အာရှကျားလေးကောင်ဖြစ်သော ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့သည် တစ်ချိန်က စီးပွားရေးလောကတွင် ဆွဲဆောင်မှုရှိသော နိုင်ငံများဖြစ်ခဲ့ သည်။ ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလများမှ ၁၉၉၀ ပြည့်နှစ်များအထိ စီးပွားရေးတိုးတက်မှုနှုန်းမှာ ကိန်း ဂဏန်းနှစ်လုံး ပုံမှန်ရှိခဲ့သည်။ လယ်သမားများ၊ အလုပ် သမားများအဖြစ် ကျင်လည်ခဲ့ရသည့် မျိုးဆက်များက မိမိတို့၏သားသမီးများအား ကမ္ဘာ့ပညာအတတ်ဆုံးပုဂ္ဂိုလ် အချို့အဖြစ် ထွက်ပေါ်လာကြသည်ကို စောင့်ကြည့်ခဲ့ကြရ သည်။ ဤအာရှကျားနိုင်ငံများသည် ပိတ်စရှပ်အင်္ကျီများ၊ ပလတ်စတစ်ပန်းများ၊ ဆံပင်တုများထုတ်လုပ်ခြင်းဖြင့် စတင်ခဲ့ကြသည်။ များမကြာမီအချိန်အတွင်းမှာပင် ယင်းတို့သည် Memory Chips များ၊ Laptop များနှင့် အခြား ငွေကြေးလည်ပတ်မှုလုပ်ငန်းများ စတင်လုပ်ကိုင် လာကြသည်။ ဖြစ်စဉ်တစ်လျောက်၊ ယင်းတို့၏အောင် မြင်မှုအရင်းအမြစ်များ(အကြောင်းရင်းများ)နှင့် ပတ်သက် ၍ ပညာရပ်ဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများဖြင့်လည်း မျိုး စေ့များကို စိတ်အားထက်သန်စွာချပေးခဲ့သည်။ အချို့က အစိုးရလမ်းညွှန်မှုများမှတစ်ဆင့်လည်းကောင်း၊ အချို့က ဈေးကွက်ပြိုင်ဆိုင်မှုများမှလည်းကောင်း ရုန်းကန်ကြိုး စား၍ ရရှိခဲ့ကြခြင်းဖြစ်သည်။
ထိ့ုနောက် အဖြစ်အပျက်များကပြောင်းလဲသွား ခဲ့သည်။ အာရှတိုက်၏ စီးပွားရေးကျပ်တည်းမှုအရေး အခင်းများက ယင်းတို့၏တန်ခိုးအရှိန်အဝါတို့ကို ဖျက် ဆီးပစ်ခဲ့သည်။ တရုတ်ပြည်သည် တိုးတက်သည့် နိုင်ငံ အသစ်အဖြစ် ထွက်ပေါ်လာသော်လည်း အတိုင်းအတာ တစ်ခုအထိသာဖြစ်ခဲ့သည်။ အာရှကျားများ တိုးတက်မှု အရှိန်အဟုန် လျော့ပါးခဲ့သည်။ ယခုနှစ်တွင် အမေရိကန် နိုင်ငံသည် ယင်းနိုင်ငံလေးခုလုံးထက် ပိုမိုမြန်ဆန်သော နှုန်းဖြင့် တိုးတက်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေ ပြီဖြစ်သည်။
ယင်းတို့အားလုံးသည် ဖြေရှင်းရန်မလွယ်ကူ သောအခက်အခဲများ ရှိထားကြပုံရသည်။ လစာနှုန်း ထားများ တန့်နေသော တစ်နည်းအားဖြင့် စီပွားရေးတိုး တက်မှုမရှိသော ထိုင်ဝမ်နိုင်ငံ၊ စီးပွားရေးလုပ်ငန်းကြီးများ ကြီးစိုးနေသည့် တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံခြားမှဝင် ရောက်လာသော လုပ်ခသက်သာသည့် အလုပ်သမားများ ၏ လုပ်ငန်းမကျွမ်းကျင်မှုနှင့် ရင်ဆိုင်နေရသည့် စင်ကာ ပူနိုင်ငံ၊ အဆိုးဆုံးမှာ ဟောင်ကောင်ရှိ မိမိ၏နိုင်ငံသား များအားလက်ခံနားထောင်ပေးနိုင်ခြင်း၊ နားထောင်ပေး ခြင်းမရှိသည့် အစိုးရ စသည်တို့ဖြစ်သည်။
ယင်းတို့သည် အနောက်နိုင်ငံများအား ဒုက္ခပေး ခဲ့သည့်ပြဿနာရပ်များအား ရင်ဆိုင်နေရသည်။ လူနေမှု အဆင့်အတန်းကွာဟခြင်းအား မည်သို့လျော့ချမည်နည်း၊ ထုတ်လုပ်မှုတိုးတက်အောင် မည်သို့ပြုလုပ်မည်နည်း၊ အသက်အရွယ်ကြီးရင့်သူများလာခြင်းနှင့် အဆင်ပြေအောင် မည်သို့စီမံမည်နည်း ... စသည်တို့ဖြင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြားတွင် ညီညွတ်မျတအောင် မည်သို့ကျင့် ကြံနေထိုင်မည်နည်း စသည်တို့ဖြစ်သည်။ အရာအားလုံး အတွက်တော့အဖြေမရှိပါ။ သို့သော် တစ်ခါတစ်ရံ ရူးသွပ် သည်ဟုထင်ရသော်လည်း အပြုသဘောဆောင်သည့် ချဉ်းကပ်မှုများလည်းရှိနေပေသည်။
ပထမတစ်ခုမှာ၊ အာရှကျားများ ရင်ဆိုင်နေကြရ သည့်ပြဿနာများမှာ ဆုံးရှုံးခြင်းကြောင့် မဟုတ်ဘဲ အောင်မြင်မှုများကြောင့် ရင် ဆိုင်နေကြရခြင်းဖြစ်သည်။ ပုံမှန်မြင့် တက်လာသည့်လုပ်အားခများနှင့် မြေနေရာ တန်ဖိုးများကြားမှပင် ယင်းတို့၏ ကမ္ဘာတစ်ဝန်း ကုန် ထုတ်လုပ်မှုဝေစုကို နှစ်ပေါင်းများစွာ ဆက်လက်ကြိုး စား ထိန်းသိမ်းခဲ့ကြသည်။ ယင်းသည့်တိုင် ယခုအချိန် တွင်လည်း ကမ္ဘာ့လိုအပ်မှုနှုန်းထားထက် ပိုမိုမြန်ဆန် သောနှုန်းထားဖြင့် ထုတ်ကုန်များကို ချဲ့ထွင်ထုတ်လုပ်ဖို့ ရုန်းကန်နေကြမည်ဖြစ်သည်။ လုပ်ငန်းကဏ္ဍပေါင်းများ စွာတို့တွင် နည်းဗျူဟာဆိုင်ရာ ရင်ဆိုင်မှုများနှင့်လည်း ကြုံတွေ့နေကြရပေသည်။
ဒုတိယရင်ဆိုင်မှုကြီးမှာ၊ ရှုပ်ထွေးသည့်“ နိုင်ငံ သားဖြစ်တည်မှုက'' ဒီမိုကရေစီစနစ်သို့ ဦးတည်လိုသည့် ဆန္ဒကို ဖြစ်ပေါ်စေသည့်အချိန်တွင် ထိုဦးတည်လိုသော ဆန္ဒသည် တရားမျတမှုမရှိခြင်း၊ ဥပက္ခာပြုခြင်းများဖြစ်နေ မည်လားဆိုသော ဒွိဟစိတ်ကိုပေါ်ပေါက်စေခြင်းဖြစ် သည်။ အချို့က ထိုင်ဝမ်နှင့် တောင်ကိုရီးယားနိုင်ငံများ ရှိ မုန်တိုင်းထန်နေသောနိုင်ငံရေးအခြေအနေ၊ ထင်ပေါ် သည့်လာဘ်ပေးလာဘ်ယူမှုများ၊ ပါလီမန်တွင်းထိုးကြိတ် မှုများ၊ တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား အလွန်အကြူးထောက်ခံသည့် သတင်းပြန်ကြားမှု ဌာန များ စသည်တို့က ထိုတိုင်းပြည်များ၏တိုးတက်မှုကို အ ဟန့်အတားဖြစ်စေသည်ဟု ပြောဆိုကြသည်။ သို့သော် ထို အာရှကျားများ၏ ဖြစ်စဉ်များအား စေ့စပ်သေချာစွာ လေ့ လာဆန်းစစ်ထားသည့်အချက်များက ထိုပြောဆိုမှုများ ကို ထောက်ခံခြင်းမရှိခဲ့ပေ။ ယင်းအစား ဟောင်ကောင် တွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည်၊ ဒီမိုကရေစီ စနစ်၏ အခွင့်အရေးများပျက်ကွက်မှုမှတစ်ဆင့် အလွန် စိုးရိမ်ဖွယ်ကောင်းသော “ တာဝန်လစ်ဟင်းမှုမှ ဖန်တီးလိုက် သည့် မကျေနပ်မှုများ၊ ယုံကြည်မှုကင်းမဲ့ခြင်းများကြောင့် ” ဆိုသည်မှာ အထင်အရှားပင်ဖြစ်သည်။
တတိယအချက်မှာ၊ အာရှကျားနိုင်ငံများ၏ အားနည်းသော လူမှုရေးထောက်ပံ့မှုအခြေအနေများက လည်း အဟန့်အတားဖြစ်ခဲ့သည်။ ထိုနိုင်ငံများ၏ ခေါင်း ဆောင်များသည် ပြန်လည်မျဝေခြင်းနှင့် လူမှုရေးအကူ အညီအများက နိုင်ငံသားများ၏ အလုပ်လုပ်လိုသည့်ဆန္ဒ ကို လျော့ပါးစေလိမ့်မည်ဆိုသည်ကို ထုံးစံအတိုင်း စိုးရိမ် ပူပန်ခဲ့ကြသည်။ သို့သော် မိမိတို့၏ဘဝလုံခြုံမှုမရှိခြင်း က လူထုကို နည်းပညာပြောင်းလဲမှုများကို ကြိုဆိုလက် ခံလိုသည့်ဆန္ဒလျော့နည်းစေခဲ့သည်။ အာရှကျားနိုင်ငံတို့ ၏ လူထုများ အသက်အရွယ်ကြီးရင့်လာသည့်အလျောက်၊ အစိုးရများအပေါ်၊ ပင်စင်ထောက်ပံ့ကြေးနှင့် ကျန်းမာရေး အသုံးစရိတ်များ ပိုမိုသုံးစွဲရေးအတွက် ဖိအားတစ်ရပ်ဖြစ် စေခဲ့သည်။
