ခေတ်သစ်အိုင်တီတက္ကနိုလိုဂျီ ပစ္စည်းတို့၌ ဆော့ဖ်ဝဲ၊ စာအုပ်၊ တေးဂီတမြူးဇစ်နှင့် ရုပ်ရှင်ဗီဒီယိုတို့ပါ ဝင်သည်။ ဤပစ္စည်းတို့ကို ဖန်တီးမှုအတွက် ကုန်ကျစရိတ် ပြန်ကျေပုံလည်း တိုက်ရိုက်မဟုတ်တော့ပေ။ သွယ်ဝိုက်သောနည်းဖြင့် စရိတ်ကာမိအောင် ပြုလုပ်ကြရသည်။ လမ်းပိုဖွင့်ပြီး စရိတ်ကျေစေရသည်။ လမ်းပိုဆိုလို့ တရားမဝင်မဟုတ်။ ဖော်ပြသောအိုင်တီပစ္စည်းတို့ကို ဉာဏ်ပညာပစ္စည်းဟုခေါ်သည်။ မားကက်တင်းလုပ်ရာတွင် ဤဉာဏ်ပညာပစ္စည်းတို့ကို အခမဲ့ဝေပစ်ရသည်။ သို့ဆိုလျင် ဘယ်ကငွေရှာသနည်းဟုဆိုသော် ပင်ရင်းပစ္စည်းမှ အစွယ်အပွားဖြစ်သော ဝန်ဆောင်မှုနှင့်ဆက်ဆံမှု (Services and Relationships) တို့ကိုရောင်း၍ ဝင်ငွေရှာသည်။ ပစ္စည်းမှ တိုက်ရိုက်ဝင်မဝင်။ ပစ္စည်းနောက်ခံတို့မှ သွယ်ဝိုက်၍ ငွေဝင်သည်။ ဤသွယ်ဝိုက်ဝင်ငွေသည်ပင် ဒစ်ဂျစ်တယ်နည်း ဖြင့် ဖန်တီးမှုမှရသော အဓိကဝင်ငွေဟုဆိုသည်။ ဘိဇနက်၏တိုက်ရိုက်ဝင်ငွေမဟုတ်သော်လည်း အဓိကဝင်ငွေဖြစ်နေသည်။ ဥပမာ- ကုမ္ပဏီတစ်ခုသည် မိမိကုမ္ပဏီ Code ဆော့ဖ်ဝဲကို အခမဲ့ပေးသည်။ ဆော့ဖ်ဝဲကို တပ်ဆင်သော လုပ်ငန်းတို့နှင့် ဆက်စပ်ဝန်ဆောင်မှုတို့အတွက်သာ အခကြေးငွေယူသည်။ နောက်ဥပမာတစ်ခုမှာ 'ဂရိတ်ဖူးဒက်' ကုမ္ပဏီ၏လုပ်ငန်းဖြစ်သည်။ တီဗီဇာတ်လမ်း၊ ရုပ်ရှင်ဇာတ်လမ်း များကို အခွေကူးယူခြင်းကို ဤကုမ္ပဏီက အားပေးသည်။ ဤသို့ အခွေကူးရန် လိုအပ်သောပစ္စည်းတို့ကိုလည်း ထောက်ပံ့သည်။ ဇာတ်လမ်းအ ခွေ၊ အကအခွေတို့ အတော်များများ ကူးပြီးကြပြီဆိုလျင် 'ဂရိတ်ဖူးဒက်'ကုမ္ပဏီ က မင်းသားမင်းသမီးတို့၏ ပုံတို့ကိုရောင်းသည်။ လိုက်ဖ်ရှိုးပွဲလက်မှတ်တို့ကိုရောင်းသည်။ လုပ်နည်းသဘောမှာ အကူဈေးကွက် Ancillary Market ကို အားကိုး၍ ငွေရှာခြင်းဖြစ်သည်။ 'ခေတ်သစ်တွင် အကူဈေး ကွက်သည် ဈေးကွက်ပင်ဖြစ်သည်' ဟု ဂရိတ်ဖူးဒတ်မှစီအီး အိုက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုသည်။ ပင်မဈေးကွက်နှင့် အကူဈေးကွက်နှစ်မျိုးရှိရာတွင် အကူဈေးကွက်ကို အားကိုး ၍ငွေဖော်သည်။ ယခုအခါ အင်တာနက်ဝက်ဘ်ဆိုက်တို့မှဆွဲ ချယူသော 'ဒေါင်းလုပ်' Download ဘိဇနက်ပေါ်သည်။ ဒေါင်းလုပ်ဘိဇနက်ကို တီထွင်ဖန်တီးသော ဘိဇနက် (Creative Business) ထဲထည့်သည်။ အီးဘုတ်ပါသော ဒေါင်း လုပ်ဘိဇနက်၌ ဉာဏ်ပညာပစ္စည်းကို ကော်ပီကူးရလွယ်သည်။ သို့သော် ဈေးကြီးကြီးနှင့် ရောင်းရန်ခက်သည်။ မည်သို့ပင် ဖြစ်စေ ဒစ်ဂျစ်ဖြင့်ဖန်တီးလို့ရသမျကို ဒစ်ဂျစ်ဖြင့် ဖန်တီးနေသောခေတ်တွင် အခြေအနေနှင့် လိုက်သောဘိဇနက်မိုဒယ် တို့ကိုလည်း ရှာဖွေကြရသည်။
မောင်သာဇုံ