မင်းဗထူး
အဂတိလိုက်စားမှုအဆင့်အတန်းများ
အဂတိလိုက်စားမှု၏ အဆင့်အတန်းခွဲခြားသတ်မှတ်ချက်များကို ကမ္ဘာလုံးဆိုင်ရာအဖွကြအစည်းကြီးများနှင့် ပညာ ရှင်များက သူတို့၏စံနှုန်းသတ်မှတ်ချက်များ၊ သုသေသန ပြုတွေ့ရှိချက်များနှင့် မျော်လင့်ထားသော လိုလားချက် များအပေါ်မူတည်၍ အမျိုးမျိုးသတ်မှတ်ထားကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံအပေါ် အများဆုံးလွှမ်းမိုးမှုပြု နိုင်သော စံနှုန်းသတ်မှတ်ချက်များမှာ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းကြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့ကြီး (Transparency International – TI) နှင့် ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group – WBG) တို့၏ သတ်မှတ်ချက်များဖြစ်ကြပါသည်။
ရှေးဦးစွာ TI ၏ အဂတိလိုက်စားမှုအပေါ် အဆင့်အတန်း သတ်မှတ်ချက်ကို ဦးစွာတင်ပြပါမည်။ TI အနေဖြင့် အဂတိလိုက်စားမှုကို ယေဘုယျအားဖြင့် ''ယုံကြည်အပ်နှံ ထားသောပါဝါကို ပုဂ္ဂလိကအကျိုးစီးပွားများအတွက် အလွဲသုံးစားပြုခြင်း'' ဟု သတ်မှတ်ထားသည့်ပြင် အဂတိ လိုက်စားမှုတွင် အဆင့်အတန်းသုံးမျိုးရှိသည်ဟု ခွဲခြား ဖော်ပြပါသည်။ ယင်းတို့မှာကြီးမားသော အဂတိလိုက်စားမှု (Grand Corruption)၊ သေးငယ်သော အဂတိလိုက်စားမှု (Petty Corruption) နှင့် နိုင်ငံရေးအဂတိလိုက်စားမှု (Political Corruption) ဟူ၍ အဂတိလိုက်စားမှုကြောင့် ဆုံးရှုံး ရသည့် ငွေကြေးပမာဏနှင့် အဂတိလိုက်စားမှုဖြစ်ပွားသည့် အခန်းကဏ္ဍတို့အပေါ်မူတည်၍ သတ်မှတ်ပါသည်။
ကြီးမားသောအဂတိလိုက်စားမှုဆိုသည်မှာ
''အစိုးရဌာနများ၏ အထက်ပိုင်းအလွှာအရာရှိကြီးများက အစိုးရ၏မူဝါဒများကိုဖြစ်စေ၊ ပင်မလုပ်ငန်းဆောင်တာ များကို ဖြစ်စေပုံပျက်ပန်းပျက်ဖြစ်စေခြင်းဖြင့် အများပြည် သူတို့ ခံစားရမည့် အခွင့်အရေးတို့ကို နစ်နာဆုံးရှုံးစေပြီး ထိုအရာရှိကြီးများအတွက် အကျိုးအမြတ်ရရှိစေခြင်း'' ကို ခေါ်ပါသည်။ သေးငယ်သော အဂတိလိုက်စားမှုဆိုသည် မှာ ''အောက်ခြေ၊ ဒါမှမဟုတ် အလယ်အလတ်အရာထမ်း၊ အမှုထမ်းများက သာမန်ပြည်သူလူထုသည် သူတို့အတွက် ရသင့်သော အခြေခံခံစားခွင့်နှင့် ဝန်ဆောင်မှုများခံစားရရှိ နိုင်ရေးအတွက် အစိုးရဌာနများနှင့် ထိတွေ့ဆက်ဆံရာတွင် အရာထမ်း၊ အမှုထမ်းများက သူတို့ကိုအများပြည်သူကယုံ ကြည်အပ်နှံထားသော ပါဝါ၊ ဒါမှမဟုတ် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ပုဂ္ဂလိက အကျိုးစီးပွားဖြစ်စေခြင်း'' ကို ဆိုလိုပါသည်။