နောက်ဆုံးအချက်မှာ၊ အာရှကျားနိုင်ငံများသည် ကျန်ရှိသောကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဦးဆောင်သူများ အဖြစ် အရေးပါနေခြင်းဖြစ်သည်။ ယင်းတို့သည် တစ်မူ ထူးခြားစွာ “နည်းပညာကဏ္ဍ၊ ငွေကြေးကဏ္ဍနှင့် ဒေသ ဆိုင်ရာ နိုင်ငံရေး” စသည့် နက်ရှိုင်းသော ကမ္ဘာ့အသိုင်း အဝိုင်း ဖြစ်ရပ်များနှင့် ထိတွေ့နေကြရသည်။ ထုတ်ကုန် များထုတ်လုပ်သည့် ကျားနိုင်ငံများသည် မြန်နှုန်းမြင့် 5G ဆက်သွယ်ရေးကွန်ရက်နှင့် ကြီးမားသောဒေတာပမာဏ လုပ်ဆောင်မှုများအတွက် အရေးပါသည့် နည်းပညာနှင့် Chips များအပေါ် အာရုံစိုက်ခြင်းအားဖြင့်၊ နည်းပညာ ထောက်ပံ့မှု ကွင်းဆက်များ၏ သေးငယ်သောအစိတ်အ ပိုင်းများတွင် ကြီးစိုးလျက်ရှိသည်။ လောလောဆယ် ဟောင် ကောင်နှင့် စင်ကာပူနိုင်ငံများသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ အရပ်ရပ်တို့၏ ငွေကြေးကိစ္စရပ်များကို ဆက်သွယ်ပေး သည့် နိုင်ငံများအဖြစ် ကြားဝင်ကျင့်သုံးလျက်ရှိသည်။
မကြာမီက ကွန်ပျူတာထုတ်လုပ်သည့် Compal ကုမ္ပဏီ၊ လျပ်စစ်ပစ္စည်းများတင်သွင်းသည့် Delta Electronics ၊ စက္ကူဖြန့်ချိသည့် Long Chen ကုမ္ပဏီတို့အပါ အဝင် ထိုင်ဝမ်ကုမ္ပဏီများစွာ ပြန်လည်ဝင်ရောက်လာကြ သည်။ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီများ၏ ပြောင်း ရွှေ့ကုန် ကျ စရိတ်သက်သာစေရန်၊ အတိုးနှုန်းနည်းသည့် ချေးငွေများရရှိရေးအတွက်အာမခံသည့် Invest Taiwan ရုံးခန်းကို အစိုးရမှ ဖွင့်လှစ်ခဲ့ပြီး၊ ကုမ္ပဏီပေါင်း ၁၅၀ ကျော်ထံမှ လျောက်လွှာများ လက်ခံရရှိထားပြီးဖြစ်သည်။
ဤအရာအားလုံးက ထိုင်ဝမ်နိုင်ငံအား ကုန် သွယ်မှုစစ်ပွဲမှ အကျိုးအမြတ်ခံစားနေရသည့်ပုံ ဖြစ်နေ စေသည်။ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် လည်း တရုတ်နိုင်ငံကို အကြောင်းပြု၍ အမေရိကန်နိုင်ငံ ဈေးကွက်တွင် အကျိုးအမြတ်များကို မျဝေခံစားနေရ ပေသည်။ သို့သော် ကုန်သွယ်မှုစစ်ပွဲက အာရှကျားနိုင်ငံ များအတွက် ကောင်းကျိုးပြုသည်ဟု ကောက်ချက်ချပါက မှားယွင်းလိမ့်မည်ဖြစ်သည်။ ခြုံငုံ၍ဆိုရလျင် ထိခိုက်နစ် နာမှုပင်ဖြစ်သည်ဟုဆိုရပေလိမ့်မည်။ ယင်းတို့ “ လတ် တလောမှီခိုနေရသည့် အချက်သုံးခု” အတွက် အနှောင့် အယှက်ဖြစ်စေသည်ဟု ဆိုရပေမည်။ ယင်းတို့အတွက် လမ်းပွင့်နေသည့်“ ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုစနစ်”၊ ယင်းတို့၏“ အာရှတိုက်အခြေပြု ကုန်ထုတ်လုပ်မှုကွန် ရက်” နှင့် ယင်းတို့၏ “ အကြီးမားဆုံးဈေးကွက်ဖြစ်သော တရုတ်နိုင်ငံ” စသည်တို့ဖြစ်သည်။ Goldman Sachs မှ လေ့လာဆန်းစစ်သူများက အာရှဒေသရှိ စီးပွားရေးလုပ် ငန်း ၁၃ ခုသည် ယင်းတို့တွင် ရှိထားသည့်အလားအလာ နှင့်သက်ဆိုင်၍ မည်မျတိုးတက်လျက်ရှိကြသည်ကို စောင့်ကြည့်ခဲ့ပြီး၊ အာရှကျား လေးနိုင်ငံသည် ကမ္ဘာ့အနိမ့်ဆုံးအဆင့် ငါးခုအနက် လေးခုကို သိမ်းပိုက်ထားကြောင်း တွေ့ရှိခဲ့သည်။
အကယ်စင်စစ်၊ ထိုနိုင်ငံများ၏ စစ်ဖြစ်ပြီးနောက် ပိုင်း စီးပွားရေးအောင်မြင်မှု၏အကြောင်းရင်းမှာ နိုင်ငံ ခြားသို့ ထုတ်ကုန်တင်ပို့သည့် လုပ်ငန်းများဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် သံဖြူပြားများ၊ သုံးထပ်သား များနှင့် အဝတ်အထည်တင်ပို့ခြင်းဖြင့် အစပြုခဲ့သည်။ ယင်း၏ထုတ်ကုန်တင်ပို့သူများသည် အတိုးနှုန်းနည်း သော အကြွေးများ၊ သွင်းကုန်အခွန်ကင်းလွတ်ခွင့်များ၊ (အမေရိကန်တို့၏ လွဲချော်သောတိုက်တွန်းမှုကြောင့် ဖြစ် ပေါ်သော) ၁၉၆၄ ခုနှစ် တောင်ကိုရီးယားဝမ်ငွေတန်ဖိုးကျ ဆင်းမှုတို့မှ အကျိုးအမြတ်ခံစားခဲ့ကြရသည်။ ၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယင်းလုပ်ကြံသတ်ဖြတ်ခြင်းခံရ သည့် ၁၉၇၉ ခုနှစ်အထိ သမ္မတပတ်ချုံဟီးသည် တိုင်းပြည်၏ထုတ်ကုန်လုပ်ငန်း တိုးတက်ရေးကော်မတီ လစဉ်အစည်းအဝေးသို့ လစဉ်နီးပါးတက်ရောက်ခဲ့ပြီး၊ စီး ပွားရေးလုပ်ငန်းရှင်များနှင့်အတူ နေ့လယ်စာစားပွဲတွင် တိုင်းပြည်ကုန်ထုတ်လုပ်ငန်းတိုးတက်ရေး၊ ထုတ်လုပ် သည့်ပစ္စည်းများ နမူနာယူထားရေး စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင် ငံ၏ထုတ်ကုန်တန်ဖိုး ဒေါ်လာသန်းတစ်ရာ ကျော်သွားခဲ့ ချိန်တွင်၊ သမ္မတကြီးသည် မျက်ရည်ကျသည်အထိဝမ်းသာ ခဲ့ပြီး၊ “Export Day ” အဖြစ် နိုင်ငံတော်ရုံးပိတ်ရက်တစ်ရက် သတ်မှတ်ခဲ့ သည်။ (နောက်ပိုင်းတွင် “ Trade Day ” ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်)။
ထိုင်ဝမ်နိုင်ငံသည်လည်း အတိုးနှုန်းနည်းသည့် အကြွေးများ၊ အခွန်ငွေလျော့ပေးခြင်းတို့ဖြင့် အစပြုခဲ့သည်။ မကြာမီအချိန်အတွင်း စီး ပွားရေးစွန့်စားလုပ်ကိုင်လိုသူများ ထွက်ပေါ်လာခဲ့သည်။ Ms Tu ဆိုသည့် အမျိုးသမီးက Giant ကိုတည်ထောင်ခဲ့သော၊ သူ၏ဦးလေးဖြစ်သူ King Lui u က “ အမေရိကန်တွေ ဒီကို ငွေတွေယူလာပြီး စက်ဘီးလာဝယ်ကြတယ်” ဟု တအံ့တသြမှတ်ချက်ချခဲ့သည်ကို မှတ်မိနေဆဲဖြစ်သည်။ မကြာမီမှာ ပင် ယင်းသည် ထိုင်ဝမ်ပြည်တွင်း ပစ္စည်းပံ့ပိုးသူများသည် ယုံကြည်စိတ်ချ ဖို့မသင့်ကြောင်း သိရှိလာခဲ့သည်။ ဘီးတာယာများ၏ အနားသားများ ပြုတ်ထွက်လေ့ရှိသည်။ ထို့ကြောင့် Mr Liu သည် ထိုင်ဝမ်ကျွန်းတစ်ခွင် လှည့်လည်ပြီး အခြားထုတ်လုပ်သူများကို လက်ရှိအခြေအနေများတွင် ဆက်လက်ရပ်တည်လိုလျင် ပိုမိုကောင်းမွန်တိုးတက်အောင် လုပ်ဆောင် သင့်ကြကြောင်း ဆွဲဆောင်ခဲ့သည်။
