ဘဏ္ဍာရေးကုစားမှု၏ စိန်ခေါ်မှုများ

COVID-19 နှင့် ရင်ဆိုင်ရသည့်အချိန်တွင်ချမ်းသာသောနိုင်ငံများ၏ အစိုးရများအနေဖြင့် စီးပွားရေးကို ကျားကန်နိုင်ရန်အတွက် ငွေကြေးပမာဏမြောက်မြားစွာ စိုက်ထုတ်ကူညီမှုဖြင့်စတင်ခဲ့ရပါသည်။ ရလဒ်မှာစီးပွားရေးရုတ်ခြည်းကျဆင်းပြိုလဲမှုကို ခုသာခံသာ ဆောင်ရွက်နိုင်ပြီး ကုန်ဈေးနှုန်း၊ အလုပ်လက်မဲ့နှင့် အခြားဆိုးကျိုးများကို အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ယခုအခါ ထိန်းချုပ်မှုများကို ဖြေလျော့လာရသည်နှင့် စီးပွားရေးပြန်လည်ဦးမော့လာသည့်အရိပ်လက္ခဏာများ တွေ့လာရပြီဖြစ်ပြီး အစိုးရများအနေဖြင့်လည်း မည်သည့်အချိန်ထိ အထက်ပါဈေးကြီးသောဘဏ္ဍာရေးထောက်ပံ့မှုကို ဆောင်ရွက်နေရဦးမည်နည်းဆိုသည်နှင့် အစိုးရဘဏ္ဍာများမည်သို့ပြန်လည်ဖြည့်ဆည်းရမည်နည်းဆိုသည့် အဓိကစိန်ခေါ်မှုများ ဖြစ်လာပါတော့သည်။

ငွေကြေးပမာဏ အမြောက်အမြားထောက်ပံ့ခြင်းသည် ယေဘုယျတွင်အကျိုးရှိပြီး ဆင်းရဲမှုရာခိုင်နှုန်းမှာ နည်းပါးသွားသော်လည်း အမေရိကန်၏အလုပ်လက်မဲ့ပမာဏမှာ စံချိန်တင်ခဲ့လေသည်။ တစ်ဖက်ကလည်း သွားလာမှုထိန်းချုပ်ခြင်းကို လျော့ပေးနေချိန်တွင် COVID-19 ပျံ့နှံမှုမှာ ရပ်တန့်မသွားဘဲ ပိုမိုဆိုးရွားလာသည့်သဘောရှိရာ အထူးသဖြင့် အနောက်နိုင်ငံများတွင် ဗိုင်းရပ်စ်ဒုတိယလှိုင်း ပြန်ဖြစ်လာမည်ကို စိုးရိမ်နေကြချိန်တွင် မိမိတို့နိုင်ငံကို မည်သို့ကုစားရမည်နည်းဆိုသည်မှာ မေးခွန်းကြီးဖြစ်နေလေသည်။ ပထမအသုတ်ကူညီထောက်ပံ့မှုပမာဏမှာ နိုင်ငံ၏ GDP အနည်းဆုံး ၁၀ ရာခိုင်နှုန်းရှိရာ တစ်နည်းအားဖြင့် အလုပ်လက်မဲ့သုံးပုံတစ်ပုံနှင့် စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့နိုင်ခဲ့သော်လည်း နှစ်ကုန်လျင်ထိုအစိုးရများ၏ ဘဏ္ဍာရေးလိုငွေမှာ အနည်းဆုံးဂဏန်းနှစ်လုံးအဆင့်ရောက်နေမည် ဖြစ်ပါသည်။

အခြားစိန်ခေါ်မှုမှာ စီးပွားရေးကိုအချိန်ကြာမြင့်စွာထိန်းချုပ်ရန်မှာခက်ခဲလှခြင်းဖြစ်သည်။လက်ရှိတွင် E-commerce နှင့် အိမ်မှတစ်ဆင့်အလုပ်လုပ်ကိုင်ခြင်း တိုးတက်မှုမှလွဲ၍ ခရီးသွားလာမှုများ၊ စားသောက်ဆိုင်များ၊ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများအားလုံး ထိခိုက်နေပေသည်။ COVID-19 ကို ကြောက်ရွံ့ခြင်းနှင့်ငွေကြေးခြိုးခြံချွေတာရခြင်းတို့ကြောင့် ဝယ်လိုအားကျဆင်းမှုကို ကုစားရန် လိုအပ်နေပေသည်။ ထို့ကြောင့် အစိုးရတိုင်းငွေကြေးကူညီထောက်ပံ့ခြင်းအပြင် အလုပ်အကိုင်သစ်ရှာဖွေ ဖန်တီးရန်နှင့် ပုံစံအသစ်နှင့်နေမှုထိုင်မှုအသစ်ကိုရင်ဆိုင်နိုင်ရန် ပြင်ဆင်ပေးသင့်ပါကြောင်း ...

Ref : The Economist, Internet

မောင်သာ