သိထားဖို့လိုပါတယ်။ ဥပမာ - ဝန်ထမ်းရေးရာ စည်းမျဉ်းတွေကို နားလည်ဖို့၊ Labour Law တွေကို နားလည်ဖို့၊ ဝန်ထမ်းတွေရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို နားလည်ဖို့၊ Form တွေ အကြောင်း နားလည်ဖို့၊ နိုင်ငံတော်က သတ်မှတ်ထားတဲ့ခွင့်တွေအကြောင်း နားလည်ဖို့ စတာတွေ လိုအပ်ပါတယ်။ အဲဒီလို အခြေခံအချက်တွေကို နားလည်တယ်ဆိုရင်တော့ စလို့ရတဲ့အနေအထားကို ရပါတယ်။ အခု နောက်ပိုင်းမှာ HR နဲ့ ပတ်သက်တဲ့ သင်တန်းတွေ အများကြီးပေါ်လာတယ်။ စာအုပ်တွေလည်းရှိသလို သင်တန်းတွေလည်း ရှိလာတယ်။ ဒီသင်တန်းတွေ၊ စာအုပ်တွေကို တက်ပါ၊ ဖတ်ပါ။ ဒါဆိုရင်တော့ ဒီထက်မက ပိုပြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်။
ဦးမျိုးသန်း - Director of Talent Development - Ooredoo Myanmar