အာရှကျားနိုင်ငံများ အဆများစွာချမ်းသာ ကြွယ်ဝလာသည့် တိုင် နိုင်ငံခြားသို့တင်ပို့ခြင်းက ယင်းတို့ ကိုယ်ပိုင်လက္ခဏာ၏အစိတ် အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အချိန်နှင့်အမျ ယင်းတို့၏ကုမ္ပဏီများသည် (ရည်မှန်းချက်ကြီးမားသော စက်မှုလုပ်ငန်း ရှင်များ၏ပံ့ပိုးမှုများရရှိနေသည့်) အစိုးရ၏ ထောက်ပံ့မှုများအားဖြင့် ပိုမို ခေတ်မီတိုးတက်လာခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် ဆယ်နှစ်တာကာ လအတွင်း အသေးစားစက်မှုလုပ်ငန်း အောင်မြင်မှုများနောက်ပိုင်း၊ တာ ဝန်ရှိသူများက၊ သင်္ဘောတည်ဆောက်ခြင်း၊ ဓာတုပစ္စည်း ထုတ်လုပ်ခြင်း စသည့် အကြီးစားစက်မှုလုပ်ငန်းများကို အားပေးလာခဲ့သည်။ ထိုင်ဝမ် နိုင်ငံသည် Optoelectronics များမှ Semiconductors စသည့် ပစ္စည်းထုတ် လုပ်မှုများအတွက် သိပ္ပံစက်မှုဇုန်များဖန်တီးပေးခဲ့သည်။ စင်ကာပူအစိုးရ သည် အဆင့်မြင့်နည်းပညာလုပ်သားများ သင်ကြားထုတ်ဖော်ပေးနိုင် ရေးအတွက် ၁၉၈၁ ခုနှစ်တွင် National Computer Board ကို တည်ထောင်ခဲ့သည်။
အခြားချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်များ ကဲ့သို့ပင် ယင်း တို့၏ အခြေခံထုတ်လုပ်မှုလုပ်ငန်းအများစုအား တရုတ်ပြည်သို့ရွှေ့ ပြောင်းခဲ့ကြသည်။ အထင်ရှားဆုံး သာဓကဖြစ်ရပ်တစ်ခုမှာ၊ ယခုအချိန် တွင် iphone တပ်ဆင်ထုတ်လုပ်သူအဖြစ် လူသိများသော ထိုင်ဝမ်ကုမ္ပဏီ လျပ်စစ်ပစ္စည်းကုမ္ပဏီ ၤသထခသာ ဖြစ်သည်။ တရုတ်ပြည်တွင် ယင်း၏ပထမဆုံးစက်ရုံကို ၁၉၈၈ ခုနှစ်ကဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၃၀ အကြာတွင် အကြမ်းဖျင်းအားဖြင့် ဝန်ထမ်းဦးရေ တစ်သန်းအလုပ်ခန့်ခဲ့သည်။ သို့ သော် ယင်းတို့၏အရေးမပါသောအလုပ်များကို တရုတ်ပြည်တွင် လုပ်ကိုင် နေစေသည့်အခိုက်၊ အာရှကျားများသည် အရင်းအမြစ် ရှာဖွေဖော်ထုတ် ရေးလုပ်ငန်းများဘက်သို့ ဦးတည်ခဲ့ကြသည်။ တောင်ကိုရီးယားသည် ကမ္ဘာ့အကြီးဆုံး Memory Chips ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။
စင်ကာပူနှင့် ဟောင်ကောင်နှစ်နိုင်ငံလုံးသည် အာရှပစိဖိတ် ဒေသ၏ကျစ်လျစ်ခိုင်မာသော ကုန်ထုတ်လုပ်မှုဖြန့်ဖြူးရာ ဗဟိုဌာနများ အဖြစ် ပိုမိုခိုင်မာအောင် လုပ်ဆောင်ခဲ့ကြသည်။ ကုမ္ပဏီ ပေါင်း လေးထောင်ကျော်က အရှေ့တောင်အာရှတစ်ခွင်ရှိ လုပ်ငန်းများအား ကြီးကြပ်ရန်အတွက် ယင်းတို့၏ ဒေသ ဆိုင်ရာဌာနချုပ်များကို စင်ကာပူတွင် အခြေစိုက်ရန်ရွေး ချယ်ခဲ့ကြသည်။ ဟောင်ကောင်ကိုမူ ကုမ္ပဏီပေါင်း ၁ç၅၀၀ ခန့်သာ ဌာနချုပ်ရုံးစိုက်ရာအဖြစ် ရွေးချယ်ခဲ့ကြသည်။ သို့သော် ဟောင်ကောင်သည် တရုတ်ပြည်မှ ကုမ္ပဏီများ အား ယင်း၏စတော့ရှယ်ယာဈေးကွက်သို့ ဆွဲဆောင်ရာ တွင် စင်ကာပူထက်ပိုမိုအောင်မြင်ခဲ့သည်။ ယင်း၏စတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ လေးထရီလီယံကျော်ရှိချိန်တွင် စင်ကာပူ၏ စတော့ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ဘီလီယံ ခုနစ်ရာနီးပါးဖြစ်သည်။
တရုတ်ပြည်၏ထုတ်ကုန်တန်ဖိုးမှာ GDP တန် ဖိုး၏ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး ယင်းတန်ဖိုးသည် တောင်ကိုရီး ယားတွင် ၄၅ ရာခိုင်နှုန်း၊ ထိုင်ဝမ်တွင် ၆၅ ရာခိုင်နှုန်း၊ စင်ကာပူနှင့်ဟောင်ကောင်တို့တွင် ၂၀၀ ရာခိုင်နှုန်းနီးပါးစီ အသီးသီးရှိကြသည်။ ၂၀၀၀ ပြည့်နှစ်မရောက်ခင်အထိ အာရှကျားနိုင်ငံများသည် ဒေသဆိုင်ရာကုန်သွယ်မှု သဘော တူညီချက်ငါးခုသာရှိခဲ့ပြီး ထိုအချိန်မှစတင်၍ ယခုအချိန်ထိ နောက်ထပ် ၄၉ ခု ထပ်မံတိုးပွားလာခဲ့သည်။ စင်ကာပူ နိုင်ငံသည်၊ “The Trans-Pacific Partnership (တစ်ချိန်က အမေရိကန်၊ ဂျပန်နှင့် အခြားပစိဖိတ်ဒေသ ဆယ်နိုင်ငံတို့ ပူးပေါင်းဖို့ရည်ရွယ်ခဲ့သော) အဖွဲ့နှင့် ယင်း၏ပြိုင်ဘက်ဖြစ် သော (တရုတ်နိုင်ငံပါဝင်သည့်) “The Regional Comprehensive Economic Partnership” အဖွဲ့ နှစ်ဖွဲ့လုံးကို အစ ပြုပေးခဲ့သည့်နိုင်ငံဖြစ်သည်။ ယင်းသည်၊ ကမ္ဘာ့ကုန်သွယ် မှုအဖွဲ့အစည်း WTO ဆက်လက်လည်ပတ်နိုင်စေမည့် တရုတ်နှင့်အမေရိကန်တို့၏ စီးပွားရေးတင်းမာမှု ညှိနှိုင်း ရေးအတွက် ကြိုးစားနေကြသည့်နိုင်ငံများထဲတွင်လည်း ပါဝင်ပေသည်။ သို့သော် အာရှကျားနိုင်ငံများသည် တရုတ် အမေရိကန်နှစ်နိုင်ငံတင်းမာမှုမှ ရှောင်ရှားနိုင်သည့် အခြေအနေနှင့် လုပ်ကိုင်နိုင်စွမ်း နည်းပါးလှပေသည်။
အာရှဒေသရှိပြဿနာများမှာ စင်စစ် ဒေသတွင်း မှအစပြုခြင်းလည်းဖြစ်နိုင်ပေသည်။ တောင်ကိုရီးယား နှင့်ဂျပန် နှစ်နိုင်ငံတို့ကြား နိုင်ငံရေးအငြင်းပွားမှုများမှာ ၂၀ ရာစုပထမပိုင်း တောင်ကိုရီးယားနိုင်ငံသို့ ဂျပန်များ ဝင် ရောက်သိမ်းပိုက်သည့် အဖြစ်အပျက်မှအစပြုပြီး၊ ၂၁ ရာ စု ကုန်သွယ်မှုများအထိပါ တဖြည်းဖြည်း ဝင်ရောက်မွှေ နှောက်လျက်ရှိသည်။
အာရှကျားများ အစပြုအားယူခြင်းဖြစ်စဉ်တွင် စက်မှုလုပ်ငန်းမူဝါဒသည် ကြီးမားသောအကြောင်းရင်း တစ်ခုအဖြစ်ပါဝင်ခဲ့သည်။ ပုံမှန်အားဖြင့် အပြစ်တင်ေ၀ ဖန်လေ့ရှိသော နိုင်ငံတကာငွေကြေးအဖွဲ့အစည်းကပင် လျင် ယခုနှစ်တွင် ထိုနိုင်ငံများ၏ အစိုးရဦးဆောင်သည့် စီးပွားရေးပုံစံများအကြောင်းကို ရှည်လျားစွာ အစီရင်ခံ ချီးမွမ်းရေးသားထားခဲ့သည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် အသုံးဝင်သောနည်းလမ်းများက ချမ်းသာပြီး နိုင်ငံ များအတွက် အသုံးဝင်ချင်မှဝင်ပေလိမ့်မည်။ ၁၉၇၀ ပြည့် နှစ်တွင် အာရှကျားများသည် အခြားနိုင်ငံများလုပ်ဆောင် သည့်အတိုင်း လိုက်ပါလုပ်ဆောင်ကောင်းလုပ်ဆောင်ခဲ့ မည်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ အကြီးစားစက် မှုလုပ်ငန်းဆောင်ရွက်မှုများသည် ဂျပန်နိုင်ငံ၏ လုပ်ဆောင် မှုကို များစွာအတုယူခဲ့သည်။