နိုင်ငံရေးအဂတိလိုက်စားမှုဆိုသည်မှာ ''နိုင်ငံ ရေးဆုံးဖြတ်ချက်ချမှတ်နိုင်သူများက နိုင်ငံရေးမူဝါဒများ၊ ရုံးဌာနအဖွဲ့အစည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ဓလေ့ ထုံးတမ်းအပါအဝင်ဖြစ်သော အင်စတီကျူးရှင်းများနှင့် လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို လွှမ်းမိုး ချုပ်ကိုင်လျက် နိုင်ငံ၏အရင်းအမြစ်များနှင့် ဘဏ္ဍာရန် ပုံငွေများကို ခွဲဝေသတ်မှတ်ရာတွင် မိမိတို့၏ ရာထူးဌာ နန္တရကို အလွဲသုံးစားပြု၍ မိမိတို့၏အာဏာ၊ နေရာ၊ အ ဆင့်အတန်းနှင့် စီးပွားဥစ္စာတို့ကို ရေရှည်တည်တံ့ခိုင်မြဲ စေရန်ပြုလုပ်ခြင်း'' ကိုခေါ်ပါသည်။
ကမ္ဘာ့ဘဏ်အုပ်စုက ၂၀၀၀ ပြည့်နှစ်ခန့်မှ စ တင်သုံးနှုန်းခဲ့သော နိုင်ငံရေးဖြင့် သိမ်းဆည်းခြင်း (ှအအေန ဃစေအကမန) သည် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးအညွှန်း ကိန်း (Worldwide Governance Indicator – WGI) တွင် အဂတိလိုက်စားမှုထိန်းချုပ်နိုင်ခြင်းကဏ္ဍအတွက် အဆင့် အတန်းသတ်မှတ်ချက်တစ်ခုအဖြစ် ဆက်လက်သုံးစွဲလျက် ရှိပါသည်။ ''သေးငယ်သော လူအစုအဖွဲ့များက အစိုးရအ ဖွဲ့အပေါ် သြဇာလွှမ်းမိုးနိုင်မှုကို အကြောင်းပြု၍ ယင်းတို့ ၏စီးပွားရေးအခြေများခိုင်မာရေးအတွက် အစိုးရ၏ဆုံး ဖြတ်ချက်များကို လိုအပ်သလိုချမှတ်စေခြင်း'' ဖြစ်ပါ သည်။ ဤကဲ့သို့သော အစုအဖွဲ့များကို နောက်ပိုင်းတွင် လူနည်းစုအသိုက်အဝန်းက နိုင်ငံရေးအာဏာချုပ်ကိုင်ထား သောအစိုးရ (Oligarchy) ဟု ခေါ်ပါသည်။ နိုင်ငံရေးဖြင့် သိမ်းဆည်းခြင်းနှင့် အခြားအဂတိလိုက်စားမှုအဆင့်အ တန်းတို့၏ အဓိကကွဲပြားခြားနားချက်မှာ အခြားအဂတိ လိုက်စားမှုများတွင် ထွက်ပေါ်လာမည့် ရလဒ်အပေါ် တိ ကျသေချာမှုမရှိသော်လည်း နိုင်ငံရေးဖြင့် သိမ်းဆည်းသော အဆင့်တွင် ရလဒ်သည် ကြိုတင်သိရှိနိုင်ပြီး သိမ်းဆည်းသူများအတွက် အကျိုးကျေးဇူးအလွန်ကြီးမားနိုင်ရန် အလားအလာရှိပါသည်။
