တက္ကဆက်ပြည်နယ်သား လယ်သမားတစ်ဦးသည် အင်္ဂလန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် အင်္ဂလိပ်လယ်သမားတစ်ဦးနှင့် ဆုံစည်းခွင့်ရသည်။ တက္ကဆက်သားက ''ခင်ဗျားလယ် ဘယ်လောက် ကျယ်သလဲဗျ'' ဟု မေးသည်။ အင်္ဂလိပ်လယ်သမားက '' ၃၅ ဧကပါ'' ဟု ဖြေသည်။ တက္ကဆက်သားက ''သြ၊ ၃၅ ဧက ဟုတ်လား၊ ကျွန်တော့်မှာဆိုဗျာ၊ ကျွန်တော် ထရပ်ကားနဲ့ လယ်တောထဲကို မနက် ၈ နာရီမှာ ဝင်သွားတယ်၊ မွန်းတည့်ချိန်မှာ ကျွန်တော့် လယ်ထဲမှာပဲ ရှိသေးတယ်၊ ဒါနဲ့ နေ့လယ်စာ စားပြီး ဆက်မောင်းလာတာ ညနေ ၅ နာရီ ထိုးသွားတယ်၊ ကျွန်တော့် လယ်ထဲမှာ ရှိတုန်းပဲ'' ဟု ကြွားလိုက်သည်။ အင်္ဂလိပ်လယ်သမားက အံ့သြပုံ မပြဘဲ ခပ်အေးအေးပဲ တုံ့ပြန်လိုက်သည်။ ''သြော်၊ ဟုတ်ကဲ့၊ ကျွန်တော့်မှာလည်း အရင်တုန်းက အဲဒီလို ထရပ်ကားမျိုး ရှိခဲ့ဖူးပါသဗျာ'' တဲ့။
ဥပဒေသ။ ။ နှိုင်းယှဉ်တိုင်းတာပုံ အတိုင်းအတာစနစ်အရ နီးစပ်တူညီတိုင်း လုပ်ငန်းအခြေအနေတူသည်ဟု အမြဲမပြောနိုင်။ ခဲ တစ်ပိဿာနှင့် မှို တစ်ပိဿာတို့ သိပ်သည်းမှု ကွာခြားသကဲ့သို့မျိုး ဖြစ်သည်။
အပြုံးနှင့်စီမံ အပြုံးနှင့် နာခံနိုင်ကြပါစေ။
ရီနေနိုင်