ယခုအချိန်တွင် ရင်ဆိုင်ရသည့် အခက်အခဲက တစ်မူထူးခြားသည်။ အုပ်ချုပ်သူများနှင့် စီးပွားရေးစွန့်စား လုပ်ကိုင်သူများက ရှေ့သို့မျော်မှန်းကြည့်ရှုရာတွင် အနာ ဂတ်က မသဲကွဲလှပေ။ Artificial Intelligence ခေါ် လူလုပ် ဉာဏ်ရည်၊ သို့မဟုတ် ကွန်ပျူတာသုံး၊ စဉ်းစားတွေးခေါ် တွက်ချက်မှုကို အမျိုးသားအဆင့် နည်းဗျူဟာအဖြစ် အသုံးပြုခြင်းက လိမ္မာပါးနပ်သည့် အယူအဆတစ်ခုဖြစ် သည်ဟု ထင်ရမည်ဖြစ်သော်လည်း၊ မည်သို့ အကောင် အထည်ဖော်မည်နည်း။ အတုယူစရာ နည်းပညာမရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုနည်းပညာကို မတီထွင်ရသေး သောကြောင့်ဖြစ်သည်။
ယနေ့အာရှကျားများ၏ အစီအစဉ်များသည် တစ်ခါတစ်ရံ ခေတ်မမီတော့သော စက်မှုလုပ်ငန်းမူဝါဒများ ကဲ့သို့ဖြစ်နေသည်ဟုထင်ရသည်။ ထိုင်ဝမ်သမ္မတ Tsai Ing-Wen ထံတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိသော စွမ်းအင်ထုတ်လုပ်မှုနှင့်၊ အဆင့်မြင့်နည်းပညာ စက်မှုပစ္စည်းကဏ္ဍများအား အာရုံစိုက်ချမှတ်ထားသည့် အစီအစဉ်တစ်ခုဖြစ်သော “5+2 innovative Industrial Plan” ရှိထားခဲ့သည်။ စင်ကာပူနိုင်ငံတွင် အစားအသောက်ထုတ် လုပ်မှုမှ လေကြောင်းပျံသန်းမှုဆိုင်ရာ နည်းပညာများအထိ၊ စက်မှုနည်း ပညာလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးလမ်းစဉ် ၂၃ ခုရှိထားသည်။ တောင် ကိုရီးယားနိုင်ငံကလည်း Artificial Intelligence မှ Autonomous Vehicles ခေါ် လူမဲ့မောင်းနှင်သည့် ယာဉ်များအထိပါဝင်သော လက်ရှိထွက်ပေါ် လာသည့် လုပ်ငန်းရှစ်ခုတွင် ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံရန်၊ ဝမ်ငွေထရီ လီယံ ၃၀ (ဒေါ်လာ ၂၅ ဘီလီယံ ကျော်) ရည်မှန်းထားသည်။
အာရှကျားများသည် ခေတ်မီနည်းပညာများနောက်တွင် ဝေးကွာ စွာကျန်ရစ်ခဲ့သည့် ယင်းတို့၏စီးပွားရေးလုပ်ငန်းများကိုလည်း စတင်အာ ရုံစူးစိုက်နေကြပြီဖြစ်သည်။ ယင်းတို့ထံတွင် ထုတ်လုပ်မှုပိုင်း၌ ထူးခြား သည့်အရည်အချင်းများ ပိုင်ဆိုင်ထားသည့်တိုင်၊ အချို့သောခန့်မှန်းချက် များအရ ယင်းတို့၏ ဝန်ဆောင်မှုကဏ္ဍတိုးတက်မှုမှာ အမေရိကန်နိုင်ငံ၏ ထက်ဝက်ကျော်မျသာရှိပေသည်။ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ ဖိနှိပ်ခံနေရသည့် ဈေးကွက်ငယ်များကြောင့်ဖြစ်သည်။ လူဦးရေ ခြောက် သန်းရှိသော တိုင်းပြည်တစ်ခုအတွင်းရှိ ကွင်းဆက်လက်လီရောင်းချသည့် ဈေးကွက်သည် လူဦးရေ ၁.၃ ဘီလီယံရှိသည့် ဈေးကွက်ထက် လှုပ်ရှား ဆောင်ရွက်ရန် ပိုမိုကျဉ်းမြောင်းမည်ဖြစ်သည်။ သို့သော် ယင်းအဖြစ်သည် တစ်စိတ်တစ်ပိုင်းအားဖြင့် ကိုယ်တိုင်ဖန်တီးသည့် အကြောင်းရင်းများ ကြောင့်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ယင်း၏ ဝန်ဆောင်မှုကဏ္ဍနှင့် ဆက်သွယ်မှုကွန်ရက်လုပ်ငန်းများတွင်၊ ကြီးမားသော စည်းကမ်းထိန်း ချုပ်မှုများချမှတ်ခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံမှလွဲ၍ အခြား ဥဃနီ နိုင်ငံ များထက် မြင့်မားသော စည်းကမ်းဥပဒေများဖြစ်သည်။
ဆိုးလ်မြို့တောင်ဘက် ၃၅ ကီလိုမီတာအကွာ၌ရှိသော ဟွာ ဆောင်းအရပ်တွင် အသစ်တည်ဆောက်ထားသည့် ရွာလေးမှာ 5G network အမြန်နှုန်းကို မြို့သားများ မနာလိုလောက်အောင် အသုံးပြုခံစားနိုင်ကြ သည်။ လာရောက်လည်ပတ်သူများသည် ကျောင်း၊ ကားရေဆေးရုံ၊ ကြက် ခြေထောက်ဟင်းလျာရနိုင်သည့် စားသောက်ဆိုင် စသည့်လိုအပ်ချက်များ စွာကို ပြည့်စုံစွာတွေ့ကြရမည် ဖြစ်သည်။ သို့သော် ကောင်းလွန်းနေသည် မထင်ပါနှင့်။ ယင်းတို့အားလုံးမှာ ကိုရီးယားမော်တော်ကား စမ်းသပ်မောင်း နှင်မှုနှင့် သုတေသနဌာနမှ ယင်း၏မောင်းသူမဲ့ မော်တော်ယဉ်များစမ်းသပ်ရန်အတွက် တည်ဆောက်ထားသော မြို့သစ်အတုတစ်ခုသာ ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အဆင့်မီ Chip ထုတ်လုပ်သူ များ၊ ကြီးထွားလာသည့် 5G Network ဝန်ဆောင်မှု စသည့်ဖွဲ့စည်းမှုများ ဖြင့် မောင်းသူမဲ့ မော်တော်ယဉ်များထုတ်လုပ်ရန် အကောင်းဆုံးလိုအပ်ချက် များပိုင်ဆိုင်ထားသည့်နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အစိုးရ ကိုယ်တိုင်မှာလည်း အထောက်အကူပြုလျက်ရှိသည်။ စမ်းသပ်ကွင်းများ တွင်စိတ်ချရကြောင်း သက်သေပြနိုင်သည့်မော်တော်ယဉ်များအား လမ်းမ များပေါ်တွင် စမ်းသပ်မောင်းနှင်ရန် ခွင့်ပြုပေးသည်။ ယင်းအချိန်တွင် မောင်းသူမဲ့ယာဉ်များအား ထုတ်လုပ်ရန် ကြိုးစားနေသော အကောင်းဆုံးနိုင်ငံများစာရင်းကို ပြုစုနေသည့် အတိုင် ပင်ခံကုမ္ပဏီ KPMG က တောင်ကိုရီးယားနိုင်ငံအား မည်သည့်အတွက်ကြောင့် အဆင့် ၁၃ တွင်သာ သတ်မှတ်ရပါသနည်း။
တစ်ခုသောအကြောင်းပြချက်မှာ ထိုနိုင်ငံရှိ (အငှားယဉ်စီးနင်းခကို မျဝေခံစားသည့် Application ကဲ့ သို့) အခြားဆက်နွှယ်နေသည့် နည်းပညာများအပေါ်တွင် စိတ်မတင်မကျဖြစ်နေခြင်းကြောင့်ဖြစ်သည်။ လူသိများ သော ထို Kakao Mobility Application အား တောင်ကိုရီး ယားရှိ သမားရိုးကျတက္ကစီမောင်းသူများက အပြင်းအထန် ကန့်ကွက်ကြသည်။ ကန့်ကွက်သူများထဲတွင် အသက်ကြီးသည့် တက္ကစီသမားလေးဦး မိမိတို့ကိုယ်ကို မီးရှို့ဆန္ဒပြခဲ့ကြ သည်။
အာရှကျားများသည် လိုအပ်ချက်အရင်းအမြစ် များကို လျင်မြန်စွာပြောင်းလဲရယူရာတွင် အလွန်တော်သူ များဖြစ်ကြသည်။ ယင်းတို့ကို ရှာဖွေဖော်ထုတ်သည့်နည်းလမ်းများ တီထွင်ရာတွင်လည်း ပိုမိုကျွမ်းကျင်လာကြ သည်။ သို့သော် မကြာသေးမီကပင် လူမှုရေးမကျေနပ်မှု လက္ခဏာများဖြစ်ပေါ်ခဲ့သည့်အလျောက်၊ ယခုအချိန်တွင် ယင်းတို့အနက်အချို့သည် လူထုထောက်ခံမှုကို ထိရောက် စွာ စုစည်းနိုင်ရေးအတွက်ရုန်းကန်နေရသည်။
တစ်ချိန်ကအစဉ်တိုးတက်ထွန်းကားနေသည့် မြို့အဖြစ် သိထားကြသည့် ဟောင်ကောင်မြို့သည် ယခု အချိန်တွင် ဆန္ဒပြမှုများ ပြည့်နေသည့်မြို့အဖြစ် လူသိ လာကြသည်။ အုတ်ခဲများ၊ ကော့တေးနှင့် ဓာတ်ငွေ့များ သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး အိမ်ခြံမြေများပေါ် သို့ ကျရောက်လျက်ရှိသည်။ ဖော်ပြခဲ့သောအငြင်းပွားမှု သည် Prada ဖက်ရှင်ဆိုင်ခွဲ Bulgari ပြခန်းရှေ့တွင် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်အစိုးရတွင်ပါဝင် သော လေ့လာဆန်းစစ်သူပေါင်းများစွာက မြို့တွင်းဆန္ဒ ပြမှုများအကြောင်းရင်းမှာ စီးပွားရေးကျဆုံးမှုများဖြစ် သည်။ အထူးသဖြင့် ဈေးနှုန်းကြီးသော အိမ်ရာစီမံကိန်း များ၊ လစာနှုန်းထားများရပ်တန့်နေမှု၊ ကြီးစိုးလျက်ရှိ သည့် လုပ်ငန်းစုကြီးများ၏ နေရာတကာပျံ့နှံ့နေမှုတို့ဖြစ် သည်ဟု ငြင်းဆိုကြသည်။