ကမ္ဘာ့ဘဏ်အုပ်စု၏ နောက်ထပ်သုံးစွဲလေ့ရှိ သော အဂတိလိုက်စားမှုအဆင့်အတန်းတစ်ခုမှာ အုပ်ချုပ် ရေးဆိုင်ရာအဂတိလိုက်စားမှု (Administrative Corruption) ဖြစ်၏။ အုပ်ချုပ်ရေးဆိုင်ရာအဂတိလိုက်စားမှုဆိုသည်မှာ ''ချမှတ်ထားသော မူဝါဒများကို အကောင်အထည် ဖော်ရာတွင် ပုဂ္ဂလိကအကျိုးစီးပွားအတွက် လိုသလိုပြင် ဆင်၍ အဂတိလိုက်စားခြင်း'' ဖြစ်သည်။ သာဓကအနေဖြင့် သတ်မှတ်အရည်အချင်းပြည့်မှီခြင်းမရှိသောကြောင့် ပေး ထိုက်ခွင့်မရှိသော ပါမစ်တစ်ခုကို ထုတ်ပေးခြင်းသည် အုပ်ချုပ်ရေးဆိုင်ရာ အဂတိလိုက်စားမှုတစ်မျိုးဖြစ်ပေသည်။
အထက်ပါအဂတိလိုက်စားမှုအဆင့်အတန်းများ အပြင် အရောင်ဖြင့် သတ်မှတ်ထားသော အဂတိလိုက်စား မှုအဆင့်အတန်းများလည်းရှိပါသည်။ လူတိုင်းက အပြစ် ပေးအရေးယူစေလိုသော အဂတိလိုက်စားမှုများကို အနက် ရောင်အဆင့်အတန်း၊ လူနည်းစု၊ ဒါမှမဟုတ် ထိပ်ပိုင်း အလွှာကသာ အရေးယူစေလိုသော်လည်း လူအများစုက ဝေခွဲမရဖြစ်နေသော အညိုရောင်အဆင့်အတန်း၊ လူအား လုံးက သည်းခံသင့်သည်ဟု သဘောထားရှိသော အဖြူ ရောင်အဆင့်အတန်းဟူ၍လည်း ခွဲခြားဖော်ပြခြင်းရှိပါ သည်။ ထို့အပြင် အဂတိလိုက်စားမှုဟု အမည်မတပ်ထား သော်လည်း အဂတိလိုက်စားမှုအဆင့်အတန်းတစ်ခုခု တွင် အကျုံးဝင်ကြောင်းလူအများအသိအမှတ်ပြုနား လည်ထားရသော အခြားအလေ့အကျင့်များလည်း ရှိပါ သည်။ ယင်းတို့အနက် အချို့မှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) လာဘ်ပေးလာဘ်ယူခြင်း - Bribery
(ခြောက်လှန့်တောင်းခံခြင်း၊ အခွင့်ထူးရရန် တရားဝင်မ ဟုတ်သော ငွေကြေးပေးရခြင်းတို့အပါအဝင်)
(ခ) ခိုးယူသောစရိုက်ရှိခြင်း - Kleptocracy
(ခိုးယူခြင်းနှင့် အများပြည်သူပိုင်ဆိုင်သော ဘဏ္ဍာရန် ပုံငွေ၊ မြေယာ၊ အိုးအိမ်နှင့် အခြားပစ္စည်းများကို ပုဂ္ဂလိက အကျိုးစီးပွားဖြစ်အောင်ပြုလုပ်ခြင်း
(ဂ) အလွဲသုံးစားပြုလုပ်ခြင်း - Misappropriation
(အတုပြုလုပ်ခြင်း၊ ယုံကြည်အပ်နှံထားသော ငွေကြေး၊ ပစ္စည်းကို မိမိအပိုင်ပြုခြင်း၊ ပြည်သူ့ဘဏ္ဍာရန်ပုံငွေအ လွဲသုံးစားပြုခြင်း)
(ဃ) ခရိုနီဝါဒကျင့်သုံးခြင်း - Cronyism
(ခင်မင်ရင်းနှီးသူများကို တာဝန်ထမ်းဆောင်မှုမရှိဘဲ လိုသလို အခွင့်အရေးပေးထားခြင်း)
(င) တရားမဝင်သောအပေးအယူလုပ်ခြင်း - Influence Peddling
