စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ရန်ကုန်တွင် လိုင်စင်လျှောက်ထားနိုင်သည့် ကုန်ပစ္စည်းအမယ်များစာရင်းကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ကုန်သည်လုပ်ငန်းရှင်များ လိုင်စင်လျှောက်ထားရာတွင် လွယ်ကူစေရန် ပူးတွဲပါသွင်းကုန်ပစ္စည်း ၂၁ မျိုးအား ရန်ကုန်တိုုင်းဒေသကြီးရုံးခွဲမှ သွင်းကုန်လိုင်စင် ထုတ်ပေးလျှက်ရှိပြီး ယခု အခါ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ (၄၀/၂၀၁၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ပူးတွဲပါ ကုန်ပစ္စည်းအမယ်များကို တိုးမြှင့်လိုင်စင်လျှောက်ထားခွင့်ပြုခဲ့ကြောင်း သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲမှ သွင်းကုန်လိုင်စင်ထုတ်ပေးလျက်ရှိတဲ့ သွင်းကုန်ပစ္စည်းတွေကတော့ CMP ၊ ဆေး၊ ဆေးပစ္စည်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စက္ကူနှင့်စာရေးကိရိယာမျိုးစုံ၊ Plastic Articles ၊ Packing Materials ၊ တိရိစ္ဆာန်အစားအစာမျိုးစုံ၊ ပရဆေး၊ ရုပ်ရှင်နှင့် ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းများ၊ Plastic Resin၊ နို့ဆီ/နို့စိမ်း၊ မီးရထားနှင့် မီးရထားအပိုပစ္စည်းများ၊ စက်ဘီးနှင့် စက်ဘီးအပိုပစ္စည်းများ၊ လေယာဉ်အပိုပစ္စည်းများ၊ ဆပ်ပြာကုန်ကြမ်းများ၊ Bitumen၊ လူပုဂ္ဂိုလ်တစ်ဦးချင်းမော်တော်ယာဉ်ပါမစ်အထူးထုတ်ပေးမှု နှင့် စားအုန်းဆီ တို့ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင် တိုးမြှင့်လိုင်စင်လျှောက်ထားခွင့်ပြုခဲ့သော သွင်းကုန်ပစ္စည်းအမယ်များကတော့ (က) အလှကုန်ပစ္စည်းများ၊ တာယာ၊ (ခ) ဆောက်လုပ်ရေးပစ္စည်းအားလုံး၊ (ဂ) ကား၊ လေယာဉ်၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ (ဃ) စက်မှုကုန်ကြမ်း၊ စက်ဆီ၊ ချောဆီ၊ ဆပ်ပြာကုန်ကြမ်း၊ (င) စက်နှင့်စက်အပိုပစ္စည်း၊ အပ်ချုပ်စက်၊ မီးစက်၊ ရုံးသုံးကိရိယာ၊ ဂျင်နရေတာ တို့ဖြစ်ပါသည်။