စီးပွားရေးခြေအနေကသာ ဟောင်ကောင်ဆူပူမှု ၏နောက်ကွယ်မှ အကြောင်းရင်းဖြစ်ခဲ့သည်ဆိုလျင်၊ ဆူပူ သူများနှင့် ပေကျင်းရှိ အုပ်ချုပ်သူတို့နှစ်ဦးနှစ်ဖက် ကျေ နပ်နိုင်ကြရန်သင့်ပေသည်။ အိမ်များတည်ဆောက်ခြင်း နှင့်၊ ပိုမိုပြင်းထန်သော အခွန်ငွေကောက်ခံခြင်းတို့အား အလျင်အမြန်ဆောင်ရွက်သည့်အစီအစဉ်က အဆုံးမှာ တရုတ်ပြည်မကြီးကို မည်သို့မျအနှောင့်အယှက်မဖြစ် စေဘဲ ဟောင်ကောင်နှင့်ပြည်မကြီးတို့၏ မညီမျမှုကို လျော့နည်းစေမည်ဖြစ်သည်။ ဟောင်ကောင်ရှိ “ ပြည်မကြီး ကိုလိုလားသော အုပ်ချုပ်သူများ” သည်၊ ပုဂ္ဂလိက ဖွံ့ဖြိုး ရေးသမားများထံမှ မြေနေရာဟက်တာ ခုနစ်ရာ (ဧက ၁၇၃၀) အား (ရောင်းချလိုခြင်းရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ) ဝယ်ယူရန်အဆိုပြုထားခြင်းအား ထောက်ခံ အားပေးကြသည်။
အစောပိုင်းကပင် စင်ကာပူအစိုးရသည် ကျယ် ပြန့်သော အိမ်ပိုင်ဆိုင်မှုမှာ လူမှုရေးတည်ငြိမ်အေးချမ်းမှု အတွက် မရှိမဖြစ်လိုအပ်သောအချက်ဖြစ်ကြောင်း သိရှိ ထားခဲ့သည်။ စင်ကာပူလူဦးရေ၏ ၈၀ ရာခိုင်နှုန်း ကျော် သည် အစိုးရအေဂျင်စီများဆောက်လုပ်သည့် အိမ်များကို တန်ဖိုးတစ်စိတ်တစ်ပိုင်း ဦးစွာပေးပြီး ဝယ်ယူနေထိုင်လျက် ရှိကြသည်။
သို့သော် ကြီးမားသည့် လူနေမှုကွာခြားခြင်းနှင့် တန်ဖိုးကြီးလွန်းသော အိမ်ရာများက ဟောင်ကောင်မြို့၏ ရှေးကတည်းက ရှိနေခဲ့သောပြဿနာများဖြစ်သည်။ထိုင် ဝမ်တွင် လုပ်ခလစာများ တိုးမြှင့်လာခြင်းမရှိသည်မှာ နှစ် ပေါင်း ၂၀ ရှိပြီဖြစ်သည်။ တိုင်ပေမြို့ရှိအိမ်ဈေးမှာ အာရှ တိုက်တွင်၊ ဝယ်ယူရန်မတတ်နိုင်အောင် မြင့်မားသည့် ဈေးနှုန်းများတွင် အပါအဝင်ဖြစ်သည်။ သို့သော် မကြာ မီနှစ်များကဖြစ်ခဲ့သော အကြီးမားဆုံးနိုင်ငံရေး တုန်လှုပ်မှု များမှာ၊ ၂၀၁၄ ခုနှစ်ကဖြစ်ခဲ့သော၊ တရုတ်ပြည်မကြီးနှင့် နီးစပ်စွာဆက်ဆံခြင်းကို ကန့်ကွက်သည့် ကျောင်းသား များ၏ “Sunflower” ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်သည်။ ယင်းတို့၏လှုပ်ရှားမှုကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက် ခဲ့သည်ဟု ယူဆရသည်။ သို့သော် ဖြစ်ရပ်နှစ်ခုလုံးက ထိုင်ဝမ်၏ထူး ခြားသည့် အမျိုးသားလက္ခဏာကို ပိုမိုထင်ရှားစေခဲ့သည်။
သို့သော် ဟောင်ကောင်၏ နိုင်ငံရေးရည်မှန်းချက်များမှာ သဘာဝအားဖြင့် ယင်း၏ကြီးပွားချမ်းသာမှုမှ ထွက်ပေါ်လာသည့် ဘေး ထွက်ဖြစ်ရပ်တစ်ခုဖြစ်သည်။ တရုတ်ပြည် အခြားဒေသများထက် လွတ် လပ်မှုပိုမိုခံစား နေရသည့်တိုင် ခေတ်မီဆန်းပြားပြီး၊ ချမ်းသာကြွယ်၀ သည့်အသိုင်းအဝိုင်းမှ ပုံမှန်မျော်လင့်ထားသည့် အတိုင်းအတာထိ နိုင်ငံ ရေးလှုပ်ရှားခွင့်မရရှိပေ။
ဟောင်ကောင်တွင်ဖြစ်ပေါ်နေသော ကန့်ကွက်ဆန္ဒပြမှုများက ယင်း၏တိုးတက်မှုဖြစ်စဉ်ကို ခြိမ်းခြောက်နေသည့်တိုင် ယင်းဖြစ်ရပ် များသည် တိုးတက်မှု၏ နောက်ဆက်တွဲဖြစ်ရပ်များပင်ဖြစ်သည်။
ထိုင်ဝမ်ကျွန်းဆွယ်အား အချိန်မရွေး ပေါက်ကွဲနိုင်သည့်ဒေသအဖြစ်သတ်မှတ်လေ့ရှိသည်။ ယင်းသည် တရုတ်နိုင်ငံ ပြင်ပတွင်တည် ရှိသော၊ အာရှဒေသ၏ပထမဆုံး စီးပွားဖြစ်လည်ပတ်မည့် လေရဟတ် သုံးစွမ်းအင်ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပေလိမ့်မည်။ ထိုရေလက်ကြား အတွင်း ရည်ရွယ်ထားသည့် စီမံကိန်းများစွာအနက် ပထမဆုံးလည်း ဖြစ်သည်။ ထိုင်ဝမ်၏ လေစွမ်းအင်ထုတ်လုပ်ရေး ကြံရွယ်မှုသည်၊ နျူးက လီးယားစွမ်းအင်ထုတ်လုပ်မှုကို စွန့်လွှတ်ရန်ဆုံးဖြတ်ခြင်းနှင့်အတူ ပေါ် ပေါက်လာခြင်းဖြစ်သည်။ စီးပွားရေးသမားများစွာက ဤအစီအစဉ်သည် နိုင်ငံအတွင်း စွမ်းအင်လိုအပ်မှုဖြစ်ပေါ်စေပြီး၊ စီးပွားရေးထိခိုက်စေမည် ကို စိုးရိမ်နေကြသည်။ တစ်ခါတစ်ရံ ငြင်းခုံမှုများက ထိန်းချုပ်မရ ဖြစ် သွားခဲ့သည်။ ဥပဒေပြဋ္ဌာန်းသူများ၊ ပါလီမန်တွင်ငြင်းခုံကြသည်။ ၂၀၁၇ ခုနှစ်က စွမ်းအင်ပြတ်တောက်မှုကြောင့် ထိုင်ဝမ်ကျွန်းမြောက်ဘက် ခြမ်း ကို မှောင်ကျစေခဲ့သည်။ သို့သော် Orw Tsai သည် သူ၏ ၂၀၂၅ ခုနှစ်တွင် နျူးကလီးယား ကင်းစင်သောနိုင်ငံအဖြစ်ဖန်တီးမည့် အစီအစဉ်ကို စွဲ ကိုင်ထားလျက်ရှိသည်။
တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့၏ နိုင်ငံရေးလွတ်လပ်မှုက အမြဲတစေ ဂုဏ်သတင်း ကျော်ကြားစေသည်တော့မဟုတ်ပေ။ တောင် ကိုရီးယားတွင်၊ ၁၉၈၇ ခုနှစ်မှစတင်ရေတွက်လျင် ရွေးကောက်ခံသမ္မတ ခုနစ်ဦးအနက် သုံးဦးသည် အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရပြီး၊ တစ်ဦးမှာ အရှုပ်အထွေးများမှ လွတ်မြောက်ရေးအတွက် မိမိကိုယ်မိမိ သေကြောင်း ကြံစည်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံတွင် ၁၉၉၆ ခုနှစ်မှစ၍ အုပ်ချုပ်ခဲ့သည့် သမ္မတလေးဦးအနက် သုံးဦးမှာ အဂတိလိုက်စားမှုအတွက် စွပ်စွဲခံခဲ့ရ သည်။ ယင်းတို့အနက် တစ်ဦးသည် ထောင်ဒဏ် ၁၉ နှစ် အပြစ်ပေးခံ ခဲ့ရသည်။
၁၉၉၇ ခုနှစ် တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပြီး နောက်ပိုင်း ဟောင်ကောင်၏ အုပ်ချုပ်သူများမှာလည်း ဒီမိုကရေစီစနစ် ကျင့်သုံးမှုမရှိ သော အုပ်ချုပ်ရေးကို ရှောင်လွှဲ၍မရခဲ့ပေ။ ပထမဆုံးအုပ်ချုပ်ရေးမှူးမှာ စောစီးစွာပင် နုတ်ထွက်ခဲ့သည်။ ဒုတိယအုပ်ချုပ်ရေးမှူးမှာ ထောင်နန်း စံခဲ့ရပြီး၊ တတိယတစ်ယောက်မှာ ဒုတိယသက်တမ်းအတွက် လူထု ထောက်ခံမှု လုံးဝမရခဲ့ပေ။ လတ်တလောအချိန်တွင်၊ လက်ရှိအုပ်ချုပ်ရေးမှူးမှာ၊ လူကြိုက်နည်း လွန်းလှသော ကြောင့် ပုံမှန်အားဖြင့် မထင်မရှားကိစ္စရပ် တစ်ခုဖြစ်သော ဒေသတွင်းရွေးကောက်ပွဲအစား၊ သူ၏အုပ်ချုပ်မှုနှင့် ပတ်သက်သည့် လူထုဆုံးဖြတ်ချက်တစ်ရပ်ကို ထိခိုက် ပျက်စီးမှုများစွာ ကျင်းပခဲ့ရသည်။ စင်ကာပူနိုင်ငံသည် အဘက်ဘက်က ပြည့်စုံလုနီးပါးဖြစ်သော အရည်အချင်း ကိုသာ အဓိကထားသည့် လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သည်။ သို့သော် စင်ကာပူ နိုင်ငံကိုတည်ထောင်ခဲ့သည့် လီးကွမ်ယူး၏သားသမီးများ ကြား၊ နှစ်ရှည်လများဖြစ်ပေါ်ခဲ့သော အငြင်းပွားမှုက စင်ကာပူနိုင်ငံ လူ့မလိုင်များနိုင်ငံရေး၏ အကျည်းတန်မှုကို ထုတ်ဖော်ပြသခဲ့သည်။
