က်သီးယပ်မစ်ကယ်ဆင် (Mathias Mikkelsen) ဟာ တစ်ချိန်က သူ့ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းတည်ထောင်ပြီး လည်ပတ်စေဖို့ ဗီရိုထဲမှာ သုံးလတိုင်တိုင် အိပ်စက်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်က အသက် ၂၃ နှစ်ရှိတဲ့ မက်သီးယပ်ဟာ Timely ဆိုတဲ့ အွန်လိုင်း စီမံကိန်းနဲ့ အချိန်စီမံခန့်ခွဲရေး tool တစ်ခုဖြစ်တဲ့ SME လုပ်ငန်းလေးကို အကောင်အထည်ဖော်ဖို့ နော်ဝေနိုင်ငံကနေ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ နည်းပညာမြို့တော် ဆီလီကွန်တောင်ကြားဒေသသို့ ပြောင်းရွှေ့အခြေချခဲ့ပါတယ်။
သူ့အတွက် ကြီးမားတဲ့ပြဿနာတစ်ခုပဲရှိတယ်။ အဲဒါက ပိုကျယ်ပြန့်တဲ့ ဆန်ဖ ရန်စစ္စကို ပင်လယ်အော်နယ်မြေမှာ သူ့အသိမိတ်ဆွေတစ်ယောက်မ ှမရှိသေးတာပဲ။''အဲဒါအချိန်တုန်းက နော်ဝေမှာ နည်းပညာဆိုင်ရာ SME တွေ သိပ်မရှိသေး တာကြောင့် ဆီလီကွန်တောင်ကြားကို ကျွန်တော်ပြောင်းရွှေ့အခြေချရင် အကောင်း ဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါတွေဟာ ကမ္ဘာ့နည်းပညာမြို့တော်ကြီးဖြစ် တယ်လေ'' လို့ သူကပြောတယ်။
''ဒါပေမဲ့ အဲဒီတုန်းက အဲ့ဒီမှာ ကျွန်တော့်အသိတစ်ယောက်မှ မရှိဘူးဗျ။ ဒီတော့ အဲ့ဒီကိုရောက်ရောက်ချင်း ကျွန်တော့်ရဲ့ အလိုအလျောက်အသိစိတ်က ပေါ်လာ တယ်။ ကျွန်တော်အရင်ဆုံးလုပ်ရမှာက မိတ်ဆွေတွေရှာဖို့ပဲ။ အဲ့ဒီနောက် သူများတွေ က အလုပ်ထဲမှာ ဒါမှမဟုတ် ကောလိပ်ကျောင်းမှာ မိတ်ဆွေရကြမှန်း ကျွန်တော်ရိပ်မိ တယ်။ ကျွန်တော်ကအလုပ်မလုပ်ဘူး။ ကျောင်းလည်း မတက်ချင်ဘူး'' လို့သူက ပြောပါတယ်။
မက်သီးယပ်ဟာ အထီးကျန်ဖြစ်တော့မယ်ဆိုတာ လျင်မြန်စွာသိလို့ ပါးနပ်တဲ့ အကြံတစ်ခုထုတ်တယ်။ ''Airbnb ကုမ္ပဏီရဲ့ အခန်းစပ်တူနေထိုင်ခွင့်ပြုတဲ့ လုံးချင်း အိမ်တွေမှာ ကျွန်တော်အခန်းငှားနေပြီး တစ်ပတ်တစ်ခါ လောက် တခြားနေရာပြောင်းနေခြင်းအားဖြင့် မိတ်ဆွေ တွေစပြီး ရလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်''လို့ သူက ပြောတယ်။ ကံကောင်းချင်တော့ သူ့စိတ်ကူးက အဆင် ပြေသွားတယ်။ နောက်ပိုင်းလတွေအတွင်း သူ့မှာ သူငယ် ချင်းအုပ်စု တစ်စုရရှိလာတယ်။ ဒါပေမဲ့ သူ့ရဲ့ နောက်စိန်ခေါ်မှုက ''ဟက်ကာစံအိမ်'' တစ်အိမ်ထဲမှာဝင်နေဖို့ဖြစ်တယ်။
