အပန်းဖြေရင်း အားကစားလုပ်နိုင်မယ့် FITNESS XPRESS

article landscape wartermark final1   အောင်မြင်လိုတဲ့လူတိုင်းအတွက် ပထမအဆင့်အနေနဲ့ လုပ်ဆောင်ရမှာက ကျန်းမာရေးကောင်းမွန်ဖို့ပဲဖြစ်ပါတယ်။  ဒါမှသာ မိမိသွားလိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အဆင်ပြေချောမွေ့စွာ လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးလိုက်စားတဲ့နေရာမှာလည်း အစားအသောက်၊ အနေအထိုင်ဆင်ခြင်တာထက် လေ့ကျင့်ခန်းများများလုပ်တာဟာ အထိရောက်ဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။  ဒါအပြင် လုပ်ငန်းခွင်လုပ်ကိုင်နေသူတွေအတွက်လည်း ကျန်းမာရေးကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားစေဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ မြင်မိပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ် တွေအတွက် အေးအေးဆေးဆေးအပန်းဖြေအနားယူလို့ရသလို လေ့ကျင့်ခန်းတွေလုပ်နိုင်မယ့် အဆင့်မြင့်အားကစားရုံတစ်ခုဖြစ်တဲ့Fitness Express Malikha Clubhouse အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ people portrait water mark final9

တည်နေရာနဲ့ဖွင့်ချိန်

မလိခအိမ်ရာ၊ ရတနာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန် ကုန်မြို့၊ ဖုန်းနံပါတ်အနေနဲ့ ၀၉ ၂၅၀၄၉၉၉၉၈ တို့ဖြစ် ပြီး ဖွင့်ချိန်အနေနဲ့ နံနက် ၆ နာရီကနေ ည ၁၀ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။  

စတင်ဖွင့်လှစ်ခဲ့ပုံနဲ့ ဖွင့်လှစ်ခဲ့တဲ့ခုနှစ်

စတင်ဖွင့်လှစ်ခဲ့တာကတော့ ၂၀၁၁ ခုနှစ် ၊ဇူလိုင်လ ၁၅ ရက်က Junction Mawtin    ၊ ၅ လွှာမှာ ပထမဦးဆုံး Branch ကို ဖွင့်လှစ်ခဲ့ပြီးတော့ အခု ဒုတိယ Branch ကိုတော့ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၃ ရက်က သင်္ဃန်းကျွန်း မြို့နယ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   article landscape wartermark final4 ဖွင့်လှစ်ဖြစ်ခဲ့တဲ့ရည်ရွယ်ချက် ဖွင့်လှစ်ဖြစ်ခဲ့တဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့မန်နေး ဂျင်းဒါရိုက်တာဒေါ်ဆိုဖီက ''မြန်မာပြည်ရဲ့အနေအထား ကိုကြည့်မယ်ဆိုရင် လူတော်တော်များများဟာ ရောဂါ ဖြစ်မှသာ ဆေးရုံတက်ရောက်ကုသကြတာများတယ်။ ကြိုတင်ကာကွယ်မှုဆိုတာ မရှိပါဘူး။ ရောဂါကုသပြီး ကုန်ကျမယ့်ကုန်ကျစရိတ်ထက် အားကစားအတွက် ကုန်ကျစရိတ်က အင်မတန်နည်းတယ်။ ဒါကြောင့် အားလုံး ကျန်းမာရေးကို အထူးတလည်လိုက်စားစေ ချင်တဲ့အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ဖို့ ဆုံးဖြတ်ချက်ချလိုက် တာ ပါ'' လို့ ပြောပြခဲ့ပါတယ်။  

လာရောက်ကစားနိုင်တဲ့အားကစားနည်းတွေ

ရေကူးအားကစားနည်း၊ Aerobic အားကစားနည်း၊ ယောဂ၊ ဗန်ဒို၊ တိုက်ကွမ်ဒို၊ Gym အားကစားနည်းတွေအပြင် ခန္ဓာ ကိုယ်အလှပြင်လိုတဲ့ အမျိုးသမီးတွေအတွက် Beauty Saloon  ၊ Spa ၊ Massage   တို့ကိုလည်း ထည့်သွင်းထားတယ် လို့ သိရပါတယ်။   article landscape wartermark final3

ဈေးနှုန်း

Mawtin မှာဆိုရင် တစ်လ ရှစ်သောင်းကျပ်ပေးရပြီး Malikha Clubhouse  မှာတော့ တစ်လ ၁၂၀ç၀၀၀ ကျပ် ပေးရမှာဖြစ်ပါတယ်။ Member ဝင်လိုသူတွေ အနေနဲ့ Mawtin Clubhouse    အတွက်  Yearly Fees အနေနဲ့ ကျပ် ၄၈၀ç၀၀၀ ဖြစ်ပြီး MalikhaClubhouse အတွက်ဆိုရင်တော့ ကျပ် ၁ç၀၈၀ç၀၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။  