အာရှကျားလေးနိုင်ငံဆိုသည့်အမည်ကို ရခဲ့ကြ စဉ်က၊ ထိုလေးနိုင်ငံလုံးတွင် အကြိတ်အနယ်ယှဉ်ပြိုင်ရ သည့် ရွေးကောက်ပွဲ မရှိခဲ့ဘူးပေ။ ယင်းတို့အနက် နှစ် နိုင်ငံသည် ထိုအချိန်မှစ၍ အလွန်တက်ကြွသည့် ဒီမိုက ရေစီနိုင်ငံများဖြစ်ခဲ့ကြပြီး၊ ကျန်နှစ်နိုင်ငံမှာ ထိုသို့ဖြစ်မ လာခဲ့ပေ။
Mr Acemoglu နှင့်ယင်း၏စာအုပ်ကို အတူရေး သားခဲ့သူတို့၏အဆိုအရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမို ကရေစီစနစ်မှ အခြားပေးဆပ်သည့်အရာတစ်ခုမှာ၊ လူထု မငြိမ်မသက်ဖြစ်မည့် အကြောင်းရင်းများကို ဖယ်ရှားပေး ခြင်းပင် ဖြစ်သည်။
ဒီမိုကရက်တစ် တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေးစနစ်သည် ဖြစ်ပေါ်လာသည့်ပြဿနာများကို နိုင်နင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိသည်။ ဥပဒေပြဋ္ဌာန်းသူများ သည် နိုင်ငံရေးခေါင်းဆောင်၊ သို့မဟုတ် အစိုးရအရာရှိကြီး များအပေါ် နည်းလမ်းကျသော တရားစွဲဆိုမှုလုပ်ငန်းစဉ် များ စတင်ပြုလုပ်ကြသည်။ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအ တိုင်း တရားရုံးက အတည်ပြုထိန်းသိမ်းသည်။ သမ္မတ Ms Park ကို ရာထူးမှဖယ်ရှားပြီး ထောင်ချခဲ့သည်။ ထိုအ ချိန်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lim သည် သူကိုယ်တိုင်ရာထူးမှ ဆင်းသက်ရန်ပင် အာဏာမရှိဖြစ်ခဲ့ပုံ ရပြီး၊ ပေါက်ကြားခဲ့သော“စီးပွားရေးသမားများနှင့် ပြော ဆိုမှု” တစ်ခုတွင် သူ့အတွက် ရှေ့ဆက်တိုက်ခိုက်သွား ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိကြောင်းဝန်ခံခဲ့သည်။
အာရှကျားနိုင်ငံများတွင် အလုပ်အကိုင်နှင့်ပတ်သက်သော စိုးရွံ့မှုများအတွက်ဆိုရလျင် ယင်းတို့၏ အလုပ်လက်မဲ့ နှုန်းသည် မနာလိုဖွယ်ကောင်းလောက်အောင် အလွန်နိမ့် လျက်ရှိပြီး၊ လေးနိုင်ငံလုံးတွင် ၄ ရာခိုင်နှုန်းအောက်၌သာ ရှိပေသည်။ ယင်းတို့၏ ရေရှည်စိုးရိမ်ရမည့်အချက်မှာ အလုပ်အကိုင်နည်းပါးမည့်အဖြစ်မဟုတ်ဘဲ ထိုအလုပ်များ ကို လုပ်နိုင်သည့် လူငယ်လူရွယ်အရေအတွက် အလုံအ လောက်ရှိမရှိဆိုသည့် အချက်သာဖြစ်သည်။ ယင်းတို့ လေးနိုင်ငံလုံးတွင်၊ ပုံမှန်အလုပ်လုပ်သည့် သက်တမ်း (၁၅ နှစ်မှ ၆၅ နှစ်အတွင်း) ရှိ လူဦးရေမှာ၊ တဖြည်းဖြည်း နိမ့်ကျလာလျက်ရှိသည်။ ၂၀၄၀ ပြည့်နှစ်အရောက်တွင် ထိုသက်တမ်းအတွင်းရှိ လူဦးရေသည် အသက်ကြီးရင့်သူ များနှင့် နှိုင်းယှဉ်ပါက ယနေ့ဂျပန်နိုင်ငံတွင်ရှိနေသည့်အချိုးအစားထက် ပိုမိုနည်းပါးမည့်အခြေအနေတွင်ရှိနေပေ သည်။ နှစ်၂၀ ကာလအပိုင်းအခြားအတွင်း၊ အာရှကျား နိုင်ငံများတွင်ရှိလာမည့် အသက်ကြီးသူများသည် (ဂျပန် နိုင်ငံတွင် နှစ် ၃၀ အတွင်းရှိ လာမည့်အသက်ကြီးရင့်သူ များထက်) အရေအတွက် များနေလိမ့်မည်ဖြစ်သည်။ အာရှကျားနိုင်ငံများ၏ လူဦးရေတိုးပွားမှုနှုန်းမှာ တစ်ကမ္ဘာ လုံးတွင် အောက်ဆုံးဆယ်နိုင်ငံ၌ ပါဝင်နေပေသည်။ မျိုး ဆက်တစ်ခုစီတိုင်းသည်၊ ယင်းမျိုးဆက်၏ရှေ့မျိုးဆက် တစ်ခု(ယင်းတို့၏မိဘများ) ရှိ လူဦးရေ၏ ၅၅ ရာခိုင်နှုန်း သာရှိတော့မည်ဟု မျော်လင့်ရသည်။ ဤဖြစ်စဉ်ကို ပြန်လည်ပြောင်းလဲရန်ကြိုးစားနေသည့် ယင်းတို့ အစိုးရများ ၏အားထုတ်မှုမှာလည်း အောင်မြင်မှုမရှိလှပေ။ ယင်းတို့ ၏အလုပ်အကိုင်နှင့်ပတ်သက်သော အလေ့အကျင့်များက ထိုဖြစ်စဉ်၏ အကြောင်းရင်းတစ်ခုဖြစ်သည်။
'အချိန်'က တစ်ခုသောကန့်သတ်မှုဖြစ်သည်။ နောက်ထပ်ကန့်သတ်မှုတစ်ခုမှာ “ကုန်ကျစရိတ်” ဖြစ် သည်။ လူ့အဖွဲ့အစည်းတစ်ခုလုံးအနေနှင့် ခြုံငုံကြည့်လျင်၊ နောက်မျိုးဆက်တစ်ခုစီ၏ ကျန်းမာကြံ့ခိုင်မှုမှ အကျိုးခံ စားရသော်လည်း ယင်းတို့ကိုပြုစုပျိုးထောင်ရသည့် ပေးဆပ်မှုက လူတစ် စုတည်းအပေါ်၌သာ လုံး၀ ဥဿုံ ကျရောက်လျက်ရှိသည်။ ယင်းလူတစ် စုမှာ ကလေးကိုယ်ဝန်လွယ်နိုင်သည့် အသက်အရွယ်ရှိအမျိုးသမီးများ ဖြစ်သည်။ အသက်ကြီးနေပြီဖြစ်သော မိဘများအတွက် စိုးရိမ်နေရခြင်း နှင့်အတူ၊ တစ်ဖက်တွင် ယင်းတို့လင်ယောက်ျားများ၏အကူအညီ အနည်း ငယ်မျနှင့် (တောင်ကိုရီးယားနိုင်ငံတွင် အမျိုးသားများသည် အိမ်မှုကိစ္စ များ၏ ၅ ရာခိုင်နှုန်းကိုသာ လုပ်ကိုင်ကြသည်) အစိုးရထံမှရသော၊ မလောက်မငအကူအညီလေးဖြင့် ရုန်းကန်ရမည့်အရေးကြောင့် အမျိုးသမီး များစွာသည် (အိမ်ထောင်ပြုဖြစ်မည်ဆိုလျင်) နောက်ကျမှ အိမ်ထောင် ပြုရန် စိတ်ကူးကြသည်။ ကလေး (ယူမည်ဆိုလျင်)လည်း၊ တစ်ဦးသာ ယူလေ့ရှိကြသည်။
အာရှကျားများ၏ပြဿနာအား ယင်းတို့ ဂုဏ်ယူဝင့်ကြွားဆုံးအကြောင်းအရာများအနက် တစ်ခုဖြစ်သော ပညာရေးကို ဦးစားပေးခြင်းက ပိုမိုဆိုးဝါးစေသည်။ ယင်းတို့၏ အစိုးရများမှ သင့်တင့်လျောက်ပတ်သော ပညာရေးကို စီစဉ်ပေးထားသော်လည်း မိဘများစွာက ယင်းတို့၏သား သမီးများကို ဈေးကြီးသော ပုဂ္ဂလိကကျောင်းများတွင်ထားပြီး၊ အချိန်ပို ကျူရှင်များ တက်စေလိုကြသည်။
အာရှကျားနိုင်ငံများ၏ ပျမ်းမျအသက်သည် အမှန်ပင်ရှည်လျား ပေသည်။ ယင်းနိုင်ငံများ၏ မွေးဖွားနှုန်းသည် အနိမ့်ဆုံးဖြစ်သည့်နည်း တူ ပျမ်းမျသက်တမ်း အမြင့်ဆုံးလည်းဖြစ်သည်။ အသက် ၆၀ ရှိနေ သည့်တိုင် နောက်ထပ် ၂၅ နှစ်၊ သို့မဟုတ် ထိုထက်ပို၍ ဆက်လက်နေ ရန် မျော်လင့်နိုင်သည့်အလျောက်၊ ခေတ်မီနည်းပညာများ ဆက်လက် သင်ကြားရန်နှင့်၊ အတီးအမှုတ်တို့ကို ကျွမ်းကျင်သည့်အဆင့်ထိ သင်ယူရန် အချိန်လုံလောက်ပေသေးသည်။