''ဟက်ကာစံအိမ်'' ဆုတာက မက်သီးယပ်တို့ လို ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်း အဆိုပြုမှုတွေကိုအကောင် အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ဘဝတူ လူငယ်နည်းပညာ စွန့်ဦးထွင်လုပ်ငန်းရှင်ပေါက်စ အတော်များများ စုပေါင်း နေထိုင်တဲ့ အိမ်မျိုးဖြစ်တယ်။ သူတို့အချင်းချင်း ကူညီကြ ပြီး အကြံဉာဏ်တွေ၊ စိတ်ကူးတွေ အဆက်အသွယ်တွေ မျဝေနိုင်ဖို့ဖြစ်တယ်။ ၂၀၁၄ ခုနှစ် အလယ်ပိုင်းမှာ မယ်သီးယပ်ဟာ ဆီလီကွန်တောင်ကြားရှိ အဲ့ဒီလိုအိမ်မျိုးမှာ နေထိုင်ခွင့်ရသွားတယ်။ ဒါပေမဲ့ အဲ့ဒီအိမ်က ခုတင်အား လုံး လူပြည့်နေတယ်။ သူနေချင်ပါတယ်ဆိုရင် ပြတင်း ပေါက်မပါတဲ့ ဗီရိုကြီးထဲက လေဖြည့်မွေ့ရာပေါ်မှာပဲ အိပ်ရမယ်တဲ့။ ယခုအသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ မက်သီး ယပ်ဟာ အဲ့ဒီအခွင့်အရေးကို ဖမ်းဆုပ်လိုက်တယ်။ ''အဲ့ဒီ ဗီရိုကြီးထဲမှာ ကျွန်တော်သုံးလကြာအိပ်ခဲ့တယ်။ ကျွန် တော်ရူးမိုက်သလား။ ရှက်နေသလားဆိုတော့ ဘာမှ မဖြစ်ပါဘူး'' လို့သူကပြောတယ်။
''ဟက်ကာစံအိမ်မှာ နေထိုင်ရတာ တန်ဖိုးဖြတ်လို့မရနိုင်ဘူး။ စွန့်ဦးတီထွင်လုပ်ငန်းရှင် သိပ်ဖြစ်ချင် အောင် တွန်းအားပေးတယ်။ အဲ့ဒါက အင်မတန်မှ တန်ဖိုး မဖြတ်နိုင်တော့ အဲ့ဒါမရှိရင် ကျွန်တော် ဒီနေ့ ဒီနေရာကို မရောက်နိုင်ဘူး။'' လို့ သူကပြောတယ်။ ၂၀၁၉ ခုနှစ်မှာ တော့ သူ့ရဲ့ Timely (ဆော့(ဖ်)ဝဲ)ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ မှ ကုမ္ပဏီပေါင်း ၅၀၀၀ ကျော်က သုံးစွဲနေပြီဖြစ် တယ်။ နော်ဝေနိုင်ငံမြောက်ပိုင်းမှာ မွေးဖွားခဲ့တဲ့ မက်သီး ယပ်ဟာ မြို့တော်အော်စလိုရဲ့အပြင်ဘက်က မြို့လေး တစ်မြို့မှာ ကြီးပြင်းခဲ့ပါတယ်။ သူဟာ ငယ်ငယ်က ဆု ကြေးစား ဘောလုံးသမားဖြစ်ချင်ခဲ့တယ်။ အထူးသဖြင့် မန်ယူအသင်းမှာ ဝင်ကစားချင်တယ်။ ဒါပေမဲ့ ဆယ် ကျော်သက်အရွယ်ကျတော့ သူဟာကွန်ပျူတာအစီအစဉ် ရေးဆွဲမှု (programming) ကို ပိုကျွမ်းကျင်ကြောင်း သူ့ ဘာသာသိရတယ်။ သူဟာ အလယ်တန်းကျောင်းတက် နေတုန်းမှာ ကုမ္ပဏီတွေအတွက် ဝက်(ဘ်)ဆိုက်ဒီဇိုင်းရေး ဆွဲတာကို ကြေးစားအဖြစ် လက်ခံဆောင်ရွက်ခဲ့တယ်။ ''ကျွန်တော် ပထမဆုံးဝင်ငွေမရခင်အထိ မိဘတွေက ဒီအလုပ်လုပ်တာကို သိပ်ဘဝင်မကျကြဘူးဗျ''လို့ သူက ပြောတယ်။
အသက် ၁၈ နှစ်အရွယ်မှာ ကျောင်းထွက်ပြီး အော်စလိုမြို့ရှိ ဒီစ်ဂျစ်တယ် ဒီဇိုင်းကုမ္ပဏီအတော်များ များအတွက် သူလုပ်ကိုင်ပေးတယ်။ အဲ့ဒီထဲမှာ နော်ေ၀ လေကြောင်း ကုမ္ပဏီတွေရဲ့ လေယာဉ်ပျံပေါ် ဖြေဖျော်ရေး အစီအစဉ်စနစ် ဖန်တီးပေးခြင်း၊ ယူနီဆက်အဖွဲ့ကြီး အ တွက် ဖေ့(စ်) ဘွတ်မှတဆင့် လှုံ့ဆော်စည်းရုံးခြင်း စတာ တွေပါဝင်တယ်။ ဒါပေမဲ့ သူဟာ ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်ချင်တာရယ်၊ သူ့ကိုယ်ပိုင်စိတ်ကူးကို အကောင်အ ထည် ဖော်ချင်တာရယ်ကြောင့် Timely အက်(ပ်)ကို စတင် ဖန်တီးတယ်။ ၂၀၁၃ မေလမှာ အော်ခလိုမြို့မှာ နေထိုင် တုန်း အဲ့ဒါကို သူစတင်မိတ်ဆက်ဖြန့်ချိပေမဲ့ ဘာမှဖြစ်မ လာဘူး။ ဖေ့(စ်)ဘွတ်မှာ Like ပေးတာတွေရှိတယ်။ သူငယ်ချင်းတချို့က အားပေးတယ်။ ဒါပေမဲ့ တကယ့် ဖောက်သည်အစစ်၊ ဝယ်သူအစစ်တွေမရှိဘူး။ ကျွန်တာ် လုံးဝမအောင်မြင်ဘူး။ ကျွန်တော် စိတ်ရောကိုယ်ပါ နှစ်ပြီး နေ့ညမအိပ်လုပ်တယ်။ အဲ့ဒါကို မိတ်ဆက်ဖြန့် ချီပေမဲ့ ညဘက်မှာ ပုရစ်အော်သံတွေပဲ ကြားရတယ်။ ကျွန်တော်ကြေကွဲသွားတယ်။ စိတ်မောလူမောဖြစ်ရ တယ်''လို့ ရင်ဖွင့်တယ်။
မက်သီးယပ်ရဲ့ ဘဏ်စုဆောင်းငွေတွေလျော့ နည်းလာတော့ Timely အောင်မြင်မှုရဖို့ သူ့မှာ နောက်ဆုံး အခွင့်အရေးတစ်ခုပဲရှိတော့မှန်း သဘောပေါက်သွားတယ်။အဲ့ဒီတော့ သူကြီးမားစွာစွန့်စားပြီး လောင်းကစားရတယ်။ အော်စလိုရှိ သူ့တိုက်ခန်းကိုရောင်းပြီး ရန်ပုံငွေထပ်ရှာဖို့ ဆီလီကွန်တောင်ကြားကို ပြောင်းရွှေ့သွားတယ်။