ဝန်ဆောင်မှုပိုင်း

ဝန်ဆောင်မှုပိုင်းအနေနဲ့ လာရောက်ကစားကြတဲ့သူတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုပိုင်းကိုကြည့်ပြီး Trainer တွေက အကြံပေးတာတွေ ပြုလုပ်ပေးပါတယ်။ ပြည်တွင်းပြည်ပ Trainer အယောက် ၂၀ ကျော်ရှိပြီး တစ်ဦးတစ်ယောက်ချင်း သင်လိုတဲ့သူတွေအတွက်လည်း Personal Trainer  တွေကို လုပ်ထားပေးပြီး နောက်ထပ်အမေရိကားက Trainer ကိုလည်းခေါ်ဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။ article landscape wartermark final11

Member ဝင်သူတွေအတွက် အကောင်းဆုံးအစီအစဉ်

Member ဝင်သူတွေအတွက် Fitness Express ဆိုတဲ့ Member Card  ရမှာဖြစ်ပြီး Clubhouse ရှိတဲ့ ဘယ်လို နေရာမဆို ဝင်ရောက်ကစားနိုင်အောင် ပြုလုပ်ထားပေးပြီး Shopping Center  တွေ၊ Restaurant တွေမှာ Fitness Express Member Card  နဲ့ ဝယ်ယူစားသောက်မယ်ဆိုရင် Discount  ရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ article landscape wartermark final14

အများဆုံးလာရောက်ကစားကြတဲ့သူတွေ

လာရောက်ကစားကြတဲ့သူတွေကတော့ လူငယ်၊ လူလတ် ပိုင်းနဲ့ အသက် ၃၀ ကျော်၊ ၄၀ ကျော် အပါအဝင်     သက်ကြီးသမားတွေပါ လာရောက်ကစားကြပါတယ်။ သက်ကြီးသမားတွေကတော့ ကျန်းမာရေးအတွက် ကစား ကြပေမဲ့ လူငယ်အများစုကတော့ ခန္ဓာကိုယ်လှပဖို့နဲ့ ကျန်း မာရေးအတွက် ကစားကြတာများပါတယ်။  

ရရှိနိုင်တဲ့အကျိုးကျေးဇူး

Gym ကစားခြင်းအားဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက တော့ ရောဂါဖြစ်နိုင်တဲ့အခြေအနေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပြီး ကျန်းမာမယ်။ ခန္ဓာကိုယ်အချိုးအစား လှပမယ်။  မိမိကိုယ်မိမိ ယုံကြည်မှုရှိမယ်။ သက်ကြီးပိုင်း တွေအတွက် အရွယ်တင်ပြီး သက်ရှည်ကျန်းမာမှုတွေရရှိနိုင် မှာဖြစ်သလို အလုပ်လုပ်နေသူတွေအတွက် လုပ်ငန်းခွင်အ တွင်း စိတ်ဖိစီးမှုကင်းပြီး မိမိလုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့အရည်အသွေးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ article landscape wartermark final6

အသုံးပြုထားတဲ့ Equipments

အသုံးပြုထားတဲ့ Equipments တွေက အမေရိကား Brand တွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။  

Customer တွေကို ဆွဲဆောင်ထားတဲ့အချက်

''ဒီကို လာကစားကြတဲ့သူတော်တော်မျာများက  Relax လုပ်ဖို့လာကြတာများတယ်။ ဒီအတွက် ျွနူထေ လုပ်ဖို့ အတွက် Facilities ပြည့်ပြည့်စုံစုံ လုပ်ထားပေးတာက  Customer တွေကို ဆွဲဆောင်ထားတဲ့အ ချက် ဖြစ်ပါတယ်'' လို့ ဒေါ်ဆိုဖီက ရှင်းပြခဲ့ပါတယ်။  

ဈေးကွက်အလားအလာ

၂၁ ရာစုနောက်ပိုင်း လူတွေရဲ့ ပြောင်းလဲလာတဲ့ Living Standard  အရ ကျန်းမာရေးအသိ များလာတာကို တွေ့ ရပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာလည်း ကျန်းမာ ရေးလိုက်စားသူတွေများ လာတာကိုတွေ့ရ တဲ့အတွက် Gym အားကစားရုံတွေ လိုအပ်လာမှာဖြစ်တာကြောင့်  ဒီထက်မက အလားအလာကောင်းလာမယ်လို့ဆိုပါတယ်။   article portrait watermark final13  

ရှေ့ဆက်လုပ်ဆောင်မယ့်အစီအစဉ်

  နောက်ထပ် New Clubhouse  တွေကို ရန်ကုန်မြို့အပါ အဝင် နယ်မြို့တွေမှာ ဖွင့်လှစ်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ် လို့ သိရပါတယ်။   article portrait watermark final12 article portrait watermark final8 article portrait watermark final10  

ကိုပြည့်