အသက်ကြီးရင့်ခြင်းနှင့် အဆင်ပြေအောင်စီမံနိုင်သည့် အခြား တစ်နည်းမှာ နိုင်ငံပြောင်းရွှေ့လာသူများ ပိုမိုခွင့်ပြုခြင်းဖြစ်သည်။ ထိုင် ဝမ်တွင် နိုင်ငံခြားသားများဦးရေမှာ တစ်နိုင်ငံလုံးအလုပ်လုပ်သည့် လူဦး ရေ၏ ၆ ရာခိုင်နှုန်းဖြစ်ပြီး၊ တောင်ကိုရီးယားတွင် ၃.၃ ရာခိုင်နှုန်းဖြစ် သည်။ အနောက်နိုင်ငံများ၏ စံနှုန်းနှင့်နှိုင်းယှဉ်လျင် နည်းသော်လည်း နိုင်ငံခြားသားဦးရေ ၂.၂ ရာခိုင်နှုန်းရှိသော ဂျပန်နိုင်ငံထက်များသည် ဟုဆိုရပေမည်။ အာရှကျားနိုင်ငံနှစ်ခုတွင် နိုင်ငံပြောင်းရွှေ့လာသူများအ ပေါ် မှီခိုခြင်းက ပို၍ပင်စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဟောင်ကောင်လူဦး ရေ၏အစိတ်အပိုင်းအတော်များများ (၃၉ ရခိုင်နှုန်း)မှာ တရုတ်ပြည်၏ အခြားဒေသများမှ ဝင်ရောက်လာသူ ၂.၂ သန်း အပါအဝင်၊ ဟောင်ကောင် ပြင်ပတွင် မွေးဖွားသူများဖြစ်သည်။ နိုင်ငံခြားတွင် မွေးဖွားခဲ့သူများသည် တရားရုံးများရှိ အရေးပါသောရာထူးများ၊ တရားဥပဒေ ထိန်းသိမ်းသူများ နှင့် ပုလိပ်ဌာနများ၌ပင်လျင် အမှုထမ်းလျက်ရှိကြသည်။ ဟောင်ကောင် သည် လုပ်သားထုတစ်ခုလုံး၏ ၈ ရာခိုင်နှုန်းရှိသော (အများအားဖြင့် ဖိလိပိုင်နှင့် အင်ဒိုနီးရှားတို့မှလာသည့်) အိမ်ဖော်နှင့် ကလေးထိန်းတို့အ ပေါ်တွင်လည်း မှီခိုနေရပေသည်။
စင်ကာပူနိုင်ငံတွင် နိုင်ငံ၏အလုပ်သမားဦးရေ သုံးပုံတစ်ပုံကျော်ရှိသော နိုင်ငံခြားလုပ်သား ၁.၄ သန်း ရှိနေပေသည်။ မိမိ၏ နိုင်ငံသားများဆက်လက်လုပ်ကိုင် ခြင်းမရှိသော အဆင့်နိမ့်ကျွမ်းကျင်မှုအလုပ်အကိုင်များကို လုပ်ကိုင်ရန်အတွက် နိုင်ငံခြားမှ လုပ်သားများ ဆက် လက်လိုအပ်နေဆဲဖြစ်သည်ဟု အစိုးရကယူဆထားသည်။ လက်ရှိ လူဦးရေ ၅.၇ သန်းမှနေ၍ ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၆.၉ သန်းရှိလိမ့်မည်ဟု၊ ၂၀၁၃ ခုနှစ် ထုတ်ပြန် သည့် White Paper က ကြိုတင်ခန့်မှန်းထားသည်။
အခြားနိုင်ငံများ၏ များပြားလှသော လုပ်သားဦး ရေအပေါ် အခွင့်ကောင်းယူခြင်းမှာ၊ နိုင်ငံခြားပြောင်းရွှေ့ လုပ်သားများ လက်ခံခြင်းတစ်ခုတည်းသာလျင် မဟုတ် ပေ။ အခြားနိုင်ငံများမှ အလုပ်သမားများလက်ခံနေသ သကဲ့သို့ အာရှကျားများသည် ထိုဒေသများတွင်လည်း မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဖြန့်ကြက်နိုင်၊ ဖြန့်ကြက် လျက်ရှိသည်။ မိမိတို့၏ပြည်ပတွင် ငွေချေးခြင်း၊ ရင်းနှီး မြှုပ်နှံခြင်း စသည်တို့ဖြင့် ထိုဒေသမှလုပ်အားများကို မိမိတို့နိုင်ငံတွင်း သို့ခေါ်ယူနေစရာမလိုဘဲ အသုံးချနိုင်ပေ သည်။ ဟောင်ကောင်နိုင်ငံအနေနှင့် ထိုကဲ့သို့ နိုင်ငံခြား ပိုင်ဆိုင်မှုများမှရရှိသည့် နှစ်စဉ်အသား တင်ဝင်ငွေမှာ တစ်ဦးအပေါ်တွင် ဒေါ်လာ ၂ç၅၀၀ နီးပါး ခန့်ရှိခဲ့သည်။
အာရှကျားများသည် ကမ္ဘာအရပ်ရပ်ရှိ အခြား နိုင်ငံများထံမှ ပစ္စည်းများဝယ်ယူခြင်းထက် မိမိတို့ ပစ္စည်း များကို ပိုမိုရောင်းချခြင်းအား တစိုက်မတ်မတ်ပြုလုပ် ခြင်းဖြင့် ယင်းကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စု ဆောင်းခဲ့သည်။ စင်ကာပူနိုင်ငံ၏ လက်ရှိပိုငွေသည် အံ့သြဖွယ် GDP ၏ ၁၈ ရာခိုင်နှုန်းရှိသည်။
ယင်းတို့၏ အစဦးကာလများကတည်းကပင်၊ အာရှကျားများတွင် မနှစ်မြို့ဖွယ်အချက်များရှိခဲ့သည်။ လွန်ခဲ့သော ၂၅ နှစ်၊ ဤလထုတ် Foreign Affairs မဂ္ဂဇင်း ၌ စီးပွားရေးပညာရှင် Paul Krugman u“The Myths of Asia’s Miracle” ဆိုသည့်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ “ အာရှတိုက်၏ အားကောင်းသည်ဟုမြင် ရသောစီးပွားရေးကဏ္ဍအား အနီးကပ်လေ့လာ ကြည့်ရာ တွင် အကျိုးသက်ရောက်နိုင်စွမ်း အနည်းငယ်သာ ရှိသည် ကို အံ့သြဖွယ်တွေ့ရှိရသည်” ဟုဆိုခဲ့သည်။ ယင်းတို့၏ကြီးထွားမှုသည် စွမ်းဆောင်ရည်အစား လျင်မြန်စွာကြီး ထွားလျက်ရှိသော လုပ်သားထုပမာဏနှင့် အရင်းအနှီး အစရှိသည့် အချက်များအပေါ်တွင်သာ မှီခိုနေပေသည်။ ဉာဏ်ကွန့်မြူးမှုအပေါ်တွင် မဟုတ်ဘဲ ရုန်းကန်ကြိုး စားမှုသက်သက်ပေါ်တွင် အခြေခံပြီး ကြီးထွားလာခဲ့ခြင်းက အံ့သြဖွယ်ဖြစ်ရပ်တစ်ခုပေတည်း။ အထူးသဖြင့် စင်ကာပူ နိုင်ငံ၏ “ ရှိထားသည့် အရင်းအမြစ်များအား ပြောင်းရွှေ့ အသုံးချခြင်းဖြင့် ကြီးထွားလာခဲ့ခြင်းသည်၊ Stalin ပင် ဂုဏ်ယူလောက်သည်” ဟုလည်း Mr Krugman က ရေး သားခဲ့သည်။
နောက်ဆုံးအချက်တွင် Mr Krugman ၏ ရေး သားချက်က ငြင်းဆိုဖွယ်မရှိအောင် မှန်ကန်ပေသည်။ ယခုဆယ်စုနှစ်အတွင်း အာရှကျားများ၏ ဖွံ့ဖြိုးမှုနှုန်းမှာ ၃ ရာခိုင်နှုန်းဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းက ရှိထားခဲ့သည့် ၈ ရာခိုင်နှုန်းမှ ကျဆင်းလာခြင်းဖြစ်သည်။ သို့သော် ဤနိုင်ငံများ၏ ကြိုးစားအားထုတ်မှုနှင့် ဉာဏ် ကွန့်မြူးမှုတို့ ရောစပ်ခြင်းက Mr Krugman စိုးရိမ်ခဲ့သည့် အခြေအနေထက် ပိုမိုကောင်းမွန်သည့် အနေအထားတွင် ရှိနေပေသည်။
“ဆိုဗီယက်ယူနီယံ၏ စတာလင်စနစ်စက်မှု တော်လှန်ပြောင်းလဲရေး” က အာရှကျားများ အကြောက်ရွံ့ ဆုံးနှိုင်းယှဉ်ဖော်ပြမှု မဟုတ်ပါ။ စင်စစ်ယင်းတို့ကြောက်ရွံ့ သည့် နှိုင်းယှဉ်မှုမှာ“ ဂျပန်နိုင်ငံ၏ ဟန်ပန်ကြော့ရှင်းစွာ တိုးတက်မှုရပ်တန့်နေခြင်း” ဖြစ်သည်။ အများအတွက် ဂျပန်လူနေမှုဘဝသည် သက်သောင့်သက်သာရှိပြီး၊ ကြွယ်၀ ချမ်းသာသည်ဟု မြင်ရမည်ဖြစ်သော်လည်း၊ စင်စစ် ယင်း ၏စီးပွားရေးအခြေအနေမှာ ထိန်းချုပ်ရခက်ခဲသည့် အခြေ အနေတွင် ရှိနေပေသည်။ ၁၉၉၀ ပြည့်နှစ်က ဝယ်လိုအား ပေါ်မူတည်သည့်လူတစ်ဦးချင်း၏ GDP နှိုင်းယှဉ်ချက် တွင် ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ၈၅ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ ယနေ့နှိုင်းယှဉ်ချက်မှာ ၇၀ ရာခိုင်နှုန်းသို့ နီးစပ် နေပြီဖြစ်သည်။ ဂျပန်နိုင်ငံ၏ ရှည်လျားသော တိုးတက်မှု နှေးကွေးရခြင်း၏ အကြောင်းရင်းတစ်ချက်မှာ၊ သက်ကြီး ရွယ်အိုများပြားမှုဖြစ်သည်။ သေးငယ်သော Monaco နိုင်ငံ ငယ်လေးမှလွဲ၍ တစ်ကမ္ဘာလုံးတွင် ပျမ်းမျအသက်အကြီး ဆုံးနိုင်ငံဖြစ်သည်။ သို့သော် လာမည့်နှစ် ၃၀ အတွင်း အာရှကျားနိုင်ငံများ၏ အသက်အရွယ်ကြီးရင့်မှု နှုန်းထား သည် ဂျပန်နိုင်ငံကို ကျော်လွန်သွားလိမ့်မည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် တစ်ချိန်က ယင်းတို့၏ စံနမူနာဖြစ်ခဲ့သည့် နည်းတူ ယခုအချိန်တွင်လည်း၊ ယင်းတို့စီးပွားရေးကဏ္ဍ ၏ပုံစံမှာ၊ ဂျပန်နိုင်ငံနှင့် သဏ္ဌာန်တူနေသည်ကိုတွေ့နေကြ ရသည်။ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့သည် ဝန် ဆောင်မှုပေးခြင်းထက် ထုတ်လုပ်မှုတွင် များစွာပိုမိုအားကောင်းနေခဲ့ပြီး၊ အာရှကျား လေးနိုင်ငံလုံးသည် ဝယ်လို အားတိုးတက်မှု ဖန်တီးရေးအတွက် နိုင်ငံခြားသို့ထုတ်ကုန် များပေါ်တွင် သာမန်ထက် လွန်ကဲစွာမှီခိုနေရပေသည်။ ဤနိုင်ငံများသည် ဂျပန်နိုင်ငံ၏အောင်မြင်မှုကို အတုယူခဲ့ သည့်နည်းတူ၊ ဂျပန်နိုင်ငံ၏ကျရှုံးမှုကိုလည်း သစ္စာရှိစွာ တစ်ထပ်တည်း လိုက်ပါလုပ်ဆောင်နေကြဦးမည်လား။
ဂျပန်နိုင်ငံ စီးပွားရေး ရုတ်ခြည်းဖောင်းပွပေါက် ကွဲကျရှုံးသည့် ကာလအဖြစ်အပျက်များနှင့် ယှဉ်လျင် အာရှကျားများသည် ဘဏ္ဍာရေးခိုင်မြဲမှုထိန်းသိမ်းရာတွင် စံတင်လောက်သူများဖြစ်သည်။ ၁၉၉၇-၉၈ ခုနှစ်များ အ တွင်း ဖြစ်ပေါ်ခဲ့သော အာရှစီးပွားရေးကမောက်ကမဖြစ် ခဲ့ချိန်မှစ၍ ယင်းတို့၏ ဘဏ်များအတွက် ကြီးမားသည့် ဘဏ္ဍာရေးကြားခံအရန်အင်အားထားရှိဖို့နှင့် ငွေချေးယူမှု တွင်လည်း နှိုင်းယှဉ်ချိန်ဆမှု သတိကြီးစွာထား၍ ကန့် သတ်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်။ ထို့ပြင် အာရှ ကျားများသည် ကမ္ဘာ့ကုန်သွယ်မှုစနစ်တွင် ကြီးစွာအကာ အကွယ်ယူထားပြီး၊ ကမ္ဘာ့စီးပွားရေးကဏ္ဍတွင်လည်း ဦး ဆောင်သည့်အဆင့်ကို ထိန်းသိမ်းထားရေးအတွက် အခိုင် အမာဆုံးဖြတ်ချက်ချထားပုံပြသခဲ့သည်။ ယင်းတို့လေး နိုင်ငံလုံးသည် World Economy Forum ၏ တစ်ကမ္ဘာလုံး နှိုင်းယှဉ်သည့်ကဏ္ဍ၏ ညွှန်ကိန်းများ၊ သို့မဟုတ် World Bank ၏ “လုပ်ငန်းအဆင်ပြေလွယ်ကူစွာ လုပ်ကိုင်နိုင်မှု” အဆင့်သတ်မှတ်ချက်များတွင် ထိပ်ဆုံး၊ သို့မဟုတ် ထိပ် ဆုံးနှင့် အနီးစပ်ဆုံးနေရာများ၌ ရပ်တည်နိုင်ခြင်းအား ဂုဏ်ယူလေ့ရှိကြသည်။
အာရှကျားများ ကျဆုံးခဲ့လျင်လည်း၊ ဂျပန်နိုင်ငံ ၏ အမှားများကို ထပ်မံကျူးလွန်ခြင်းကြောင့်မဟုတ်ဘဲ ယင်းတို့၏ ကိုယ်ပိုင်အမှားများကြောင့်သာလျင် ဖြစ်ပေ လိမ့်မည်။ ထိုင်ဝမ်သည် တရုတ်ပြည်နှင့် စီးပွားရေးပတ် သက်မှုများအား လျော့ချလိုသော်လည်း ယခုအချိန်တွင် တရုတ်ပြည်သည် အာရှဒေသ၏ စီးပွားရေး ဗဟိုအချက် အချာနိုင်ငံတစ်ခုဖြစ်လျက်ရှိသောကြောင့် ထိုသို့ပြုရန် လွယ်ကူတော့မည်မဟုတ်ပေ။
စင်ကာပူနိုင်ငံ၏“အထူးသတိထားလုပ်ကိုင်ခဲ့ သော နိုင်ငံရေးလုပ်နည်းလုပ်ဟန်”သည် ပိုမိုများပြားလာ သည့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး၊ လူဝင်မှုကြီးကြပ်ရေး ကိစ္စများအပေါ် လူအများ၏ တုံ့ပြန်ရိုက်ခတ်မှုများက၊ ကမ္ဘာ တစ်လွှား လူအများသတိထားမိလာစေသော၊ “သာမန်လူ တန်းစားများအား ကိုယ်စားပြုသည့်နိုင်ငံရေး ဝါဒ” အား ခုခံကာကွယ်နိုင်ခြင်းမရှိကြောင်း ဖော်ပြလျက်ရှိသည်။ ဟောင်ကောင်သည် အာရှကျားများအနက် စိတ်မကောင်း ဖွယ်၊ နောက်ကြောင်းပြန်လှည့်ရန် ဖြစ်နိုင်ခြေ အများဆုံး ရှိသော ဒေသတစ်ခုဖြစ်သည်။ ယင်း၏လူထုသည် ခေတ် မီတိုးတက်အောင်မြင်သူများဖြစ်ကြပြီး၊ ယင်းတို့အတွက် ကြီးမားသောဆုံးဖြတ်ချက်များ ချမှတ်လိုကြကြောင်း သဘောပေါက်နိုင်ပေသည်။ သို့သော် ယင်းတို့ကို အုပ်ချုပ် သူများထံ၌ ထိုကဲ့သို့အတွေးအခေါ်မျိုး လုံးဝရှိပုံမရပေ။
ကမ္ဘာ့အခြားနိုင်ငံများအတွက် အာရှကျားများ သည် အရေးပါသည့် ကဏ္ဍမှပါဝင်လျက်ရှိပေသည်။ တိုး တက်ရန်ကြိုးစားလျက်ရှိသော အခြားဖွံ့ဖြိုးဆဲနိုင်ငံများ အတွက်၊ ယင်းတို့၏ အောင်မြင်ခဲ့သောအချိန်များက၊ ထင် ရှားသည့် မှီငြမ်းအတုယူစရာများအဖြစ် ဆက်လက်တည် ရှိနေမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ယင်း တို့၏အတွေ့အကြုံများသည် အလယ်အလတ်တန်း အဆင့် ရှိနိုင်ငံများမှ ပိုမိုမြင့်မားသောအဆင့်ထိ မည်သို့တက်လှမ်း နိုင်သည်ဆိုခြင်းကိုပြသခဲ့သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများအ တွက် (အထူးသဖြင့်) စိတ်ဝင်စားဖွယ် အကြောင်းအရာများ မှာကား ယင်းတို့နောက်လာမည့် ဆယ်စုနှစ်အနည်းငယ် တွင် တွေ့ကြုံမည့်အဖြစ်အပျက်များပင် ဖြစ်ပေလိမ့်မည်။
လွန်ခဲ့သောဆယ်စုနှစ်များစွာက ယင်းနိုင်ငံများ သည် “ကျား” များအဖြစ်အမည်ပေးခေါ်ဝေါ်ခြင်းခံခဲ့ကြရသည်။ အာရှဒေသရှိ စီးပွားရေးလုပ်ငန်းငယ်အဆင့်ရှိ သော နိုင်ငံများကိုမူ (ဂျပန်နိုင်ငံ၏နောက်မှဖြန့်ကြက်လိုက် ပါလာကြသည့်အလျောက်) အခြားတိရစ္ဆာန်တစ်မျိုးဖြစ် သည့်“ငန်းငှက်” ဟုအမည်ပေးကြသည်။ သဘာဝတွင် နောက်လိုက်ငန်းငှက်များသည် ခေါင်းဆောင်ငန်း၏ လေဟုန်ကိုစီး၍ မိမိတို့၏တောင်ပံပင့်အား ထပ်မံပေါင်း စပ်လျက်လိုက်ပါရခြင်းရက ပိုမိုသက်သာလွယ်ကူကြောင်း တွေ့ရသကဲ့သို့ စီးပွားရေးလုပ်ရာတွင်လည်း အလားတူပင် ဖြစ်သည်။
သို့သော် မူရင်းတင်စားမှုတွင် ထည့်သွင်းဖော် ပြရန် ကျန်ရှိခဲ့သည့်အချက်မှာ ငန်းငှက်များသည် ထိုကဲ့ သို့ အုပ်စုဖွဲ့ပျံသန်းနေစဉ် ခေါင်းဆောင်အဖြစ် တစ်လှည့် စီ တာဝန်ယူပျံသန်းကြသည်ဆိုသော အချက်ဖြစ်သည်။ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့ သည် ဆယ်စုနှစ်များစွာ ပိုမိုတိုးတက်သော စီးပွားရေးလုပ် ငန်းရှင် နိုင်ငံများနောက်တွင် သက်သောင့်သက်သာလိုက် ပါပျံသန်းခဲ့ကြသည်။ သတင်းကောင်းနှင့် သတင်းဆိုး တစ်ပြိုင်တည်းဖော်ပြရမည်ဆိုလျင် ယခုအချိန်တွင် နောက်မှ လိုက်ပါပျံသန်းရန် ဦးဆောင်မည့်သူတစ်ဦးမျ မရှိတော့ပါဆိုခြင်းပင်ဖြစ်သည်။
The Economist, Special report Asian tigers
အောင်ကို(တောင်ငူ)