ကိုယ့်ကို ယုံကြည်မှုမရှိတဲ့ အထက်လူကြီးရဲ့ လက်အောက်မှာ အကောင်းဆုံး ပြန်လည်လုပ်ပြနိုင်ဖို့

article portrait watermark final

ကိုယ့်ကို ယုံကြည်မှုမရှိတဲ့ အထက်လူကြီးရဲ့ လက်အောက်မှာ အကောင်းဆုံး ပြန်လည်လုပ်ပြနိုင်ဖို့ ဘယ်လိုပြန်လည်ပြင်ဆင်သင့်ပါသလဲ။

မေးခွန်းရှင်ရဲ့ မေးခွန်းလေးက အကယ်၍များ ''ကိုယ့်ကို ယုံကြည်မှုမရှိတော့ (တော့) တဲ့ အထက်လူကြီး'' လို့သာ ပါလာခဲ့ရင်၊''ဒီအလုပ်က အခုပဲ ထွက်လိုက်ပါ'' လို့ ဆရာ၊ ဖြေမိမလားဘဲ။ အခုဟာက ''တော့'' မပါသေးဘူးနော်၊ အေးလေ...။ အခုကတော့ ''ကိုယ့်ကို ယုံကြည်မှုမရှိ တဲ့ အထက်လူကြီးရဲ့ လက်အောက်မှာ အကောင်းဆုံးပြန်လည်လုပ်ပြနိုင်ဖို့'' ဆို တော့၊ ဆရာသဘောပေါက်လိုက်တာက၊ ''ယုံကြည်မှုပြန်ရှိလာအောင်'' လုပ်ချင်တဲ့ သဘောပဲပေါ့။ ဒီတော့ ဘယ်လိုပြန်လည်ပြင်ဆင်သင့် သလဲဆိုတာကိုရှင်းအောင် ဆရာ့ထုံးစံ အတိုင်း အမှတ်စဉ်တပ်ဖြေပါ့မယ်။ ၁။ ပထမဆုံး ကိုယ့်ကို မယုံကြည်ရတဲ့ အကြောင်းရင်းကဘာလဲ။ ငွေရေးကြေး ရေးကိစ္စလား၊ လူမှုရေးကိစ္စလား။ ကိုယ့်အရည်အသွေးညံ့ဖျင်းလွန်းလို့လား။ ဒါ တွေမှမဟုတ် ပြိုင်ဘက်တွေက J(Jealous) ဝင်ပြီး တွန်းတိုက်လို့လား။ စသဖြင့် စသ ဖြင့် သိအောင်လုပ်ပါ။ ၂။ အကြောင်းရင်းသိရရင် ခိုင်မာသေ ချာတဲ့Document  တွေနဲ့ သူ့ကို သဘောပေါက်နား လည်သွားအောင် Rhetoric  စကားပြောနည်းပညာ အပီသုံးပြီး လိမ္မာပါးနပ်စွာ ရှင်းပြပါ။ ၃။       အခုလောလောဆယ် သူတာဝန်ပေးတဲ့အလုပ်မှန်သမှ ျ ယခင်ကထက် လုံ့လဥဿ     ဟထုတ်ပြီး လုပ်ချင်ကိုင်ချင်စိတ် (Enthusiastic)  ဖြစ်ပြီး သူမြင်သာထင်သာ အောင် လုပ်ပြလိုက်ပါ။ ၄။       သူနဲ့ရင်းနှီးခင်မင်တဲ့၊ ဒါမှမဟုတ် သူ့ကို သြဇာလွှမ်းမိုးနိုင်မယ့်ပုဂ္ဂိုလ်တွေဆီ ချဉ်းကပ်ပြီး အခြေအနေမှန်ကို ပြောပြပါ။ ၅။       အရေးကြီးဆုံးက လုပ်သက်တစ်လျောက်လုံး ဘက်စုံ ထောင့်စုံမှာ ကိုယ့်ဘက်က Honest  ဖြစ်ဖို့၊  Serpulous  ဖြစ်ဖို့ လိုအပ်ပြီး လုပ်ငန်းခွင်မှာ ရိုးသားကြိုး စားတဲ့ Good and Able Staff  တစ်ဦး ဖြစ်တယ်ဆိုတာ အများသိအောင် ကျော်ဇောဖို့ လိုမယ်။ ဒါက Essential  နော်။ ဒါဆိုရင်တော့ အထက်လူကြီးက ပြန်လည်ယုံ ကြည်မှုရှိလာမယ်လို့ ဆရာယုံတယ်။ ဒါမှမဟုတ်ဘဲ ''ပင်လယ်ထဲမှာ ရေရှိတယ်ဆိုရင်တောင်... ပြေးကြည့်ပြီးမှ ယုံမယ်... မေးခွန်းရှင်ရေ...'' လို့ ပြောလာခဲ့ရင်တော့ ... (ဒေါ်) မာမာအေးရဲ့ ''ယုံရခက်ခက်''၊ ဟေမာနေဝင်းရဲ့ ''ယုံလား'' သီချင်းတွေကို တစ်သက်လုံး နားမထောင်ဘဲ အလုပ်က ထွက်လာခဲ့ပါလို့ပဲ အားပေးစကားပြောကြားရင်း ဖြေပါရစေမေးခွန်းရှင်ရေ။ သိပ်မငုပ်နဲ့။ ကျောက်ဆောင်ရှိတယ်နော်။  

ရဲမြင့် -စွန့်ဦးတီထွင်