အသိပညာရှင်များပြားသော ကျွန်တော်တို့နိုင်ငံ

COVID ကာလအလုပ်လုပ်နေသူအားလုံးနီးပါး Work from Home ပုံစံသစ်ဖြင့် နေထိုင်လုပ်ကိုင် သည့်ကာလတွင် ကျွန်တော်တို့နိုင်ငံတွင် အသိပညာရှင်များပြားလှကြောင်း Social Media များမှ တစ်ဆင့် ကြားသိလေ့လာရပါသည်။ မိမိသိသည့် အကြောင်းတရား၊ ဗဟုသုတကို ဝေမျှအသိပေးခြင်းသည် လွန်စွာကောင်းမွန်သောလုပ်ရပ်ဖြစ်ပါသည်။ သို့သော် အများစုမှာ –

က။ မိမိပြောဆိုနေသော အကြောင်းတရားများနှင့်ပတ်သက်၍ ဂဃနဏမသိဘဲ ကြားဖူးနား၀ သို့မဟုတ် စာဖတ်ထားရုံနှင့် ပြောကြားနေခြင်းဖြစ်ရာ လက်တွေ့အခြေအနေ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံအနေဖြင့် ဆက်စပ်မှုမရှိခြင်း၊

ခ။ တချို့ Speaker များအနေဖြင့် မိမိတို့ပြောဆိုနေသည့် နိုင်ငံတကာကုမ္ပဏီကြီးများ၏ အသံထွက်အမှန်ကိုပင် မထွက်နိုင်ခြင်း၊ အင်္ဂလိပ်အသံထွက်များ လွဲမှားနေခြင်း၊

ဂ။ မိမိသိရှိကြောင်း ပြောကြားခြင်းထက် ကြည့်ရှုနားထောင်သူများအတွက် ကျန်ရစ်နိုင်သည့် အချက်များ ထည့်သွင်းပြောဆိုနိုင်မှု အားနည်းခြင်းတို့သတိပြုမိပါသည်။

ထိုသို့ အသိပညာရှင်များပြားသည်ကို ကြိုဆိုသော်လည်း မိမိပြောဆိုသည့်အကြောင်း အရာများနှင့်ပတ်သက်၍ အိမ်စာကျေကျေညက်ညက် ပြင်ဆင်လေ့လာခြင်းဖြင့် ကြည့်ရှုလေ့လာ သူများအား အတတ်ပညာရှင်များဖြစ်ရန် မှန်ကန်သည့်နည်းလမ်းများဖြင့် ကူညီပေးနိုင်မည် ဖြစ်ပါကြောင်း … ။

မောင်သာ