ဟက်ကာစံအိမ်မှာ သူနေထိုင်ပြီး အိန္ဒိယမှပရိုဂရမ်မာတစ်ဦးနဲ့ အလုပ်တွဲလုပ်ခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့ ွှငာနူပ အက်(ပ်)ကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းမှာ ထပ်မံ မိတ်ဆက်ပါတယ်။ လစဉ်ကြေးပေးပြီး အဲ့ဒီအက်(ပ်)သုံးတဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြည်းဖြည်းတိုးပွားလာ တယ်။ နောက်တစ်နှစ်အကြာမှာ Memory ဆိုတဲ့ နာမည် ပြောင်းပြီး သူ့အလုပ်ကို အော်စလိုမြို့မှာ ပြန်လုပ်ဖို့ ဆုံးဖြတ်တယ်။ ''ကျွန်တော်အော်စလို ကထွက်ခွာခဲ့တုန်းက နည်းပညာဆိုင်ရာ SME တွေပေါ်ခါစဖြစ်တယ်။ အခု တော့ ဖွံ့ဖြိုးနေကြပြီ။ အော်စလိုဟာ နည်းပညာဆိုင်ရာ အမှုထမ်းတွေရှာဖို့ အကောင်းဆုံးနေရာဖြစ်နေပြီ''လို့ သူက ပြောတယ်။ ဗြိတိန်၊ အမေရိကန်နဲ့ နော်ဝေနိုင်ငံတွေမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက စုစုပေါင်း ရန်ပုံငွေဒေါ်လာ ၆သန်းထောက်ပံ့ထားတဲ့ Memory မှာ ယခုအခါ အမှု ထမ်း ၄၅ ဦးရှိပြီး နှစ်စဉ် ဒေါ်လာ ၂ သန်းဖိုးရောင်းနေ ရပါတယ်။
မက်သီးယပ်လို စွန့်ဦးထွင်လုပ်ငန်းရှင်တွေဟာ သာမန်ပြည်သူတွေနဲ့ နှိုင်းယှဉ်ရင် ထူးခြားတဲ့ မွေးရာပါ စာရိတ္တလက္ခဏာတွေပါ ရှိကြတယ်။ ဒီတော့ သူတို့ဟာ စွန့်စားမှုတွေ ပိုယူရဲကြပြီး အခွင့်အလမ်းတွေကို ဖမ်း ဆုပ်ကြတယ်။ ကုန်ပစ္စည်းထုတ်လုပ်ခါစ နှစ်တွေအတွင်း မှာဒူပေနာပေခံနိုင်ဖို့ အရေးကြီးတယ်။ ရှေ့အလားအလာ က အားရစရာမကောင်းတဲ့အခါ ကိုယ့်အားကိုယ်ကိုးပြီး ရှေ့ဆက်လုပ်နိုင်စွမ်းရှိရမယ်။ မိမိကိုယ်ကို အားကိုးဖို့ ကြံရည်ဖန်ရည်ရှိဖို့လိုတယ်။ ''SMEလုပ်ငန်းကို စတင်တည်ဆေက်ဖို့ ဆီလီကွန်တောင်ကြားမှာ ဗီရိုငှားပြီး အိပ်ခဲ့တာဟာ အောင်မြင်တဲ့ စွန့်ဦးထွင်လုပ်ငန်းရှင်ဖြစ်ဖို့ အတွက် သည်းခံနိုင်စွမ်းနဲ့ ရမ္မက်ဆန္ဒအတွက် အကောင်းဆုံးနမူနာလ့ို ကျွန်တော်ယူဆပါတယ်''လို့ ကာဒစ်(ဖ်)တက္ကသိုလ်၊ စွန့်ဦးထွင်ဘာသာဌာနမှ ပါမောက္ခဘရိုင် ယင်မော်ဂင်က ပြောပါတယ်။
''ဗီရိုထဲမှာသုံးလနေထိုင်ခဲ့တုန်းက တကယ့်ရူးချင်စရာကောင်းတဲ့အချိန်ဖြစ်ပေမဲ့ အရမ်းကောင်းပါတယ်။ ကျွန်တော်က နေ့စဉ် ၂၄ နာရီ အလုပ်လုပ်နေရတော့ ကျွန်တော်ဘယ်မှာ အိပ်အိပ်အရေးမကြီးပါဘူး''လို့ မက်သီးယပ်က ပြောပါတယ်။
Ref: BBC
နိုင်သီဟ