(အခွင့်အရေးအတွက် ပွဲစားလုပ်ခြင်း၊ ပုဂ္ဂလိက အကျိုးစီး ပွားရှေ့တန်းတင်ခြင်းဖြင့် အကျိုးစီးပွား ပဋိပက္ခဖြစ်ခြင်း)
(စ) မသင့်မလျော်သော လက်ဆောင်ကိုလက်ခံခြင်း - Acceptance of improper gifts
(အမြန်ကြေးပေးရခြင်း)
(ဆ) မှားယွင်းသော အုပ်ချုပ်ရေးစနစ်ကို ကာကွယ်ခြင်း - Protecting Maladministration
(အဖြစ်မှန်ကို ဖုံးကွယ်ခြင်း၊ မုသားသက်သေခံခြင်း)
(ဇ) အာဏာကိုအလွဲသုံးစားပြုခြင်း - Abuse of Power
(ခြိမ်းခြောက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း)
(ဈ) စည်းမျဉ်းစည်းကမ်းများကို ကြိုးကိုင်ချယ်လှယ်ခြင်း- Manipulation of regulation
(ဘက်လိုက်ခြင်း၊ မျက်နှာသာပေးခြင်း)
(ည) ရွေးကောက်ပွဲနှင့်သက်ဆိုင်သော မှားယွင်းသော ကျင့်ကြံမှု - Electoral malpractice
(မဲဝယ်ခြင်း၊ မဲခိုးခြင်း)
(ဋ) အခွင့်ထူးရှာဖွေခြင်း - Rent-seeking
(ကုန်ပစ္စည်းများပြတ်လပ်သည့် အခြေအနေကို ဖန်တီး ပြီး အများပြည်သူဆိုင်ရာဝန်ထမ်းများက တရားမဝင် ထုတ်ရောင်းခြင်း)
(ဌ) ဆရာမွေးတပည့်မွေးခြင်း - Clientelism and Patronage
(နိုင်ငံရေးသမားများက ပြည်သူလူထုထောက်ခံမှုရရှိရန် ပစ္စည်းနှင့် အခွင့်အရေးပေးခြင်း)
(ဍ) မဲဆွယ်ပွဲများတွင် တရားမဝင်ပေးကမ်းခြင်း - Illegal Campaign contributions
(ခွင့်ပြုမထားသော လက်ဆောင်များပေးခြင်း)
အဂတိလိုက်စားမှုများတွင် အထက်၌ ဖော်ပြမထားသော အခြားအလေ့အကျင့်များလည်းရှိပါသေး သည်။ ယင်းတို့အနက် မိမိတို့နိုင်ငံသားများအတွက် မလွဲ မသွေသိသင့်သည့် အမျိုးအစားတစ်ခုမှာ လူတစ်ကိုယ် လုံးတွင် ပျံ့နှံ့နေသောရောဂါပိုးကဲ့သို့ဖြစ်နေသည့် အဂတိ လိုက်စားမှု၊ ဒါမှမဟုတ် တစ်နိုင်ငံလုံးပျံ့နှံ့နေသည့် အဂ တိလိုက်စားမှု Systemic Corruption ဖြစ်သည်။ ယင်းတွင် နေရာတကာသို့ သက်ရောက်မှုရှိသော Pervasive အလေ့ အကျင့်နှင့် လုပ်ရိုးလုပ်စဉ်ကဲ့သို့ပြုလုပ်သော Routine အလေ့အကျင့်တို့လည်း ပါဝင်ပါသည်။ သို့ရာတွင် အဂ တိလိုက်စားမှုကို အမျိုးအမည်၊ အရေအတွက်အားဖြင့် အတိအကျသတ်မှတ်ရန် ခက်ခဲပါသည်။ အဘယ်ကြောင့် ဆိုသော် ကမ္ဘာတစ်ဝန်းလုံး၌ နည်းပညာအသစ်များတိုး တက်လာသည့် နည်းတူအဂတိလိုက်စားမှုနည်းလမ်းအသစ်အဆန်းများကလည်း အစဉ်အမြဲထွက်ပေါ်လာနေမြဲ ဖြစ်သောကြောင့်ပါတည်း။