ရီဗိုက်တယ် အားဆေး ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားကို ၂၀၁၄ခုနှစ် သြဂုတ်လ ၂၅ရက်နေ့က ရန်ကုန်မြို့၊ Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ မေလ ၁၄ရက်မှ ဇူလိုင်လကုန်ထိ ကံစမ်းမဲကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ပါဝင်ကံစမ်းစာအိတ်အရေအတွက် ၁၂၇၈၉စောင်ကို လက်ခံရရှိခဲ့တယ်လို့ သိရှိရပါတယ်။အခမ်းအနားကို Ranbaxy OTC ၏ Bussiness Unit Head ကိုကျော်ကိုကိုအောင် မှ အဖွင့်အမှာစကားပြောခဲ့ပြီး ရီဗိုက်တယ်ချစ်သူများအတွက် ကံထူးရှင်ရွေးချယ်ပွဲ ဖြစ်ပေါ်လာပုံအကြောင်းကို Marketing Manager မမိုးမမစံ မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အခမ်းအနားကို အနုပညာရှင် အဆိုတော် ရတနာမိုင် နဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး တက်ရောက်လာသော ဧည့်သည်တော် အနုပညာရှင်များအား ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ပါတယ်။
ဆုများအနေနဲ့ - ပထမဆု ၃ ဆုအဖြစ် iPhone 5S ၊ Samsung Galaxy S5၊ Samsung Galaxy Note 3 တို့ပေးအပ်ခဲ့ပါတယ်။ ဒုတိယဆု ၃ မျိုးကတော့ Samsung Galaxy Note 3 Neo ၊ Apple iPad Mini ၊ Lenovo Laptop တို့ဖြစ်ပြီး တတိယဆု ၁၀ ဆု ကတော့ Huawei G 730 ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်သိမ့်ဆု ၃၀၀ အဖြစ် မိုးကာအကျီ အထည် ၃၀၀ကိုပေးအပ်ခဲ့ပါတယ်။


